Saturday, April 26, 2008

အသောကရဲ့ အက္ခရာများ-၁၄

အတြ ပုန ၀ုတံ, တသ တသ အထသ မဓုရတာယ
ထပ်တလဲလဲ ပြောနေရတာ အနက်အဓိပ္ပါယ်က ချိုမြလွန်းလို့ပါ…။

အယံ ဓံမလိပိ ဒေ၀ါနံ ပိယေန ပိယဒသိနာ လာဉာ လေခါပိတာ၊ အထိ ယော သံခိတေန, အထိ မဈိမေန, အထိ ၀ိထဋေန၊ န စ သဗတြ သဗတ ဃဋိတံ၊ မဟံတေ ဟိ ၀ိဇိတေ, ဗဟုကေ စ လိခိတေ, လိခါပေသာမိ (စေ၀) နိတျံ၊ အထိ စ အတြ ပုန ၀ုတံ, တသ တသ အထသ မဓုရတာယ, ကိံတိ စ ဇနော တထာ ပဋိပဇေယာ’တိ၊ သော သိယာ ဧ၀ံ ပိ စ၊ တတြ ကိံစိ အသမတံ လိခိတံ, အသဒိသံ ၀ါ သံယေ ကရဏံ ၀ါ အာရောစယိတွာ လိပိကရာ’ ပရာဓေန။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားကြီး ရေးသားထားရှိစေတော်မူအပ်သည်၊ အသောကမင်းတရား စာတော်အရပ်ရပ်မှာ အကျဉ်းချုပ်အားဖြင့်၎င်း, အလတ်စားအားဖြင့်၎င်း, အကျယ်စားအားဖြင့်၎င်း အထူးထူး ရှိချေသည်။ ထို့ပြင်, အားလုံး စာတော်များ၌ အခြင်းခပ်သိမ်းအားလုံး အကြွင်းမဲ့အားဖြင့် မတူတန် မစပ်ဖက်သော အရာများလည်း ရှိလေသည်၊
ထိုသို့ ဖြစ်ရပုံအကြောင်းမှာ--ကျယ်ဝန်းစွာလှသော တိုင်းနိုင်ငံကြီး အတွင်း၌ မြောက်မြားလှစွာသော တရားစာတော်များကို အမြဲးမပြတ် နိစ္စဗဒ် ရေးသားစေတော် မူလေသည်။ ထို့ပြင် ထိုတရား စာတော်များ၌ အဖန်ဖန် အထပ်ထပ် ပြဆိုချက် ပြောကြားချက်များလည်း ပါရှိလေသည်၊ ထိုသို့ဖြစ်ရခြင်းမှာ ထိုထိုတရားစကားဆိုင်ရာ ပြောဆိုရေးကိစ္စ၏့ ချိုသာသောကြောင့်၎င်း, ထိုသို့သော အလို အထူးထူးဖြင့် ထိုသို့ညွှန်ပြတိုင်း လူအပေါင်းတို့ ကျင့်ဆောင်လိုက်နာစေရန်၎င်း, ထိုသို့သော အကြောင်းများကြောင့် ဤသို့ဖြစ်၏။ ထိုတရားစာတော်များ၌ အနည်းငယ် မတူမမျှသော ရေးသားချက် စကားအသွား ရှိရသည့် အကြောင်းကား မတူကွဲးလွဲသော တရားစကား အကျဉ်းချုပ် ပြုလုပ်ပြောကြားချက်များကို တဆင့်မိန့်ပြန်ပြောကြား ရေးသားစေရာ၌ မှားယွင်း ရေးသားမိသောကြောင့် ဖြစ်လေသည်။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)

ဤတရားကဗျည်းကို နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ရေးသားစေတော်မူ၏။ အချို့ အကျဉ်းအားဖြင့်ရှိ၍ အချို့ အလယ်အလတ်အားဖြင့်ရှိပြီးလျှင် အချို့ အကျယ်အားဖြင့် ရှိလေ၏။ ခပ်သိမ်းသော ကဗျည်းတို့ကို ခပ်သိမ်းသော အရပ်တို့အဖို့ စီမံထားသည်မဟုတ်။
နိုင်ငံတော်သည် အလွန် ကျယ်ဝန်း၍ ရေးခဲ့ပြီးသော ကဗျည်းတို့သည်လည်း များစွာ၏။ အစဉ်မပြတ်လည်း ကဗျည်းတို့ကို ရေးစေဦးအံ့။ အချို့ကဗျည်းတို့ကို အထပ်ထပ်အခါခါ ရေးထိုးစေသည်မှာ ဆိုလိုရင်း အနက်၏ ရသာပေါ်၍ လူတို့ လိုက်နာကျင့်ဆောင်စေခြင်းငှာ ဖြစ်၏။ အချို့ကဗျည်းတို့အား မပြည့်မစုံ မှားမှားယွင်းယွင်း သံသယဖြစ်စေအောင် ရေးထိုးလျက်ရှိသော် ရေးထိုးသူ၏ အပြစ်ဟု အောက်မေ့ရာ၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

ဒေ၀ါနံ ပိယ ပိယဒသီမင်းသည် ဤတရားစာတို့ကို အကျဉ်း, အလတ်နှင့် အကျယ်အားဖြင့် ရေးစေ၏။ အကြောင်းကား တရားစာအားလုံးတို့သည် အရပ်, ဒေသအားလုံးတို့အတွက် မဟုတ်သောကြောင့် ဖြစ်၏။ တိုင်းကြီးပြည်ကြီး အများအပြားကို အောင်မြင်၍ များစွာသော စာတို့ကိုလည်း ရေးစေခဲ့၍ ရေးစေဦးမည်။ တခုတည်းသော စာကို အကြိမ်ကြိမ် အခါဆိုခဲ့သည်မှာ အနက်အဓိပ္ပါယ် ပေါ်လွင်ထင်ရှားစေရန်နှင့် လူတို့လိုက်နာ ကျင့်သုံးစေရန်ဖြစ်၏။ ထိုတွင် မပြည့်စုံခြင်း, ယုံမှားဖွယ်နှင့် အချို့ကြွင်းကျန်နေပါလျှင် စာရေးသူ၏ အပြစ်သာဖြစ်သည်ဟု မှတ်ယူရမည်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

'This scripture of the Law of Piety has been written by command of His Sacred Majesty the King, [in a form] sometimes condensed, sometimes of medium length, and sometimes expanded ; and everything is not brought together everywhere. For great is my dominion, and much has been written, and much shall I cause to be written. And certain phrases have been uttered again and again by reason of the honeyed sweetness of this topic or that, in the hope that the people may act accordingly. It may be that something may have been written incompletely by reason of mutilation of a passage, or of misunderstanding, or by a blunder of the writer.'
(Asoka, the Buddhist Emperor of India- V. A. Smith)

These religious edicts have been caused to be inscribed by His Sacred and Gracious l Majesty the King in abridged, medium, or expanded form. Nor, again, was all executed (or suitable) everywhere. Vast is the conquered country, much is already written and much shall I get written. There is also here something said again and again for the sweetness of the topics concerned that the people should act accordingly. There sometimes might also be writing left unfinished, taking into account the locality, or fully considering the reasons, or by the lapses of the scribe.
(Asoka-R.K. Mookerji)


This inscription of Dhamma was engraved at the command of the Beloved of the Gods, the king Piyadassi. It exists in abridged, medium-length, and extended versions, for each clause has not been engraved everywhere. Since the empire is large, much has been engraved and much has yet to be engraved. There is considerable repetition because of the beauty of certain topics, and in order that the people may conform to them. In some places it may be inaccurately engraved, whether by the omission of a passage or by lack of attention, or by the error of the engraver.
(Asoka and the decline of the Mauryas- Romila Thapar)


This religious edict has been caused to be inscribed by king Priyadarsi, the Beloved of the Gods, either in precise, medium or enlarged form. Because everything is not proper for every place. Vast is my empire, and much is already inscribed and much will I get inscribed. There is also something here which has been repeated again and again for the sweetness of their import; but why?—in order that men may act accordingly. But it may be sometimes that it may have been written in an incomplete manner, taking into account the space (available), the brevity (of expression), or due to the mistake of the scribe.
(Inscriptions of Asoka- N. P. Rastogi)

1 comment:

စိုးထက် - Soe Htet ! said...

အဆင့်ဆင့် ရေးရတာဆိုတော့ မလွယ်ဘူးလေ ... အမှားအယွင်း ရှိနိုင်တာပေါ့ :)