Tuesday, April 15, 2008

အသောကရဲ့ အက္ခရာများ-၈

ပျော်ခဲ့ဖူးပါသည်။ မြူးခဲ့ဖူးပါသည်။ စိုခဲ့ဖူးပါသည်။ ရွှဲခဲ့ဖူးပါသည်။ ပိတောက်ရနံ့များနဲ့ ယစ်မူးခဲ့ဖူးပါသည်။ တချိန်တခါဆီက သင်္ကြန်များ…။



ငြိမ်းခဲ့ဖူးပါသည်။ အေးခဲ့ဖူးပါသည်။ ကြည်ခဲ့ဖူးပါသည်။ ရွှင်ခဲ့ဖူးပါသည်။ ညောင်ညိုပင်ရိပ်မှာ ချွေးသိပ်ခဲ့ဖူးပါသည်။ တရံတခါဆီက သင်္ကြန်များ…။



အပျော်လမ်း…
အငြိမ်းလမ်း…
လျှောက်…လှမ်း…မဆုံးနိုင်သော သင်္ကြန်ခရီး တစ်နှစ်ပြီးတစ်နှစ်…။

ဒီကျောက်စာမှာလဲ ခရီး နှစ်မျိုး..
ဝိဟာရယာတ..ပျော်ပွဲစားထွက်ခြင်း၊
ဓမ္မယာတ…တရားခရီးထွက်ခြင်း၊
မြန်မြန်သွားရင် မြန်မြန်ရောက်မှာပါပဲ…။


အတိကံတံ အံတလံ ရာဇာနော ၀ိဟာရ-ယာတံ နာမ နိခမိသု၊ ဣဟ မိဂ၀ိယာ အံနာနိ စ ဧဒိသာနိ အဘိရမာနိ အဟံသု၊ သေ ဒေ၀ါနံ ပိယော ပိယ-ဒသိရာဇာ ဒသ၀သာ’ဘိသိတော သံတော နိခမိ သံဗောဓိံ၊ တေ ‘နေသာ ဓံမ ယာတာ အတြ (အယံ) ဟောတိ၊ သမဏဗြာဟ္မဏာနံ ဒသနေ စ ဒါနေ စ ထေရာနံ ဒသနေ စ ဟိရံဏ-ပဋိဝိဓာနေ စ ဇန-ပဒသဇနသ ဒသနေစ ဓံမ’နုသဌိ စ ဓံမ ပရိပုဆာ စ တတော’ ပယာ ဧသာ ဘူယ ရတိ (အဘိရာမော) ဟောတိ၊ ဒေ၀ါနံ ပိယသ ပိယဒသိနော ရဥော ဘာဂေ အံဉေ ။

ရှည်လျားစွာသော ကာလပတ်လုံး ဘုရင်မင်းမြတ်တို့သည် ကျောင်းကန် ဘုရားသို့ ထွက်စံ ဖူးမျှော်ခြင်းမည်သည်ကို ပြုတော်မူလေ့ ရှိကြကုန်ပြီ၊ ဤသို့ ထွက်စံတော်မူရာ၌ သားသမင် လိုက်လံပစ်ခတ် ပျော်ပါးခြင်း, ထိုမှတပါး ဤနှင့် အလားတူ ပျော်ပါးမြူးထူးခြင်းတို့လည်း ပါဝင်ကြကုန်ပြီ၊ ထိုသို့သော မင်းတို့ ခရီးထွက်စံ ကြွမြန်းခြင်း အလေ့များအတိုင်း မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် အဘိသိက်သွန်း၍ ဆယ်နှစ်မြောက်အခါ ဘုရားလျာတို့၏ သစ္စာပန်း လေးဆင့် ဖြစ်ပွင့် သိမြင်ကြရာ မဟာဗောဓိပင်သို့ ခရီးလှည့်လည် ထွက်စံခြင်း ပြုလေပြီ၊ ထို့ကြောင့် ဤနေရာ၌ တရားအခွင့် သင့်မြတ်သော ထွက်စံကြွရောက်ခြင်း ဖြစ်လေသည်။
ထိုကဲ့သို့ ထွက်စံတော်မူရာ ဤအရပ်ဋ္ဌာန၌ ရဟန်းပုဏ္ဏားတို့ကို ကြည့်ရှုဖူးမျှော်ရခြင်း, ၎င်းတို့အား လှူဒါန်းရခြင်း, အသက်အရွယ် အိုမင်းသူ, သီလစသော ဂုဏ် မြောက်များသူတို့အား တွေ့မြင်ဖူးမျှော်ရခြင်း, ရွှေပြားစသည် (စေတီဗုဒ္ဓိုးတို့၌) မွန်းမံရခြင်း, ဇနပုဒ်သူ, ဇနပုဒ်သားတို့နှင့် တွေ့ဆုံဆွေးနွေးရခြင်း, တရားစကား ဟောညွှန်ဆုံးမရခြင်း, တရားစကား ပြောကြား ဆွေးနွေးရခြင်းများ ဖြစ်ပွားလေပြီ၊ ထိုအားလုံးသည်ကား ကျောင်းကန်ဘုရားသို့ ထွက်ကြွလှည့်လည်ခြင်းမှ စင်စစ် တိုးပွားသည့် မွေ့လျော ပျော်ပါးဖွယ်များ ဖြစ်လေသည်၊ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်၏့ ဤသို့သော ကုသိုလ်အဖို့တို့ကို ငါဘုရင်မှတပါး အခြားသော နတ်လူဗြဟ္မာတို့အား အမျှညီစွာ ပတ္တိဒါန ပြုပါသတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)


ရှေးလွန်လေပြီး ကာလတို့၌ နတ်တို့ချစ်မြတ်နိုးသူခေါ် (မင်း)တို့သည် အပျော်အပါး (တောကစား)ထွက်ခြင်းဟုခေါ်သော ခရီးထွက်ခြင်းကို ပြုလေ့ရှိကြ၏၊ ဤသို့ခရီးထွက်ရာ၌ အမဲလိုက်ခြင်းနှင့် အခြားနည်းတူ အပျော်အပါးတို့ ရှိကုန်၏။
နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် အဘိသိက်ခံသည်၏ ဆယ်နှစ်မြောက်၌ မဟာဗောဓိသို့ ခရီးထွက်တော်မူ၏။ ထိုသို့ထွက်ခြင်းကား တရားခရီးထွက်ခြင်းဖြစ်၏။ ဤသို့ထွက်ရာ၌ ရဟန်းပုဏ္ဏားတို့အား ဖူးမြော်ခြင်း ရွှေအသပြာတို့ကို ခွဲဝေပေးကမ်းခြင်း၊ ဇနပုဒ်တို့၌ နေကုန်သော ဇနပုဒ်သားတို့အား တွေ့မြင်ခြင်း၊ တရားတော်၌ ဆုမ္မသြ၀ါဒပေးခြင်း၊ တရားတော်နှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းခြင်းတို့ကို ပြုပိ၏။ ဤသည်တို့သည် အမဲလိုက်ခြင်းစသော အပျော်အပါးတို့ထက် မင်းကြီးအား ပို၍ နှစ်သက်စေ၏။ ဤကား နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ ထူးခြားသော ကံပေတည်း။
(အသောကကျောက်စာများ-ဦးဖိုးလတ်)


ရှေးအခါက ဒေဝနံ ပိယတို့သည် အပျော်အပါးထွက်ကြရာ၌ တောကစားခြင်းနှင့် အခြားပျော်မွေ့ဖွယ်တို့ကို ပြုလုပ်ကြ၏။ ဒေ၀ါနံပိယ ပိယဒသီမင်းသည် အဘိသိက်ခံ၍ ၁၀နှစ်မြောက်၌ မဟာဗောဓိသို့ သွား၏။ ယင်းသို့ သွားခြင်းကား တရားခရီးထွက်ခြင်းပင် ဖြစ်၏။ ရဟန်းပုဏ္ဏားတို့အား ဖူးမျှော်ခြင်း, ပေးကမ်းလှူဒါန်းခြင်း, လူကြီးများနှင့် တွေ့ဆုံခြင်း, ရွှေတို့ကို ဝေဖန်ခြင်း, ဇနပုဒ်တို့ကို ကြည့်ရှုခြင်း, လူအများနှင့် တွေ့ဆုံခြင်း, တရားအဆုံအမပေးခြင်း, တရားဆွေးနွေးခြင်းတို့ကို ပြုလုပ်၏။ ဤတရားခရီးသည် တောကစားခြင်းစသော အပျော်ခရီးထွက်ခြင်းထက် သာလွန်နှစ်သက်ဖွယ်ကောင်း၏။ ဤကား ဒေ၀ါနံပိယ ပိယဒသီမင်း၏ အဘို့တပါးတည်း။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

'In times past Their Sacred Majesties used to go out on so-called “tours of pleasure." In those tours hunting and other similar amusements used to be practiced.
His Sacred and Gracious Majesty the present King, after he had been consecrated ten years went out to Bodh Gaya or "towards supreme knowledge”).
Thence arose “tours of piety.” In them this is the practice-- visiting ascetics and Brahmans, with liberality to them; visiting elders, with largess of gold; visiting the people of the country, with instruction in the Law of Piety, and discussion of that Law.
Consequently, since that time a different portion constitutes the pleasuring of His Sacred and Gracious Majesty the King.'
(Asoka, the Buddhist Emperor of India- V. A. Smith)


In past periods, Their Sacred Majesties used to go out on so-called Viharayatras (excursions for enjoyment). In these were hunting and other similar diversions. But His Sacred and Gracious Majesty the present King, when he had been consecrated ten years, went out to the place of Sambodhi, whence these Dharmayatras as in which are the following: visits and gifts to Brahmans and Sramanas ; visits and gifts of gold to the elders; visits to the people of the country, instructing them in morality, and discussions with them on same as suitable thereto.
This becomes a great delight, an additional portion, of His Sacred and Gracious Majesty the King. (Asoka-R.K. Mookerji)


In the past, kings went on pleasure tours, which consisted of hunts and other similar amusements. The Beloved of the Gods, the king Piyadassi, when he had been consecrated ten years, went to the tree of Enlightenment. From that time arose the practice of tours connected with Dhamma, during which meeting are held with ascetics and brahmans, gifts are bestowed, meeting are arranged with aged folk, gold is distributed, meetings with the people of the countryside are held, instruction in Dhamma is given, and questions on Dhamma are answered. The Beloved of the Gods, the king Piyadassi, derives more pleasure from this, than from any other enjoyments.
(Asoka and the decline of the Mauryas- Romila Thapar)


In the times gone by, kings used to go out on pleasure tours. It included hunting and other similar diversions. But now, king Priyadarsi, the Beloved of the Gods, went to Sambodhi when he had been consecrated ten years. Hence this Dhamma-Yatra. This includes visits and charity to Brahmanas and Srmanas; visits and gold gifts to the aged; visits to the people of the empire instructing them in Dharma and holding discussions on it. This great delight produced from it is the extraordinary luck of king Priyadarsi, the Beloved of the Gods.
(Inscriptions of Asoka- N. P. Rastogi)


3 comments:

ein said...

ကျောက်စာရဲ့ခရီးနှစ်မျိုးထဲက ဘယ်ခရီးကိုသွားမလဲ အကို အက္ခရာ ...း)

စိုးထက် - Soe Htet ! said...

ဓမ္မယာတ…တရားခရီးထွက်ခြင်း၊

မြန်မြန် လျှောက် လို့ မြန်မြန်ရောက်ပါစေ ခင်ဗျာ :)

နတ္ထိ said...

ခြေဦးတည့်ရာကို သွားမလား…
Follow my noseလား…
ရောက်ရှိကြောင်းတော့ သတင်းပို့မှာပါဗျာ…။