Showing posts with label အသောကကျောက်စာ. Show all posts
Showing posts with label အသောကကျောက်စာ. Show all posts

Saturday, June 28, 2008

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ-၄)


စာရေးခြင်းအတတ်ပညာမှာ အစဆိုတာတော့ ရှိမယ်ထင်တယ်။ မြသန်းတင့်ရဲ့ Art of Writingဘာသာပြန်ထဲမှာ အစဆိုတာကို ဒီလို ဖွဲ့ထားတယ်။

“ငယ်ငယ်တုန်းက လှပတဲ့ပစ္စည်းတခုကို အခြားတစ်ခုခုက ဖုံးကွယ်ထားတာမြင်ရင် အဲဒီဖုံးကွယ်ထားတာကို ဖယ်ရှားပစ်ချင်တဲ့စိတ်မျိုး ပေါ်ခဲ့တယ်တဲ့။ အဲဒီလို ဖုံးကွယ်ခံထားရတဲ့ အလှအပကို “အကျဉ်းချခံထားရတဲ့ အလှ”လို့ သူက ခေါ်ခဲ့တယ်။ အကျဉ်းကျခံထားရတဲ့ အမှန်တရားတစ်ခုကို လွတ်မြောက်အောင်လုပ်ပေးဖို့ စိတ်ဆန္ဒမျိုးဖြစ်တယ်ဆိုတာကို သူ အဲဒီတုန်းက မသိခဲ့ဘူးတဲ့။”

အင်း…သူပြောလို့ပဲ။ နို့မို့ရင် စာစရေးတာ ကကြီးခကွေးကလို့ ထင်စရာ။ ဗြဟ္မဏီအက္ခရာ အရေးအဖတ် သင်ခဲ့ရတာ ၂နှစ်ပြည့်တော့မယ်။ ဒီဗြဟ္မဏီမှာလဲ က, ခ စတဲ့ အက္ခရာတွေပဲ။ အတိတ်က အရိပ်လေးတွေကို ပြန်လွမ်းမောမိတယ်။ ငယ်ငယ်တုန်းက ကကြီးခကွေး ဘယ်သူသင်ပေးခဲ့လဲ မမှတ်မိတော့ဘူး။ ကကြီးခကွေး စရေးတတ်တဲ့အချိန်မှာ အမေရော အဖေပါ အနားမှာ မရှိတာတော့ အသေအချာ မှတ်မိတယ်။ ကံကြမ္မာဆိုတာ ဆန်းကြယ်သား။ ရှိစေတော့။ အခုတော့ အသောကအက္ခရာများနဲ့ပဲ နှစ်ပါးသွားလိုက်ပါအုံးမယ်။

အသောကအက္ခရာများ ၁၇, ၁၈, ၁၉တို့ကို အသောကကျောက်ဆောင်စာငယ်လို့ ခေါ်တယ်။ အားလုံးကို ဗြဟ္မဏီအက္ခရာ, ပရာကရစ်ဘာသာစကား အသုံးပြုပြီး ရေးထားတယ်။ အသောကရဲ့ အက္ခရာများ-၁ရကို Bahapur, Bairat, Ahraura, Rupnath, Gujarra, Sahasram, Maski, Gavimath, Palkigundu, Erragudi, Rajula-Mandgiri, Brahmagiri, Siddapur, Jatinga-Ramesvara,ဆိုတဲ့ နေရာတွေမှာ တွေ့တယ် (နေရာတွေကို google mapနဲ့ ဘလော့ဂ်အောက်ခြေမှာ ပြထားတယ်)။ ဒီကျောက်စာမူဟာ တစ်ခုနဲ့တစ်ခု နည်းနည်းပါးပါးပဲ ကွာတယ်။ တစ်ချို့ကျောက်စာတွေက အပျက်အစီး မရှိဘူး။ တစ်ချို့ကတော့ တစ်ပိုင်းတစ်စပဲ ကျန်တယ်။ ဒါပေမယ့် မူတစ်ခုထဲဆိုတာကို တွက်ဆလို့ရတယ်။ အသောကရဲ့ အက္ခရာများ-၁၈ကိုတော့, Erragudi, Rajula-Mandgiri, Brahmagiri, Siddapur, Jatinga-Ramesvaraနေရာတွေမှာ တွေ့တယ်။ Erragudi မှာ ပဓာနကျောက်ဆောင်စာရော ကျောက်ဆောင်စာငယ်ရော ၂မျိုးလုံး ရှိတယ်။ အသောကရဲ့ အက္ခရာများ-၁၉ကိုတော့ Bairatမှာ တွေ့တယ်။ ဒီဒေသမှာ တွေ့တာ ၂ခု ဖြစ်နေလို့ Bairat-Bhabruကျောက်စာလို့ ဒီကျောက်စာကို ခေါ်ကြတယ်။ အခုတော့ ဒီကျောက်စာကို Calcutta မြို့က Asiatic Society of Bengalပြတိုက်မှာ သိမ်းထားတယ်။ အကြောင်းညီညွတ်ရင် ဒီကျောက်စာအကြောင်းကို ပိုစ့်တွေ အတော်များများ ရေးဖြစ်မယ်ထင်တယ်။


အက္ခရာတွေ ကျန်သေးတယ်နော်…

Wednesday, June 25, 2008

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ-၃)

ဗုဒ္ဓစာပေတွေထဲက ကုရုတိုင်း ကမ္မာသဓမ္မမြို့ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အရှေ့တောင်ဘက်ပိုင်းမှာ တည်ရှိခဲ့တယ်လို့ အိန္ဒိယရှေးဟောင်းသုတေသနဌာနက အတည်ပြုထားတယ်။ အဲဒီမြို့ငယ်လေးမှာ မြတ်ဗုဒ္ဓဟာ အာနဉ္ဇသပ္ပါယသုတ္တန်, မဟာနိဒါနသုတ္တန်, မဟာသတိပဋ္ဌာနသုတ္တန်, မာဂဏ္ဍိယသုတ္တန်, အရိယ၀ါသသုတ္တန်, သမ္မသသုတ္တန်တွေကို ဟောကြားခဲ့တယ်။ နာမည်အကြီးဆုံးကတော့ မဟာသတိပဋ္ဌာနသုတ္တန်ပါ။ ကုရုတိုင်းဟာ ဥတုအဟာရမျှတပြီး တိုင်းသူပြည်သားတွေကလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ ဉာဏ်ပညာ ထက်မြက်ကြတဲ့အတွက် သိမ်မွေ့နက်နဲလှတဲ့ မဟာသတိပဋ္ဌာနသုတ္တန်ကြီးကို နားလည်သဘောပေါက်ကြတယ်လို့ ဆိုတယ်။ ဗုဒ္ဓစာပေထဲမှာတော့ ကမ္မာသဓမ္မနဲ့ ပတ်သက်ပြီး အကြောင်းအရာ အတော် များများရှိပါတယ်။



ယမုနာမြစ်ကမ်းနံဘေးက ခေတ်သစ် ဒေလီမြို့မှာ အန္ဒိယအစိုးရ အုပ်ချုပ်မှုယန္တရား တည်ရှိနေသလို ဘာသာတရားပေါင်းစုံ လွှမ်းခြုံတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ အမြောက်အများ သမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေပါတယ်။ ဒီအထဲမှာ အသောကကျောက်စာတစ်ခုလဲ ပါတယ်။ ဒီကျောက်စာကို အသောကဟာ ကုရုတိုင်း ကမ္မာသဓမ္မဒေသမှာ ရေးထိုးထားခဲ့တာလို့ ရှေးဟောင်းသုတေသနပညာရှင်တို့က သတ်မှတ်ထားကြတယ်။ ဒီကျောက်စာမူကတော့ “အသောကရဲ့ အက္ခရာများ-၁ရ”ပါ။





ဒီနေရာလေးကို ခဏခဏ ရောက်တယ်။ ဒေလီမြို့က သမိုင်းဝင်နေရာတွေထဲမှာ မြန်မာတွေအနေနဲ့ လွမ်းမောဖွယ်ရာ အကောင်းဆုံးနေရာလေးပါ။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကြွရောက်သီတင်းသုံးတော်မူခဲ့ပြီး တရားဒေသနာတော်တွေ ဟောကြားသွားခဲ့တဲ့ နေရာမှာ ငြိမ်းအေးသိမ်မွေ့တဲ့ ဓမ္မဓာတ်တွေ ပျံနှံ့နေတယ်ဆိုတာ အသေအချာပါပဲ။ နေရာလေးက ရိုးရိုးလေးပဲ။ ရွှေရောင်ငွေရောင် တပြောင်ပြောင်နဲ့ မဟုတ်ဘူး။ လူနေရပ်ကွက်ထဲ ရောက်နေတော့ တချိန်တုန်းက ဒီနေရာဟာ ဒေသခံတွေရဲ့ တပိုတပါးသွားတဲ့နေရာဖြစ်နေလို့ (Indianတော်တော်များများက အဲဒီကိစ္စကို အဆင်ပြေတဲ့နေရာမှာ ရှင်းလေ့ရှိတယ်။ တစ်ခြားနိုင်ငံတွေအကြောင်းတော့ မသိဘူး။ မြန်မာနိုင်ငံနဲ့ ယှဉ်ရင်တော့ သူတို့က စံပဲ။) ဧည့်သည်တွေ လာတဲ့အခါ ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း မစီးဖြန်းနိုင်ဘဲ ပဋိကူလသညာ ဘာဝနာပွားများတဲ့ နေရာဖြစ်ခဲ့တယ်။ အခုတော့ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အဖြစ်သတ်မှတ်ပြီး တံတိုင်းအကာအရံတွေ လုပ်လိုက်တော့မှ အဆင်ပြေသွားတယ်။






ကျောက်တောင်ကုန်းလေးတစ်ခုပေါ်မှာ မာဂဓဒေသသုံး ပရာကရစ်ဘာသာစကားကို ဗြဟ္မဏီအက္ခရာနဲ့ ဘီစီ-၃ရာစုနှောင်းပိုင်းမှာ ရေးထိုးထားပြီး ၁၉၆၆မှာ ရှာတွေ့ခဲ့တဲ့ ဒီကျောက်စာဟာ အခုအချိန်မှာတော့ ဖတ်လို့ မရနိုင်လောက်အောင် မှုန်ဝါးနေပါပြီ။

“ပကမေ ဟောတု”

“ကြိုးစားအားထုတ်ကြကုန်လော့…”

ဒီကျောက်စာပါ စကားလုံးလေးတွေက မှတ်သားစရာ။ တကယ်တော့ အက္ခရာစာလုံးတွေသာ မှုန်ဝါးဝါးဖြစ်နေတာပါ။ သဘောတရားကတော့ ထာဝရ သစ်လွင်ပြောင်မြောက်နေဆဲပါပဲ…။


အက္ခရာတွေ ကျန်သေးတယ်နော်…

Sunday, June 22, 2008

အသောကရဲ့ အက္ခရာများ-၁၉

အသောကကျောက်စာတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ကျောက်စာတစ်ခုလို့ ဆိုနိုင်တယ်။ ဒီကျောက်စာနဲ့ ပတ်သက်ပြီး စာတစ်စောင် ပေတစ်ဖွဲ့ ရေးထားကြတာတွေ အများကြီး။ နောက်မှ အကျယ်တ၀င့် ရေးတာပေါ့။ အခုတော့ အရင် ကျောက်စာသန့်သန့်ပဲ ဖတ်ကြည့်ပါအုံး။

ပိယဒသိ လာဇာ မာဂဓေ သံဃံ အဘိဝါဒနံ အာဟာ။ အပါဗာဓတံ စ ဖာသုဝဟာလတံ စာ။
ဝိဒိတေ ဝေ ဘံတေ အာဝတကေ ဟမာ ဗုဓသိ ဓံမသိ သံဃသီ တိ ဂါလဝေ စ ပသာဒေ စ။ ဧ ကေစိ ဘံတေ
ဘဂ၀တာ ဗုဓေန ဘာသိတေ သဝေ သေ သုဘာသိတေ ၀ါ ဧ စု ခေါ ဘံတေ ဟမိယာယေ ဒိသေယာ ဟေ၀ံ သဓံမေ
စိလဌိတီကေ ဟောသတီ တိ အလဟာမိ ဟကံ တံ ၀တဝေ။ ဣမာနိ ဘံတေ ဓံမပလိယာယာနိ ၀ိနယသမုကသေ
အလိယ၀သာနိ အနာဂတဘယာနိ မုနိဂါထာ မောနေယသူတေ ဥပတိသပသိနေ ဧ စာ လုဃုလော-
ဝါဒေ မုသာဝါဒံ အဓိဂိဈ ဘဂ၀တာ ဗုဓေန ဘာသိတေ ဧတာနိ ဘံတေ ဓံမပလိယာယာနိ ဣဆာမိ
ကိံတိ ဗဟုကေ ဘိခုပါယေ စာ ဘိခုနိယေ စာ အဘိခိနံ သုနေယု စာ ဥပဓာလေယေယု စာ
ဟေ၀ံမေ၀ါ ဥပါသကာ စာ ဥပါသိကာ စာ။ ဧတေန ဘံတေ ဣမံ လိခါပယာမိ အဘိဟေတံ မေ ဇာနံတူ တိ။

ပိယဒသီမည်သော အသောကမင်းတြားကြီးသည် မဂဓတိုင်း အတွင်းရှိ သံဃာတော်များသို့ ကပ်ရောက်ဖူးမျှော် ရှိခိုးလျက်, အနာရောဂါ ကင်းရှင်းစွာ နေထိုင်သီတင်းသုံးတော်မူ ကြရပါ၏လောဟု မေးလျှောက်လေပြီ၊ သံဃာများက ရောဂါကင်းကြောင်း, ချမ်းသာစွာ နေရကြကြောင်းကို ပြန်ကြား သိရပြီးနောက်, အရှင်ဘုရားတို့, အကျွနုပ်သည် ဘုရားတရား သံဃာတော် ဤ၃မျိုး၌ အလွန်ကြည်ညိုလေးစားခြင်း ဖြစ်ပါသည်။ အရှင်ဘုရားများ, ဘုရားရှင် ဟောကြားတော်မူခဲ့သမျှ တရားတော်သည် အားလုံးပင် ကောင်းစွာ ဟောကြားထားချက်သာ ဖြစ်ပါပေ၏။ အိုအရှင်ကောင်းများ, ဤတရားဒေသနာတော်များအနက် သူတော့်တရား ရှည်လျားစွာ တည်တန့်နိုင်ကြောင်းဖြစ်၍ အကျွနုပ် တကာတော် ကိုယ်တိုင်လည်း ကျေးဇူးဖြစ် ကျင့်စွမ်းနိုင်လောက်သော တရားတော်စုကို ဟောကြားတော်ကြပါကုန်။
အို သံဃာတော် အရှင်မြတ်တို့, ဘုရားရှင် နှုတ်တော်ထွက် ၀ိနည်းပိဋကတ်တော်၌ အရိယ၀ံသတရားတော်, အနာဂတဘယဒေသနာတော်, ထိုမှတပါး မောနေယျအကျင့်ကိုပြရာ မောနေယျပဋိပဒါသုတ်၊ (တနည်း- ရဟန်းအဖြစ် မုနိမည်ကြောင်း ဟောရာ ဂါထာများနှင့် မောနေယျ ပဋိပဒါသုတိ) ဥပတိဿမည်သော အရှင်သာရိပုတ္တမထေရ်မြတ်အား သုစိမုခီပုရိပိုဒ်မ ကြည်ညိုသော သုစိမုခီသုတ်, သို့မဟုတ် ဥပတိဿက ဘုရားအား ကြည်ညိုသော သမ္ပသာဒနီယသုတ် (သို့မဟုတ် အရှင်သာရိပုတ္တထေရ်၏့ အမေးဖြစ်သော သာရိပုတ္တသုတ်) နှင့် မုသာဝါဒကို အကြောင်းပြု၍့ ဟောတော်မူသော ရာဟုလောဝါဒသုတ်, အရှင်ဘုရားတို့, ဤတရားတော်များကို မည်သို့အားဖြင့် ရဟန်းယောင်္ကျား ရဟန်းမိန်းမတို့ မပြတ်နာယူ ဆောင်ရွက်ကုန်အံ့နည်း, ဥပါသကာ, ဥပါသိကာမအပေါင်းတို့လည်း ထို့အတူ အဘယ်သို့ မပြတ်ဆောင်ယူကုန်မည်နည်းဟု တကာတော် အလိုအာသာရှိပါ၏။ အိုအရှင်ကောင်းတို့ ဤတရားတော်တို့ကို အစွဲးပြု၍့ ဤယခုပြောကြားလျှောက်ထားချက်ကို ရေးသားစေပါ၏။ ဤသို့အားဖြင့် တကာတော်၏့ အလိုဆန္ဒကို အများသိမြင်ကြပါလိမ့်မည်ဟု လျှောက်ထားလေပြီ။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)


ပိယဒသီမင်းကြီးသည် မာဂဓတိုင်း၌ သံဃာတော်တို့အား ရိုသေစွာ ရှိခိုး၍ လျှောက်ထားသည်မှာ
အသျှင်တို့သည် အနှောင့်အရှက်ကင်းသည်ဖြစ်၍ ကျန်းမာချမ်းသာစွာ နေကြရပါ စေကုန်သတည်း။
တကာတော် မင်းကြီးသည် ဖုရား၌၎င်း တရား၌၎င်း သံဃာ၌၎င်း အဘယ်မျှ ရိုသေမြတ်နိုးကြည်ညိုသည်ကို အသျှင်တို့ အသိဖြစ်ပါသည်။
အိုအရှင်တို့ ဖုန်းတော်ကြီးမြတ်တော်မူသော ဗုဒ္ဓဖုရားသျှင် ဟောကြားတ်ာမူခဲ့သော တရားတော်အပေါင်းတို့သည်ကား ကောင်းစွာ ဟောကြားတော်မူခဲ့သည်ချည်းသာဖြစ်၏။ ထိုတရားတော်တို့တွင် အကြင်တရားတော်တို့သည် ကောင်းမြတ်သော တရားတော်ဖြစ်၍ ရှည်မြဲစွာ တည်ထိုက်သည်ဟု တကာတော် သိမြင်ခဲ့အံ့။ ထိုတရားတော်တို့ကို ကြေငြာလတံ့။
အိုအသျှင်တို့ ဤသည်တို့သည်ကား (ဆိုအပ်ခဲ့သော) တရားတော်တို့၏ အစိတ်အပိုင်း ကျမ်းဂန်တို့ပေတည်း။
ဝိနယသမုက္ကံသ၊ အရိယ၀ံသ၊ အနာဂတဘယ၊ မုနိဂါထာ၊ မောနေယျသုတ္တ၊ ဥပတိသပသိန၊ ရာဟုလောဝါဒ (မုသာဝါဒကို အကြောင်းပြု၍ ဖုန်းတော်ကြီးမြတ်တော်မူသော ဖုရားသျှင် ဟောကြားတော်မူသည်)။
ထိုတရားကျမ်းဂန်တို့အား များစွာစော ရဟန်းတော် ဘိက္ခူတို့သည်၎င်း ရဟန်းတော်မ ဘိက္ခုနီတို့သည်၎င်း မပြတ်မလတ် ကြားနာ၍ စိတ်၌ မှတ်သားဆောင်ထားကြရန် တကာတော် အလိုရှိပါ၏ဖုရား။ လူယောကျာင်္း လူမိန်းမ (ဥပါသကာ၊ ဥပါသိကာ)တို့သည်လည်း ထိုနည်းတူစွာ ကြားနာ မှတ်သား ဆောင်ထားကြပါစေကုန်သတည်း။
တကာတော်၏ ရည်ရွယ်ချက်ကို အားလုံးသိနားလည်ကြစေရန် ဤကဗျည်းကို ရေးသားစေ၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)


ပိယဒသီမင်းသည် မာဂဓတိုင်းသံဃာကို ရှိခိုးလျှောက်ကြား၏။ အနာရောဂါ မရှိမူ၍ ချမ်းသာစွာ နေရပါစေသတည်း။ အရှင်တို့ ဘုရား, တရား, သံဃာ၌ ကျွန်ုပ်၏ ရိုသေမြတ်နိုးခြင်းကို အရှင်တို့ သိကြပါ၏။ အရှင်တို့ မြတ်စွာဘုရား ဟောကြားသော တရားတို့သည် ကောင်းစွာ ဟောကြားထားခြင်းတို့ ဖြစ်ပါ၏။ အရှင်တို့ ထိုတွင် သူတော်ကောင်းတရား အဓွန့်ရှည်ရန် ဟောကြားသော တရားအချို့ကို ကျွန်ုပ် ညွှန်ကြားပါမည်။
အရှင်တို့ ယင်းတရားတို့မှာ ၀ိနယသမုသက, အရိယ၀ံသ, အနာဂတဘယ, မုနိဂါထာ, မောနေယသုတ်, ဥပတိသပသိနနှင့် မြတ်စွာဘုရား မုသာဝါဒနှင့် စပ်လျဉ်း၍ ဟောကြားသော ရာဟုလောဝါဒတို့ ဖြစ်ပါသည်။ ဤတရားတို့ကို ကျွန်ုပ် လိုလားပါသည်။
အဘယ်ကြောင့်နည်းဟူမူ များစွာသော ဘိက္ခု, ဘိက္ခုနီတို့ မပြတ်နာယူကျင့်ဆောင်ရန်နှင့် ဤနည်းတူ ဥပါသကာ, ဥပါသိကာတို့ နာယူကျင့်ဆောင်ရန်ဖြစ်ပါသည်။ အရှင်တို့ ကျွန်ုပ်၏ အလိုဆန္ဒကို သိကြစေရန် ယင်းအကြောင်းကို ရေးသားစေပါသည်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

His Grace" the King of Magadha addresses the Church with greetings and bids its members prosperity and good health. 'You know, Reverend Sirs, how far extend my respect for and faith in the Buddha, the Sacred Law, and the Church. Whatsoever, Reverend Sirs, has been said by the Venerable Buddha, all of that has been well said. However, Reverend Sirs, if on my own account I may point out (a particular text), I venture to adduce this one: "Thus the Good Law will long endure." Reverend Sirs, these passages of the Law, to wit:
1 The Exaltation of Discipline (Vinaya-samukkase);
2 The Course of Conduct of the Great Saints (Aliyavascini);
3 Fears of what may happen (Andgata-bhaydni);
4 The Song of the Hermit (Muid-ydtka);
5 The Dialogue on the Hermit's Life (Money a- stile);
6 The Questioning of Upatishya (Upatisa-pasine);
7 The Address to Rahula, beginning with the Subject of Falsehood (Ldyhulovdde musdvddam adhigidhya) spoken by the Venerable Buddha these, Reverend
Sirs, I desire that many monks and nuns should frequently hear and meditate; and that likewise the laity, male and female, should do the same. For this reason, Reverend Sirs, I cause this to be written, so that people may know my intentions (abhipretam).'
(Asoka, the Buddhist Emperor of India- V. A. Smith)


His Gracious Majesty, King of Magadha, saluting the Sangha, and wishing them all health and happiness, addresses them as follows: Known is it to you, Reverend Sirs, to what extent is my reverence as well as faith in the Buddha, the Dharma and the Samgha. Whatsoever has been said, Reverend Sirs, by the Lord
Buddha, all that has of course been well said. But of such, what has been selected by me that the True Dharma may be everlasting I may be privileged to state. The following, Reverend Sirs, are the passages of the scripture:
1. The excellent treatise on Moral Discipline (Vinayasamukasa)*
2. The course of conduct followed by the sages modes of ideal life (Aliyavasdni)*
3. Fears of what may come about in future (Andgatabhaydni) dangers threatening the Sahgha and the doctrine.
4. Poem on “Who is a hermit?" (Muni-gatha).
5. Discourse on Quietism (Mauneya-sute).
6. The Questions of Upatisya (Upatisa-pasine).
7. The Sermon to Rahula l beginning with the Sermon on Falsehood, as delivered by the Lord Buddha (Ldghulovdde musdvddam adhigichya).
These sections of the Dharma, Reverend Sirs, I desire that most of the reverend monks and nuns should repeatedly listen to and meditate, and in the same way, the lay-disciples, male as well as female (should act). For this reason, Reverend Sirs, am I causing this to be inscribed that they may know of my intention.
(Asoka-R.K. Mookerji)


The king of Magadha, Piyadassi, greets the Order and wishes it prosperity and freedom from care. You know Sirs, how deep is my respect for and faith in the Buddha, the Dhamma and the Samgha [i.e. the Buddhist creed]. Sirs, whatever was spoken by the Lord Buddha was well spoken. And Sirs, allow me to tell you what I believe contributes to the long survival of the Buddhist Dhamma. These sermons on Dhamma, Sirs—the Excellence of the Discipline, the Linage of the Noble One, the Future Fear, the Verses of the Sage, the Sutra of Silence, the Questions of Upatissa, and the Admonition spoken by the Lord Buddha to Rahula on the subject of flase speech—these sermons on the Dhamma, Sirs, I desire that many monks and nuns should hear frequently and meditate upon, and likewise laymen and laywomen. I am having this engraved Sirs, so that you may know what I desire.
(Asoka and the decline of the Mauryas- Romila Thapar)


King Priyadarsi, of Magadha having saluted the Samgha wishes them good health and happiness and says: “ You know, respected sirs, how firm is my faith and reverence in the Buddha, Dharma and Samgha. Respected Sirs, whatever has been said by the Enlightened Buddha all that has been well said. But, respected sirs, if I may suggest (anything) so that the noble Dharma may thus survive long, I may be given to opportunity to speak. These, respected sirs, the passages of the (holy and ) religious texts; Vinaya Samuksa, Aliya Vamsas, Anagatabhayas, Munigatha, Moneya Suta, Upatisa Pasina and, the sermon preached to Rahula by the Enlightened Buddha regarding ‘flasehood’. These religious texts, respected sirs, I wish the monks and nuns to regularly listen to and concentrate upon. The lay men and women devotees should act similarly. It is for this matter, respected sirs, that I have caused it to be inscribed so that they may know my desire.
(Inscriptions of Asoka- N. P. Rastogi)


King Priyadarsin of Magadha, having sluted the Samgha, wishes them good health and comfortable (bodily) movement. Ye know, Reverend Sirs, how great are my respect and kindliness towords Buddha, Dhamma and Samgha. Whatever, Reverend Sirs, has been said by the Blessed Buddha—all that has been well said. But, Reverend Sirs, if I may point out (anything) in order that the sublime Dhamma may thus endure long. I deem it proper to speak it out. Reverend Sirs, these are the text of Dhamma: (1) Vinaya-samukasa, (2) Aliya-vamsas, (3) Anagatabhayas, (4) Muni-gatha, (5) Moneya suta, (6) Upatisa-pasina, and (7) the Sermon to Rahula delivered by the Blessed Buddha concerning ‘falsehood.’ These texts of Dhamma, Reverend Sirs, I desire the majority of monks and nuns to constantly listen to and meditate upon. They laymen and laywomen (should do) similarly. It is for this reason, Reverend Sirs, that I am causing this to be engraved: in order that they may know my wish.
(Asoka- D.R. Bhandarkar)

အက္ခရာတွေ ကျန်သေးတယ်နော်…

Friday, June 20, 2008

အသောကရဲ့ အက္ခရာများ-၁၈

ကျောက်စာတွေ ဖတ်ရတာ မောရောပေါ့။ ဒီတစ်ခါ တိုတိုရှင်းရှင်းလေးပါ။ ဒါပေမယ့် အသက်ရှည်ကြောင်း နည်းလမ်းကောင်းတွေပါတယ်။

သေ ဟေ၀ံ ဒေ၀ါနံပိယေ
အာဟ။ မာတာပိတိသု သုသူသိတ၀ိယေ။ ဟေ၀မေ၀ ဂရုတွ ပြဏေသု ဒြဟျိတ၀ျံ။ သစံ
ဝတ၀ိယံ။ သေ ဣမေ ဓံမဂုဏာ ပ၀တိတ၀ိယာ။ ဟေ၀မေ၀ အံတေ၀ါသိနာ
အာစရိယေ အပစာယိတ၀ိယေ ဉာတိကေသု စ ကုယ(ထာ) ရဟံ ပ၀တိတ၀ိယေ။
ဧသာ ပေါရာဏာ ပကိတီ ဒိဃာဝုသေ စ ဧသ ဟေ၀ံ ဧသ ကဋ၀ိယေ။
စပဍေန လိခိတံ လိပိကရဏေ။


ထို့ကြောင့် မင်းတကာတို့ လေးစားချစ်ကြည်အပ်သော အသောကမင်းတြားကြီး ဤသို့ ပြန်ကြားတော်မူလေပြီ၊ အမိ အဘတို့ စကားကို နားထောင်လိုက်နာရာ၏။ ဤအတူပင် ဆရာသမား, (အသက်အရွယ် ကြီးသူတို့ စကားကို လိုက်နာရာ၏။ အဆွေခင်ပွန်း, ချစ်ကျွမ်းဝင်သူ, ဆွေမျိုးဉာတိတို့၌၎င်း, ကျေးကျွန်အစေခံ အမှုလုပ်အထိ၎င်း ကောင်းစွာ ကျင့်ရာ၏။ သတ္တ၀ါတို့ကို ညှင်းဆဲးသတ်ဖြတ်ခြင်းကို မပြုအပ်၊) စကားကို ဖြောင့်မှန်စွာ ပြောဆိုအပ်၏၊ ထိုသို့အားဖြင့် ဤတရား၏ ဂုဏ်ကျေးဇူးကို ဤသို့ လိုက်နာ ကျင့်ဆောင်ရာ၏၊ ဤသို့လျှင် ဆရာသမား အပေါ်၌ တပည့်ကောင်းသည် ကျိုးနွံစွာ ကျင့်ဆောင်အပ်၏။ ဆွေညာသင်္ဂဟတို့ အပေါ်၌လည်း (ကောင်းစွာ ကျင့်ရာ၏၊) ဤသည်ကား ရှေးသူဟောင်းစဉ်လာ ကျင့်ကြံလိုက်နာသော တရားလမ်းတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)


နတ်တို့ချစ်မြတ်နိုးသော မင်းကြီး မိန့်တော်မူသည်မှာ--
မိဖတို့အား ရိုသေကျိုးနွံရာ၏၊ ထိုနည်းတူစွာ သတ္တ၀ါတို့အား လေးစာသော စိတ်ကို ရင့်သန်စေရာ၏၊ အမှန်ကို ပြောဆိုရာ၏။ ဤတရားတော်၏ ဂုဏ်တို့ကို ပြန့်နှံ့စေရာ၏။
ထိုနည်းတူစွာ တပည့်တို့သည် ဆရာတို့အား ရိုသေမြတ်နိုးရာ၏။ အဆွေအမျိုးတို့အားလည်း လျောက်ပတ်စွာ ပြုစုရာ၏။
ဤသည်တို့သည်ကား အသက်ကို ရှည်စေသော ရှေးဟောင်းကျင့်စဉ် တရားရင်းတို့ပေတည်။ ဤသို့ တရားတော်ရှိသည်အတိုင်း ကျင့်သုံးရာ၏။ (စာရေး စပဍ ရေးထိုး၏)
(အသောကကျောက်စာများ-ဦးဖိုးလတ်)


ဒေ၀ါနံပိယသည် ဤသို့ မိန့်ဆို၏။ အမိအဖတို့၌ ကိုးကွယ်ဆည်းကပ်ရာ၏။ ဤအတူ သတ္တ၀ါတို့၌ လေးစားမှု အမြဲ ပြုရာ၏။ အမှန်သစ္စာကို ပြောဆိုရာ၏။ ဤတရားဓမ္မဂုဏ်ကျေးဇူးကို ပြန့်နှံ့အောင် ပြုရာ၏။ ဤအတူ အန္တေ၀ါသိကတပည့်သည် ဆရာသမားကို ရိုသေစွာ ဆည်းကပ်ရာ၏။ ဆွေမျိုးဉာတကာနှင့် အမျိုးသားတို့၌ သင့်တင့်လျောက်ပတ်စွာ ပြုကျင့်ရာ၏။ ဤသည်တို့ကား ရှေးပေါရာဏဓမ္မလမ်းကြောင်း အသက်ရှည်ကြောင်းတို့ဖြစ်၍ လိုက်နာကျင့်ဆောင်ကြရမည်။ ပဋမည်သော စာရေးသူရေး၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)


Thus saith His Sacred Majesty (Devanaihpiya): ' Father and mother must be hearkened to; similarly, respect for living creatures must be firmly established; truth must be spoken. These are the virtues of the Law which must be practiced. Similarly, the teacher must be reverenced by the pupil, and fitting courtesy must be shown to relations.' This is the ancient nature of things this leads to length of days, and according to this men must act.
Written by Pada the scribe.
(Asoka, the Buddhist Emperor of India- V. A. Smith)


Thus saith again His Sacred Majesty: Father and mother must be properly served; likewise, a respect for all life should be an established principle, truth must be spoken. These religious requisites or virtues must be promoted.
Likewise the preceptor must be reverenced by his pupil and proper treatment should be shown towards relations. This is the traditional rule of conduct, and this makes for long life. Thus should one act. Written by the scribe Chapada.
(Asoka-R.K. Mookerji)


Even thus saith the Beloved of the Gods: “Father and mother must be properly respected; similarly, respect for all living beings should be a definite principle; Truth must be spoken.” These (fundamentals or) virtues of religion should be propagated. Likewise, the preceptor should be revered by the disciples; and relatives should be given due regard. This is the conventional law of conduct and this is long enduring. Hence it should be followed. Inscribed by Pada the scribe.
(Inscriptions of Asoka- N. P. Rastogi)

Even thus saith the Beloved of the gods: “Father and mother shall be hearkened to: Likewise, respect for living creatures shall be made firm. Truth should be spoken.” These are the qualities of Dhamma which ought to be practiced. Likewise, the preceptor shall be reverenced by the pupil; and one should behave onself fittingly towards the blood-relatives. This is primeval nature; and this is long-enduring. Hence it should be acted upon. Written by Pada the scribe.
(Asoka- D.R. Bhandarkar)

အက္ခရာတွေ ကျန်သေးတယ်နော်…

Tuesday, June 17, 2008

အသောကရဲ့ အက္ခရာများ-၁ရ

“နှုတ်တစ်ရာ စာတစ်လုံး” ဆိုတဲ့စကားက တခါတလေ “စာတစ်လုံး နှုတ်တစ်ရာ” ဖြစ်သွားနိုင်တယ်။
ဘီစီ ၃ရာစုက အသောကကျောက်စာ တစ်လုံးတစ်ပါဒကို ပညာရှင်တွေ ဝေဖန်လေ့လာသုံးသပ်ကြတဲ့အခါ မတူညီတဲ့ အယူအဆလေးတွေကို ဘာသာပြန်တွေ ဖတ်ကြည့်ရင် တွေ့နိုင်ပါတယ်။ တစ်ချို့ကျောက်စာတွေကို မူတစ်ခုပဲ ရှာတွေ့တယ်။ တစ်ချို့ကိုတော့ နေရာအနှံ့မှာ မူအမျိုးမျိုး တွေ့ရတယ်။ ရှာမတွေ့တာတွေလဲ အများအပြား ရှိနိုင်တာပဲ။ ပဲ့ရွဲ့မှုန်ဝါးပျက်စီးတာတွေလဲရှိတော့ မူရင်းကျောက်စာရေးထိုးသူရဲ့ သဘောထားနဲ့ နှီးနှောတိုက်ဆိုင်ဖို့ နှစ်ပေါင်းအတော်ကြာ အကြီးအကျယ် ကြိုးစားထားရမယ့်သဘောကို အခုမှ မတောက်တခေါက်နဲ့ လေ့လာမိတဲ့ သူတစ်ယောက်ကတောင် သဘောပေါက်မိပါတယ်။ အင်း…ဒီတော့ ရှေးက ပညာရှင်တွေ စိုက်ပျိုးခဲ့လို့ ဖြစ်ထွန်းလာတဲ့ အသီးအပွင့်တွေကို စားသုံးရအုံးမှာပါ။ နောင်တစ်ချိန်မှာတော့ ကိုယ်တိုင် စိုက်ပျိုးခွင့် ကြုံတဲ့အခါ အခွင့်အရေးကို လက်မလွှတ်နဲ့ပေါ့။

သုဝံဝဂိရီတေ အယပုတသ မဟာမာတာနံ စ ၀စနေန ဣသိလသိ မဟာမာတာ အာရောဂိယံ ၀တ၀ိယာ ဟေ၀ံ စ ၀တ၀ိယာ ဒေ၀ါဏံပိယေ အာဏာပယတိ။
အဓိကာနိ အဎါတိယာနိ ၀သာနိ ယ ဟကံ ဥပသကေ နော တု ခေါ ဗာဎံ ပကံတေ ဟုသံ ဧကံ သ၀ဆရံ။ သာတိရေကေ တု ခေါ သံဝဆရံ
ယံ မယာ သံဃေ ဥပယီတေ ဗာဎံ စ မေ ပကံတေ။ ဣမိနာ စု ကာလေန အမိသာ သမာနာ မုနိသာ ဇံဗုဒီပသိ
မိသာ ဒေဝေဟိ။ ပကမသ ဟိ ဣယံ ဖလေ။ နော ဟီယံ သကျေ မဟာ တ္ပေနေ၀ ပါပေါတဝေ။ ကာမံတု ခေါ ခုဒကေနပိ
ပကမမိဏေဏ ၀ိပုလေ သွဂေ သကျေ အာရာဓေတဝေ။ ဧတာယဌာယ ဣယံ သာဝဏေ သာဝါပိတေ
ယထာ ခုဒကာ စ မဟာတ္ပာ စ ဣမံ ပကမေယု တိ အံတာ စ မေ ဇာနေယု စိရဌိတီကေ စ ဣယံ
ပကမေ ဟောတု။ ဣယံ စ အဌေ ၀ဎိသိတိ ၀ိပုလံ ပိ စ ၀ဎိသိတိ အ၀ရဓိယာ ဒိယဎိယံ
ဝဎိသိတိ။ ဣယံ စ သာဝဏေ သာဝါပိတေ ၀ျုထေန ၂၀၀ ၅၀ ၆

သုဝဏ္ဏ-ဂိရိမြို့၌ တည်နေ၍့ အရှင် မင်းတြား၏ သားတော် စကား, အမတ်ကြီးတို့၏ စကားဖြင့် ဣ(သိ) လ၀သိ အမတ်ကြီးသည် မပျက်မကွက် လိုက်နာရမည်၊ မင်းတကာတို့ ချစ်ကြည် လေးစားအပ်သော အသောကမင်းတြားကြီး ဤသို့ မိန့်ကြားတော်မူပြီ၊ ငါ မင်းမြတ်သည် လက်မွန်မဆွ ၂နှစ်ခွဲးကျော် ကာလပတ်လုံး ရတနာ ၃ပါးကို ကိုးကွယ် ဆည်းကပ်သော ဥပါသကာဖြစ်သော်လည်း မြဲးစွဲးစွာ ဆည်းကပ်သော ဥပါသကာ တဦးကား မဟုတ်သေးချေ၊ တနှစ်ကို လွန်သောအခါ၌ကား ငါ, မင်းမြတ်သည် သံဃာတော်များထံ ဆည်းကပ်လေသော်, ၎င်းတို့ထံလည်း ငါမင်းမြတ်သည် မြဲးစွဲးကောင်းမွန်စွာ ကပ်ရောက်လေသော်, ဤအခါ၌ကား (ရှေးအခါ) ဤဇမ္ဗူဒိပ်ကျွန်း၌ လူမျိုးလူဇတ်ဖြစ်လျက် နတ်တို့နှင့် နှီးနှောနိုင်ခြင်းကား ဤလူ့အဖြစ်က အားထုတ်ခြင်း၏့ အကျိုးတည်း၊ ထိုသို့သော အကျိုးကို ကြီးကျယ် မြောက်မြားသော လုံ့လဖြင့်သာ ရရောက်ရန် စွမ်းနိုင်ကြသည် မဟုတ်ကုန်, သေးငယ်နုံနဲ့သော အားထုတ်ခြင်းဖြင့်လည်း ပြန့်ပြော ကြီးကျယ်သော ချမ်းသာကို ရ၍့ နတ်ပြည်၌ နစ်ခြိုက်ရန် စွမ်းနိုင်ကုန်၏၊ ဤအတ္ထုပ္ပတ်တို့ကို ကြားသိတော်မူရ၏။
ငါမင်းမြတ် ကြားသိတော်မူရသကဲ့သို့ (ဤလူ့ပြည်၌) ငယ်ရွယ်သူ ဖြစ်စေ, အိုမင်းသူဖြစ်စေ ဤနတ်ရွာ ရောက်ကြောင်းတရားကို အားထုတ်ကြစေ၊ ထို့အတိုင်းလည်း ငါ့စကားကို သိနားလည်ကြစေ၊ ဤနည်းကိုသာ ပြုလုပ်၍့, ရှည်မြင့်စွာ အားစိုက်ကြစေ၊ ယင်းသို့ အားထုတ်ခြင်းသည် ထိုအကျိုးကို တိုးစေလတ္တံ့၊ နှစ်ဆထပိုး တိုးတက်ပြန့်ပွားသော အကျိုးကိုလည်း တိုးတက် ပွားစီးစေလတ္တံ့၊ မချွတ်လျှင် ၂ဆ ထပိုး တိုးပွားလတ္တံ့၊ ဤသို့သော အကြောင်းအရာကို တောင်တို့အထက်၌ ရေးသား တည်ထားအပ်၏၊ (၀ါသတဟဓ) အရပ် ကျောက်တိုင်ထက်၌ ရေးသားစေအပ်၏၊ ဤသို့သော တရား သိမှတ်ကြောင်း စာတော်ဖြင့်လည်း (တွေ့မြင် သိနားလည်သမျှ သူတို့သည် ပြုကျင့် လိုက်နာစေသတည်း၊ ဤမိန့်မြွက်ချက် တရားစာတော်ကို ထုတ်ပြန်ပြီးလျှင်, ပြောကြားစေခြင်း, ပြောကြားရန် အားထုတ်စေသူ ထားရှိစေခြင်း-- ဤနှစ်မျိုးကို ပြည့်စုံစွာ အမြဲး အခိုင် အားထုတ် နှိုးဆော်စေရန် မြဲးစွဲးစွာ ထားရှိစေ၏၊ ဤအဓိပ္ပါယ်ကို တောင်ထက်တို့၌ လည်းကောင်း ထိုအတူ ကျောက်တိုင်တို့၌လည်းကောင်း ရေးသားစိုက်ထားစေအပ်၏။……
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)


သုဝဏ္ဏပြည်ရှိ အသျှင် သားတော်နှင့် အမတ်ကြီးတို့၏ စကားဖြင့် ဣသိလပြည်ရှိ အမတ်ကြီးတို့အား ကျန်းမာကြောင်း နှုတ်ဆက်ပြီးသော် ဤသို့ မိန့်ကြားရာ၏။
နတ်တို့ချစ်မြတ်နိုးသော မင်းကြီး အမိန့် ထုတ်ပြန်တော်မူလိုက်သည်မှာ--
ငါသည် နှစ်နှစ်ခွဲကျော်မျှ ဥပသကာ ဖြစ်ခဲ့သော်လည်း တစ်နှစ်တာမျှ ကောင်းစွာ အားမထုတ်ခဲ့ချေ။ သို့ရာတွင် တစ်နှစ်ကျော်လောက်က သံဃာတော်အား ဆည်းကပ်ပြီးသော် ကောင်းစွာ အားထုတ်ခဲ့လေပြီ။ ဤမျှတိုင် ကာလအတွင်း ဇမ္ဗူဒီပါကျွန်း၌ လူတို့သည် နတ်တို့နှင့် နှီးနှောခြင်း မရှိခဲ့ဖူးသော်လည်း ယခု နတ်တို့နှင့် နှီးနှောလျက်ရှိချေပြီ။ ဤကား ငါ၏ လုံ့လအကျိုးပေတည်း။ ဤအကျိုးကို ကြီးမြင့်သူတို့သည်သာ ခံစားနိုင်သည် မဟုတ်၊ သေးငယ်သူတို့ပင်လည်း ကြိုးစားအားထုတ်ခြင်းဖြင့် ကြီးကျယ်သော နတ်ပြည်စည်းစိမ်ကို ခံစားနိုင်ချေ၏။
ဤအလို့ငှာ ဤစာတမ်းကို ထုတ်ပြန်တော်မူသည်။ သေးငယ်သူတို့သည်၎င်း၊ ကြီးမြင့်သူတို့သည်၎င်း ဤညွှန်ကြားချက်အတိုင်း ကြိုးစားအားထုတ်ကြကုန်လော့။ ငါ၏နိုင်ငံအစွန်အပသားတို့သည်လည်း ဤအကြောင်းကို သိကြပါစေကုန်သတည်း။ ဤသို့ အားထုတ်ခြင်းသည်လည်း ရှည်မြင့်စွာ တည်ပါစေသတည်း။ ဤလုပ်ငန်းစဉ်သည်လည်း ပွားတိုးလတံ့။ ဖွံ့ဖွ့ံဖြိုးဖြိုးပင် ပွားတိုးလတံ့။ ယုတ်ဆွအဆုံး နှစ်ဆခွဲမျှပင် ပွားတိုးလတံ့။
ဤပြန်တမ်းကို တိုင်းခမ်းလှည့်လည်စဉ် ၂၅၆ကြိမ်တိုင် ထုတ်ပြန်ခဲ့လေပြီ။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

သုဝဏ္ဏဂိရိမှ မင်းသားနှင့် အမတ်ကြီးတို့၏ စကားဖြင့် ဣသိလပြည်ရှိ အမတ်ကြီးတို့အား ကျန်းမာခြင်း သတင်းကို မေးပြီး ဤစကားကို ပြောကြားကြလော့။
ဒေ၀ါနံ ပိယ မှာကြားလိုက်၏။ ငါသည် ၂နှစ်ခွဲ အလွန်က တပည့်သာဝက ဖြစ်ခဲ့သော်လည်း ကောင်းစွာ ကြိးစား အားထုတ်ခြင်း မရှိခဲ့။ ၁နှစ်ခွဲအလွန်မှ သံဃာကို ကိုးကွယ်ဆည်းကပ်ပြီး ငါသည် ကောင်းစွာ ကြိုးစားအားထုတ်၏။ ဤအတွင်း ဇမ္ဗူဒီပါကျွန်းမှာ နတ်တို့နှင့် အဆက်အသွယ် မရှိခဲ့၊ ယခုအခါ ဆက်သွယ်နှီးနှောနေ၏။ ယင်းသည် ငါ၏ ကြိုးစားအားထုတ်ခြင်း အကျိုးကျေးဇူးပင်ဖြစ်၏။ ဤအကျိုးကို လူကြီးတို့သာ ရသည်မဟုတ်၊ လူငယ်သည်လည်း ကြိုးစားအားထုတ်လျှင် ပြန့်ပြောသော နတ်စည်းစိမ်ကို ခံစားနိုင်၏။
ဤအကျိုးတရားကို ကြားသိစေရန် ဤစကားကို ပြောကြားခြင်းဖြစ်၏။ သို့ကြောင့် လူငယ်ဖြစ်စေ, လူကြီးဖြစ်စေ ကြိုးစားအားထုတ်ကြလော့၊ ပြည်နီးချင်း မင်းတို့လည်း ကြိုးစားအားထုတ်ကြလော့၊ ကြာရှည်စွာ အားထုတ်ကြလော့၊ သို့ဖြင့် ဤအကျိုးတရား ကြီးပွားပြန့်ပြော တိုးတက်လိမ့်မည်။ အယုတ်ဆုံး တဆခွဲမျှ တိုးပွားလိမ့်မည်။ ၂၅၆ကြိမ်မြောက် တိုင်းခမ်းလှည့်လည်ရာ၌ ဤစကားကို ကြားသိစေ၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

'His Sacred Majesty (Devdnanpiya) gives these instructions: “For more than two-and-a-half years I was a lay disciple, without, however, exerting myself strenuously. But a year in fact, more than a year ago I entered the Order, and since then have exerted myself strenuously.
During that time the men in India who had been unassociated with the gods became associated with them. For this is the fruit of exertion. Nor is this to be attained by greatness only, because even by the small man who chooses to exert himself, immense heavenly bliss may be won. For that purpose has this proclamation been proclaimed: ' Let [small] and great exert themselves to this end.'
My neighbors, too, should learn this lesson, and may this lesson long endure! And this purpose will increase-- yea, it will increase vastly, at least half as much again will it increase." And this proclamation was proclaimed by the body of missioners (vyuthena), [to wit], 256 [persons].'
(Asoka, the Buddhist Emperor of India- V. A. Smith)

Under the instructions of the Prince (aryaputra) and Ministers (mahamatras) from Suvarnagiri, the Ministers of Isila are to be wished good health and then addressed as follows: Thus ordains His Sacred Majesty : For more than two years and a half that I had been a lay-disciple (upasaka), I had not exerted myself well. But a year indeed, for more than a year that I visited the Samgha, I exerted myself greatly. Thus during this time the people in Jambudvipa who had remained unassociated with the gods became associated with the gods. Of exertion, indeed, is this the result! But this cannot be attained by the great alone. For the small, too, can attain to a wide heaven of bliss by sustained exertion.
For this purpose has this message been proclaimed that (the small) along with the great may exert themselves in this manner, and that even my frontagers, may know (it), and that this exertion may be of long duration. Nay, it shall increase, shall immensely increase, it shall increase by at least one and a half times. And this message has been caused to be proclaimed 256 times by the king on tour.
(Asoka-R.K. Mookerji)


By order of the prince-viceroy and the mahamatras from Suvanagari, the mahamatras at Isila are to be asked of good health and addressed thus: “The Beloved of the Gods sath: For more than two years and a half that I am lay devotee. I have not exerted much myself for a year; but of course, for more than one year that I have passed in the Samgha, I have exerted myself much.” During this interval, however, people who were not mixed, were caused to be mixed with the Gods throughout Jambudviapa. For, this is the consequence of exertion. This is not possible only for the higher officers to achieve, but of course it is possible for a lower (officer), if he exerts himself, to cause (men) to attain much divine pleasure. This announce has been made for this purpose, in order that the lower and the higher (officers) will exert themselves for this (end), that my neighbors too, may understand this, and that this exertion may live for a long time. And this object will grow, and will grow immensely, will grow (at least) one and half fold. And this has been caused to be heard when there have passed 256 days (of my tour.)
(Inscriptions of Asoka- N. P. Rastogi)


By command of the Prince Viceregent and the Mahamatra from Suvarnagiri the Mahamatra at Isila should be asked: (their) health, and (then) addressed as follows: “The Beloved of the Gods sath: ‘It is more than two years and a half that I am a lay worshipper. I did not exert myself strenuously for one year: but, indeed, more than one year that I have lived with the Samgha, I have exerted myself strenuously. During this period, however, men who were unmixed, were caused to be mixed, with gods throughout Jambudvipa. [R.—During this period gods, who were unmixed, were caused to be mixed (with men), throughout Jambudvipa.] For this is the fruit of exertion. This is possible not only for the superior (official) to achieve, but indeed it is possible for even a subordinate one, if he exerts himself, to cause (people) to attain much heavenly bliss. For this purpose this proclamation has been made; in order that the subordinate ones and the superior ones shall exert themselves to this (end), that my neighbors should know this and that this exertion may long endure. And this object shall grow, indeed shall grow profusely, shall grow (at least) one-and-half fold. And this discourse has been caused to be heard when there had elapsed 256 (years)’.”
(Asoka- D.R. Bhandarkar)

အက္ခရာတွေ ကျန်သေးတယ်နော်…

Saturday, June 14, 2008

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ-၂)

ကလိင်္ဂဟာ အသောကသမိုင်းမှာ ထူးခြားတဲ့ နေရာတစ်ခုပါ။ စစ်နဲ့ ငြိမ်းချမ်းရေးတို့ရဲ့ မွေးဖွားရာဒေသတစ်ခုလို့ ဆိုနိုင်ပါတယ်။ အဲဒီဒေသမှာ အသောကဘုရင်ဟာ ကျောက်စာ နှစ်ခု ရေးထိုးခဲ့တယ်။


အသောကရဲ့ အက္ခရာများ (၁) ကနေ (၁၄) အထိကို Ginar, Kalsi, Yerragudi, Sopara ၊ Shahbazarhi, Mansehra ဒေသတွေမှာ ရေးထိုးထားတာကို တွေ့ရပေမယ့် Dhauliနဲ့ Jaugada ဒေသနှစ်ခုမှာတော့ (၁) ကနေ (၁၀) အထိ, (၁၄), ပြီးတော့ (၁၅)နဲ့ (၁၆)ကို ရေးထိုးထားတာပါ။ ဒါကြောင့် (၁၅)နဲ့ (၁၆)ကို သီးခြားကျောက်ဆောင်စာလို့ ခေါ်ကြတယ်။ ကလိင်္ဂတိုင်းမှာ ရေးထိုးထားလို့ ကလိင်္ဂကျောက်စာလို့လဲ ခေါ်ကြသေးတယ်။ မှတ်သားစရာ တစ်ခုက ကလိင်္ဂတိုင်းထဲမှာ ရေးထိုးထားတဲ့ ကျောက်စာတွေမှာ ကလိင်္ဂစစ်ပွဲအကြောင်း ရေးထားတဲ့ (၁၃) မပါတာပါပဲ။ စဉ်းစားစရာပေါ့နော။ ကလိင်္ဂစစ်ပွဲအကြောင်းတွေကို ကလိင်္ဂတိုင်းမှာ ကျောက်စာရေးထိုးခဲ့မယ်ဆိုရင် နိုင်ငံရေးအရ မိုက်မဲတဲ့ အပြုအမူမျိုး ဖြစ်နိုင်တဲ့အတွက် (၁၃)ကို ချန်ထားခဲ့တာလို့ အသောကသမိုင်း ကျွမ်းကျင်သူတစ်ချို့က ဆိုကြတယ်။ ဒါကြောင့်လဲ အသောကဓမ္မကို ရာဇဓမ္မလို့ ခေါ်ကြတာဖြစ်မယ်။

Kalinga Rock Edict (Dhauli)

ခရီးထွက်ဖို့ ပြင်နေတာ အတော်ကြာပြီ။ ဘယ်မှလဲ မသွားဖြစ်ဘူး။ မသွားနိုင်တာလဲပါတယ်။ ဒီနှစ်ဆောင်းတွင်းတော့ စိတ်ကူးထားတယ်။ အိန္ဒိယတလွှားက အသောကရဲ့ အက္ခရာတွေကို လိုက်လံဖတ်ရှုဖို့ပါ။ တစ်ချို့ကျောက်စာတွေ ရှိတဲ့နေရာကိုတော့ ရောက်ဖူးပြီးပြီ။ နီပေါက “လုမ္ဗိနီ”, အိန္ဒိယက “ဗာရာဏသီ”နဲ့ “ဆန်ချီ”ပါ။ ပါကစ္စတန်ကိုတော့ ဆရာသမားက သွားခိုင်းတာတောင် လုံခြုံရေးစိတ်မချတာနဲ့ ကြောက်လို့ မရောက်ဖြစ်ဘူး။ အဟဲ..Indiana Jonesနဲ့တော့ နင်လားငါလားပေါ့။ နီးနီးနားနားမှာလဲ အသောကကျောက်စာတွေ ရှိပါ့။ ကျောက်စာတိုင်ဆိုရင် အခု နေတဲ့နေရာကနေ နာရီဝက်လောက် လမ်းလျှောက်သွားရင် ရောက်တယ်။ ကျောက်ဆောင်စာရှိတဲ့ နေရာကိုတော့ တစ်နာရီလောက် ကားစီးသွားရင် ရောက်တယ်။ အဲဒီကျောက်စာတွေအကြောင်း နောက်ပိုစ့်တွေမှာ ရေးတာပေါ့။

အက္ခရာတွေ ကျန်သေးတယ်နော်…

Thursday, June 12, 2008

အသောကရဲ့ အက္ခရာများ-၁၆

ပိုစ့်မတင်ဖြစ်တာ တစ်လကျော်ကျော်။ ဘာမှတော့ မဖြစ်ပါဘူး။ လူတစ်ခြား စိတ်တခြား ဖြစ်နေတာက လွဲလို့ပေါ့။ အခုတော့ အက္ခရာများ ဆက်ပါအုံးမယ်ဗျာ။ ကျောက်စာဘာသာပြန် အသစ်တစ်အုပ် ထပ်ရထားလို့ ဘာသာပြန်တစ်ခု တိုးထားတယ်။

ဒေ၀ါနံပိယေ ဟေ၀ံ အာဟ။ သမာပါယံ မဟာမတာ လဇ၀စနိက၀တ၀ိယာ။ အံ ကိဆိ ဒခါမိ ဟကံ၊ ကိံတိ၊ ကံ ကမန
ပဋိပါတယေတံ ဒုဝါလတေ စ အာလဘေဟံ။ ဧသ စ မောခိယမတံ ဒုဝါလ ဧတသ အထသ အံ တုဖေသု အနုသတိ။ သ၀မုနိ-
သာ မေ ပဇာ။ အထ ပဇာယေ ဣဆာမိ၊ ကိံတိ၊ မေ သဝေဏာ ဟိတသုခေန ယုဇေယူ အထ ပဇာယေ ဣဆာမိ၊ ကိံတိ၊ မေ သဝေန ဟိတသု-
ခေန ယုဇေသု တိ ဟိဒလောဂိကပါလလောကိကေန။ ဟေ၀ံမေ၀ မေ ဣဆ သ၀မုနိသေသု။ သိယာ အံတာနံ အ၀ိဇိတာ-
နံ ကိံ ဆံဒေ သု လာဇာ အဖေသူ တိ။ ဧတကာ ၀ါ မေ ဣဆ အံတေသု၊ ပါပုနေယု၊ လာဇာ ဟေ၀ံ ဣဆတိ အနုဝိဂိန ဟေယု
မမိယာယေ အသွသေယု စ မေ သုခံမေ၀ စ လဟေယူ မမ တေ နော(ဒု)ခံ။ ဟေ၀ံ စ ပါပုနေယု ခမိသတိ နေ လာဇာ
ဧ စကိယေ ခမိတဝေ။ မမံ နိမိတံ စ ဓံမစလေယူ တိ ဟိဒလောဂံ စ ပရလောဂံ စ အာလာဓယေယု။ ဧတာယေ
စ အဌာယေ ဟကံ တုဖေနိ အနုသာသာမိ။ အနနေ ဧတကေန ဟကံ၊ တုဖေနိ အနုသာသိတု ဆံဒံ စ ဝေဒိ-
တု အာ မမ ဓိတိ ပတိံနာ စ အစလ။ သ ဟေ၀ံ ကဋု ကံမေ စလိတ၀ိယေ အသွာသနိယာ စ တေ၊ ဧန တေ ပါပုနေ-
ယု အထာ ပိတ ဟေ၀ံ နေ လာဇာတိ၊ အထ အတာနံ အနုကံပတိ၊ ဟေ၀ံ အဖေနိ အနုကံပတိ၊ အထာ ပဇာ ဟေ-
ဝံ မယေ လာဇိနေ။ တုဖေနိ ဟကံ အနုသာသိတုံ ဆံဒံ ဝေဒိတု အာ မမ ဓိတိ ပဋိံနာ စာ အစလ၊ သကလာ
ဒေသာယုတိကေ ဟောသာမီ ဧတသိ အထသိ။ အလံ ဟိ တုဖေ အသွာသနာယေ ဟိတသုခါယေ စ တေသံ ဟိဒ-
လောဂိကပါလလောကိကာယေ။ ဟေ၀ံ စ ကလံတံ သွဂံ စ အာလာဓယိသထ မမ စ အနနေယံ ဓသထ။
တာယေ စ အထာယေ ဣယံ လိပီ လိခိတာ ဟိဒ ဧန မဟာမတာ သသွတံ သမယံ ယုဇေယု အသွာသနာယေ စ
ဓံမစလနာယေ စ အံတာနံ။ ဣယံ စ လိပီ အနုစာတုံမာသံ သောတ၀ိယာ တိသေန အံတလာ ပိ စ သောတ၀ိယာ။
ခနေ သံတံ ဧကေန ပိ သောတ၀ိယ။ ဟေ၀ံ စ ကလံတံ စဃထ သံပဋိပါတယိတဝေ။

ဒေ၀ါနံပိယ မင်းကြီးသည် ဤသို့ မိန့်တော်မူ၏။ သမာပါမြို့ရှိ အမတ်ကြီးတို့အား ဒေ၀ါနံပိယ မင်းကြီး၏ စကားတော်ဖြင့် ဤသို့ မိန့်ကြားရာ၏။
တစုံတရာအား ငါမြင်၍ အလိုရှိလျှင် ဆောင်ရွက်ဖွယ် လုပ်ငန်းကို ငါစီစဉ်၍ နည်းလမ်းကို ငါရှာကြံပြီးသော် အရေးအကြီးဆုံးဟု ငါထင်သော နည်းလမ်းကို သင်တို့အား ငါညွှန်ကြားချက်ဖြစ်စေ၏။
ခပ်သိမ်းသော သူတို့သည် ငါ၏ သားသမီးများ ဖြစ်ကြကုန်၏။ ငါ၏ သားသမီးများအား ဤလောကနှင့် တမနွန်လောကတို့၏ စီးပွားချမ်းသာအပေါင်းနှင့် ငါယှဉ်စေလိုသည့်နည်းတူ ခပ်သိမ်းသော သူတို့အားလည်း ငါယှဉ်စေလို၏။
ငါမသိမ်းပိုက်ထားသော နိုင်ငံတော် အစွန်အပ၌ နေသူတို့သည် ငါတို့၏ အပေါ်၌ မင်းကြီးအသို့ ဆန္ဒထားတော်မူသနည်းဟု မေးကြကုန်အံ့။ ထိုနိုင်ငံတော်အစွန်အပ၌ နေသူတို့အပေါ်၌ ငါ၏ ဆန္ဒကား ဤသို့တည်းဟု ပြန်ကြားရာ၏။
“မင်းကြီး အလိုရှိတော်မူသည်မှာ သင်တို့သည် မင်းကြီးအား မကြောက်မရွံ့ပဲ မင်းကြီးသည် ငါတို့၏ ဆင်းရဲကို မဆောင်၊ ချမ်းသာကိုသာ ဆောင်အံ့ဟု မင်းကြီးအပေါ်၌ ယုံကြည်ရန်ဖြစ်၏။”
ဤသို့လည်း ပြန်ကြားရာသေး၏။
“မင်းကြီးသည် သင်တို့အပေါ်၌ သည်းခံနိုင်သလောက် သည်းခံအံ့။ သင်တို့သည် မင်းကြီးအား ထောက်ထားသဖြင့် တရားကို ကျင့်ပြီးသော် ဤလောကနှင့် တမနွန်လောကတို့၏ စီးပွားချမ်းသာတို့ကို ခံစားကြကုန်လော့။”
ဤအလို့ငှာ သင်တို့အား ငါညွှန်ကြားပေ၏။ ဤသို့ သင်တို့အား ညွှန်ကြားပြီးသော် ငါ၏ ဆန္ဒတော်နှင့် တကွ ငါ၏ အဓိဌာန် ပဋိဉာဏ်တို့၏ မယိမ်းမယိုင် ခိုင်မြဲခြင်းကို သင်တို့အား သိစေပြီးသဖြင့် ငါ၏ တာဝန်ကား ကျေလေပြီ။
နိုင်ငံတော် အစွန်အပသားတို့သည် နှစ်သိမ့်ရောင့်ရဲ၍ ငါ၏ အပေါ်၌ ယုံကြည်ကိုးစားရန် သင်တို့ပြုမူကာ အမှုကိစ္စတို့ကို ဆောင်ရွက်ကုန်ရာ၏။ မည်သို့ ယုံကြည်ကိုးစားစေရာ သနည်းဆိုသော် မင်းကြီးသည် ငါတို့၏ အဖသဖွယ်ဖြစ်၏။ မင်းကြီးသည် မိမိကိုကို ကြင်နာသကဲ့သို့ ငါတို့အားလည်း ကြင်နာ၏။ ငါတို့သည် မင်းကြီး၏ သားသမီးများသဖွယ်သာ ဖြစ်ချေ၏။
ဤသို့လျှင် သင်တို့အား ငါညွှန်ကြားပိ၏။ ငါ၏ ဆန္ဒတော်နှင့်တကွ ငါ၏အဓိဌာန်နှင့် ပဋိဉာဏ်တို့၏ မယိမ်းမယိုင် ခိုင်မြဲခြင်းကိုလည်း သိစေပိ၏။ ဤအလို့ငှာ နေရာတိုင်း၌ ဒေသဆိုင်ရာ အရာရှိများကို ငါခန့်ထားတော်မူမည်။ သင်တို့သည် နိုင်ငံတော် အစွန်အပသားတို့၏ နှစ်သိမ့်ရောင့်ရဲမှု ဤလောက တမနွန်လောကတို့၏ စီးပွားချမ်းသာမှုတို့ကို ဆောင်ရွက်ပေးစွမ်းနိုင်၏။ ဤသို့ဆောင်ရွက်သော် သင်တို့သည် နတ်ပြည် ချမ်းသာကို ရ၍ ငါ၌ တင်ရှိသော ၀တ္တရားကြွေးမှလည်း ကင်းကြကုန်အံ့။
နိုင်ငံတော် အစွန်အပသားတို့သည် နှစ်သိမ့်ရောင့်ရဲ၍ တရားကို ကျင့်စေခြင်းငှာ ငါ၏ အမတ်ကြီးတို့သည် အခါခပ်သိမ်း အားထုတ်ကြရန် ဤကဗျည်းကို ရေးစေပိ၏။ ဤကဗျည်းအား လေးလလျှင် တကြိမ် ကြားနာရာ၏။ တိသ(ဖုသျှ) နက္ခတ်နှင့် ယှဉ်သော နေ့တို့နှင့် ကြားနေ့တို့၌လည်း အခါအခွင့်ရက တယောက်တည်းဖြစ်စေကာ ကြားနာရာ၏။ ဤသို့ ပြုခြင်းဖြင့် သင်တို့သည် ငါ၏ အမိန့်ကို လိုက်နာဆောင်ရွက်ကုန်ရာသတည်း။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

ဒေ၀ါနံပိယ မင်းသည် ဤသို့ မိန့်ကြား၏။ သမာပါမြို့ အမတ်ကြီးတို့အား မင်း၏ စကားဖြင့် ပြောကြားရမည်။ ငါတွေ့မြင်သော အကြောင်းအရာတို့ကို သင်တို့အား သိသေလို၏။ အသို့နည်း ငါသည် ပြုသင့်သော အမှုကို နည်းလမ်း အမျိုးမျိုးဖြင့် စတင်အားထုတ်မည်။ အကျိုးကျေးဇူးရှိသော နည်းလမ်းကို သင်တို့အား ညွှန်ကြားမည်။ ယင်းသည် အမှန်မုချ ငါအလိုရှိသော နည်းလမ်းဖြစ်၏။
လူအပေါင်းသည် ငါ၏ သားသမီးများဖြစ်၏။ အသို့နည်း၊ ငါ၏ သားသမီးများကို ပစ္စုပ္ပန် တမလွန်နှင့် စပ်လျဉ်းသော စီးပွားချမ်းသာကို ယှဉ်စေလိုသကဲ့သို့ လူအပေါင်း၌လည်း ငါအလိုရှိ၏။
နိုင်ငံ၏ အပအစွန်အဖျား၌ နေသူများသည် ငါတို့အပေါ် မင်းဘယ်သို့ အလိုဆန္ဒ ရှိသနည်းဟူမူ ထို အစွန်အဖျား၌ နေသူများအပေါ် ငါ၏ အလိုဆန္ဒ ဤသို့တည်းဟု ပြောကြားရမည်။ “မင်းအလိုရှိသည်မှာ သင်တို့သည် မင်းအား မကြောက်ကြပဲ မင်းသည် ငါတို့ချမ်းသာကိုသာ ဆောင်မည်။ ဆင်းရဲဖြစ်စေလိမ့်မည်မဟုတ်ဟု မင်းအပေါ် ယုံကြည်ရန် ဖြစ်၏”
ထို့ပြင်လည်း “မင်းသည် သင်တို့ အပေါ် သည်းခံနိုင်သမျှ သည်းခံမည်၊ သင်တို့သည် မင်းကို အကြောင်းပြု၍ တရားကျင့်ကြပြီးလျှင် ပစ္စုပ္ပန် တမလွန်လောက၏ စီးပွားချမ်းသာကို ခံစားကြလော”ဟု ပြောကြားရမည်။
ဤအတွက် သင်တို့အား ငါညွှန်ကြား၏။ ယင်းသို့ ညွှန်ကြားပြီးသော် ငါ၏ အလိုဆန္ဒနှင့် ငါ၏ ပဋိညာဉ် ၀န်ခံခြင်းတို့ တည်တံ့ခိုင်မြဲခြင်းကို သင်တို့အား သိစေသဖြင့် ငါ၏ တာဝန်ကျေခဲ့ပြီ။
နိုင်ငံမှ အပအစွန်အဖျား၌ နေသူတို့သည် နှစ်သိမ့်ရောင့်ရဲ၍ ငါ၏ အပေါ် ယုံကြည် ကိုးစားရန် သင်တို့ ပြုမူကြလျက် အမှုကိစ္စတို့ကို ဆောင်ရွက်ကြရမည်။ “မင်းသည် ငါတို့၏ အဖဖြစ်၏။ မင်းသည် မိမိကိုယ်ကို မြတ်နိုးသကဲ့သို့ ငါတို့ကိုလည်း မြတ်နိုး၏။ ငါတို့သည် မင်း၏ သားသမီးများ ဖြစ်၏”ဟု ယုံကြည်ကိုးစားစေရမည်။
ယင်းသို့လျှင် သင်တို့အား ငါညွှန်ကြား၏။ ငါ၏ အလိုဆန္ဒနှင့် ငါ၏ ပဋိညာဉ် ခံဝန်ချက်တို့ တည်တံ့ခိုင်မြဲခြင်းကိုလည်း သိစေ၏။ ဤအတွက် အရပ်ဒေသအားလုံးမှာ အရာရှိများကို ငါခန့်ထားမည်။ သင်တို့သည် နိုင်ငံတော်မှ အပအစွန်အဖျားတို့၌ နေသူတို့၏ နှစ်သိမ့်ရောင့်ရဲမှုနှင့် ပစ္စုပ္ပန်တမလွန်လောက၏ စီးပွားချမ်းသာတို့ကို ဆောင်ရွက်နိုင်၏။ သို့ဖြင့် သင်တို့သည် နတ်ချမ်းသာကို ရ၍ ငါ၏ ကြွေးမြီမှလည်း လွတ်ကင်းကြပေလိမ့်မည်။
နိုင်ငံတော်မှအပ အစွန်အဖျား၌ နေသူတို့ နှစ်သိမ့်ရောင့်ရဲ၍ တရားကျင့်ဆောင်စေရန်အတွက် ငါ၏ အမတ်ကြီးများ အစဉ်ကြိုးစား အားထုတ်ကြရန် ဤစာကို ရေးစေခြင်းဖြစ်၏။ ဤစာကို လေးလတကြိမ် ကြားနာကြရမည်။ ဖုသျှနက္ခတ်နှင့် ယှဉ်သော နေ့တို့နှင့် စပ်ကြားနေတို့၌လည်း တယောက်ထည်းဖြစ်စေ ကြားနာရမည်။ သို့ဖြင့် သင်တို့သည် ငါ၏ အလိုဆန္ဒပြည့်စုံစေရန် ကြိုးပမ်းကြလော့။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

In the words of His Sacred Majesty the High Officers administering the town are to be addressed as follows: 'Whatsoever my views are I desire them to be acted on in practice and carried into effect by certain means. And in my opinion the chief means for this purpose are my instructions to you, because you have been set over many thousands of living beings that you may gain the affection of good men.
"All men are my children;” and, just as I desire for my children that they may enjoy every kind of prosperity and happiness both in this world and in the next, so also I desire the same for all men. You, however, do not grasp this truth to its full extent. Some individual, perchance, pays heed, but to a part only, not the whole. See then to this, for the principle of government is well established. Again, it happens that some individual incurs imprisonment or torture, and when the result is his imprisonment without due cause, many other people are deeply grieved. In such a case you must desire to do justice. However, with certain natural dispositions success is impossible, to wit, envy, lack of perseverance, harshness, impatience, want of application, laziness, indolence. You must desire that such dispositions be not yours. The root of the whole matter lies in perseverance and patience in applying this principle of government. The indolent man cannot rouse himself to move, yet one must needs move, advance, go on.
In the same way you must see to your duty, and be told to remember: “See to my commands; such and such are the instructions of His Sacred Majesty." Fulfillment of these bears great fruit, non-fulfillment brings great calamity. By those who fail neither heaven nor the royal favor can be won. Ill performance of this duty can never gain my regard, whereas in fulfilling my instructions you will gain heaven and also pay your debt to me. This scripture must be recited every constellation of Tishya day, and in the intervals between the Tishya days, on fit occasions it may be recited even to a single hearer. By such action you must endeavor to fulfill my intentions. For this purpose has this scripture been here inscribed in order that the administrators of the town may strive without ceasing [lit. "all the time "] that the restraint or torture of the townsmen may not take place without due cause. And for this purpose, in accordance with the Law of Piety, I shall send forth in rotation every five years such persons [lit. " a person "] as are of mild and temperate disposition, and regardful of the sanctity of life, who knowing this my purpose will comply with my instructions.
From Ujjain, however, the Prince for this purpose will send out a similar body [of officials], and will not over-pass three years. n the same way from Taxila. When the High Officers aforesaid . . . proceed on transfer in rotation, [then without neglecting their own [ordinary] business, they will attend to this matter also, and thus will carry out the king's instructions.'
(Asoka, the Buddhist Emperor of India- V. A. Smith)


His Sacred Majesty thus says: At Samapa the High Officers entitled to receive the king's messages are to be addressed as follows: Whatsoever I view (as right) I want to see how it can be executed in practice and fulfilled by proper means.
And this is regarded by me as the principal means to this end, viz., to give my instructions to you. All men are as my children; as, on behalf of my own children, I desire that they may be provided with complete welfare and happiness both in this world and the next, the same I desire also for all men. It might occur to the unconquered borderers (to ask): "What does the king desire with regard to us?”
This alone is my desire with regard to the borderers (that) they may understand that the king desires this (that) they should be free from fear of me, but should trust in me; (that) they would receive from me only happiness and not sorrow; that they should further understand (this) that the king will tolerate in them what can be tolerated; that they may be persuaded by me to practice Dharma or morality; (and that) they may gain both this world and the next. And for this purpose am I instructing you, (viz. that) by this do I render myself free from debt (to animate beings), that I instruct you, and make known to you my will, my determination, and promise, not to be shaken. Therefore acting thus, should you perform your duties and assure them that they may understand that "the king is to us even as a father ; (that) he feels for us even as he feels for himself; we are to him as his children.' By instructing you, and making known to you my will, my determination and vow inviolable, I shall have (i.e., post) for this end officers in all provinces. For you have the capacity to produce their confidence, their good and happiness both in this world and the next. Thus doing you will also win heaven and release from your obligations to me (or win me release from my debts). And for this purpose has this edict been inscribed in this place that the High Officers may be all the time at work for the confidence and practice of religion of these frontier peoples. This same edict is also to be proclaimed at the commencement of every quarter of the year on the Tisya day, and also in the intervals between the Tisya days and even to individuals, when an occasion offers. Thus working should you strive towards accomplishment.
(Asoka-R.K. Mookerji)


By order of the Beloved of the Gods; At Tosali the prince and the officers/ at Samapa the officers charged with announcing the royal decrees, are to be ordered thus: Whatever I approve of, that I desire either to achieve by taking action or to obtain by some effective means. This is what I consider the chief method in this matter, and these are my instructions to you. All men are my children and just as I desire for my children that they should obtain welfare and happiness both in this world and the next, the same do I desire for all men. If the unconquered peoples on my borders ask what is my will, they should be made to understand that this is my will with regard to them— ‘the king desires that they should have no trouble on his account, should trust in him, and should have in their dealings with him only happiness and no sorrow. They should understand that the king will forgive them as far as they can be forgiven, and that through him they should follow Dharma and gain this world and the next.’
For this purpose I instruct you, that having done so I may discharge my debt to them, by making known to you my will, my resolve and my firm promise. By these actions, my work will advance, and they will be reassured and will realize that the king is like a father, and that he feels for them as for himself, for they are like his own children to him. My couriers and special officers will be in contact with you, instructing you and making known to you my will, my resolve, and my firm promise. For you are able to give the frontier people confidence, welfare, and happiness in this world and the next. Doing this you will reach heaven and help me discharge my debt to my people.
This inscription has been engraved here for this purpose—that the officers shall act all times attend to the conciliation of the people of the frontiers and to promoting Dhamma among them. This edict is to be proclaimed every four months on the day of the star Tisya; it may optionally be proclaimed from time to time in the interval between Tisya-days, and on occasions may be proclaimed even to a single person. By doing this you will be able to conform to my instruction.
(Asoka and the decline of the Mauryas- Romila Thapar)


By the order of the Gods, the prince-viceroys and the mahamatras stationed at Tosalia and Samapa should be addressed thus: whatever I conceive (with the mind) I wish what? That I may put it into practice. And I consider this to be the chief instrument to this end, namely, instructions to you. All men are my children. As I wish for (my) children that they may be united with all well-being and happiness of this world and the next, similarly I wish it for all people.
It may be (in the mind) of the unconquered bordering kings ‘what is the desire of the king in our respect?’ This much only is my desire in respect to (the people) of the bordering kings, that they may understand (this), (that) the Beloved of the Gods wishes: ‘they should not be afraid of me, they should place confidence in me, (and) they will gain from me happiness not misfortune.’ And they should further know: ‘the emperor will tolerate with us to the extent he can possibly tolerate’; they should follow Dharma for my sake and attain this world and the next. For this purpose do I instruct you, namely, that having given you injunctions and expressed my desire, nay, my vow and oath, may I be free from debt (to them). Thus acting likewise you must do your duty and must inspire them with confidence, so that they might know: ‘the king is fatherly to us: he sympathises with us as he sympathises with himself; we are to the king as his children. So having instructed you and told the desire, my vow and oath, I will become emperor of the universe, for this end; for you are able to inspire them with confidence and (assure) their well-being and happiness of this world and the next. Acting thus you will gain heaven and fulfill your duty to me.
So for this purpose has this edict been inscribed: in order that mahamatras may remain engaged for a long time in creating confidence and establishing the practice of Dharma amongst themselves as well as amongst the bordering kings.
And this edict should be listened to during the Tisya naksatra every four monthly season and, of course, it may be listened to even by an individual on every festive occasion and also without the Tisya (period). By doing so, strive to discharge my instructions.
(Inscriptions of Asoka- N. P. Rastogi)

By command of the Beloved of the gods, the Prince Royal and the Mahamatras at Tosali should be addressed (as follow): whatever I perceive (with the mind), I desire—what—that I may put it into action; and I initiate it through the proper means. And I deem this to be the principal means to this end, namely instructions to you. All men are my offspring. Just as for (my) offspring I desire that they may be united with all welfare and happiness of this world and of the next, precisely do I desire it for all men.
It may be (in the mind) of (the people) the unconquered frontier sovereigns: ‘what is the will of the king in respect of us?’ This much alone is my wish in regard to (the people) of the frontier sovereigns, that they may understand (this), namely, that the beloved of the gods desires: ‘they should be unperturbed towards me, they should trust mine, (and) they would receive from me happiness, not misery.’ And they should further understand: ‘the king will bear with us as far as it is possible to bear,’ (but) they should follow Dhamma for my sake and gain this world and the next. For this end do I instruct you, namely, that having given you instructions and made known my will, nay, my immovable resolve and vow, may I be free from debt (to them)! So acting accordingly, you must discharge your functions and must inspire them with confidence, so that they might understand: ‘the king is to us even as a father; he sympathises with us even as he sympathises with himself; we are to the king even as (his) children.’ So having instructed you and intimated the will, my immovable resolve and vow, I shall become a sovereign over all countries for this object; for you are competent to inspire them with confidence and (ensure) their welfare and happiness of this world and the next. By so doing you will gain heaven and also discharge your debt to me.
And for this purpose has this document been here written: in order that the Mahamatras may be devoted to the eternal rule of conduct for inspiring (the people of) those frontier sovereigns with confidence and ensuring (their) practice of Dhamma. And this document should be heard on the Tishya day every four-monthly season; the Tishya days it may be heard even by one (official). By acting thus, endeavor to fulfill (my instructions).
(Asoka- D.R. Bhandarkar)

အက္ခရာတွေ ကျန်သေးတယ်နော်…

Thursday, May 1, 2008

အသောကရဲ့ အက္ခရာများ-၁၅ (အပိုင်း-၂)

နာဂလဇနသ အကသ္မာ ပလိဗောဓေ ၀။ အကသ္မာ ပလိကိလေသေ ၀ နော သိယာ

လူအပေါင်းကို အကြောင်းမရှိဘဲ ဖမ်းဆီးခြင်း ညှင်းပန်းခြင်း မပြုရ။

ဒေ၀ါနံပိယမင်း၏ စကားဖြင့် တောသလိမြို့ကို အုပ်ချုပ်သော မဟာမတ္တခေါ် အမတ်ကြီးတို့ကို ဤသို့ ပြောကြားရမည်။
ငါတွေ့မြင်သော အကြောင်းအရာကို သင်တို့အား သိစေလို၏။ အသို့နည်း။ ငါသည် ပြုသင့်သော အမှုကို နည်းလမ်းအမျိုးမျိုးဖြင့် စတင် အားထုတ်မည်။ အကျိုးကျေးဇူးရှိသော နည်းလမ်းကို သင်တို့အား ညွှန်ကြားမည်။ ယင်းသည် အမှန်မုချ ငါအလိုရှိသော နည်းလမ်းဖြစ်၏။ သင်တို့သည် ထောင်ပေါင်းများစွာသော လူတို့၏ မှီခိုရာ ဖြစ်သောကြောင့် သူတော်ကောင်းတို့ မြတ်နိုးခြင်း၏ တည်ရာဖြစ်ရမည်။
လူအပေါင်းသည် ငါ၏ သားသမီးများ ဖြစ်၏။ အသို့နည်း- ငါ၏ သားသမီးများကို ပစ္စုပ္ပန် တမလွန်နှင့် စပ်လျဉ်းသော စီးပွားချမ်းသာကို ယှဉ်စေလိုသကဲ့သို့ လူတို့၌လည်း ငါအလိုရှိ၏။ ဤစကား၏ အဓိပ္ပါယ်အလုံးစုံကို အကုန်သိကြမည်မဟုတ်။ တစုံတဦးသိသော်လည်း တစိတ်တဒေသမျှသာ သိမည်။ အားလုံး သိမည် မဟုတ်။
သင်တို့သည် ဤနည်းလမ်းကို ရှုကြလော့၊ ယခု ပြောကြားမည့် စကားသည် ကောင်းစွာ စီရင်ထားသော နီတိဖြစ်၏။ တစုံတယောက်သည် အကြောင်းမဲ့ အချုပ်အနှောင်, ညှင်းပန်းနှိပ်စက်ခြင်း ခံရပါလျှင် သူနှင့် အခြားသူ အများအပြားလည်း အလွန် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ကြရ၏။ ထိုသို့သောအခါ မဇ္ဈိမပဋိပဒါကို အလိုရှိအပ်၏။ အသို့နည်း- ငြူစူခြင်း,အားမထုတ်ခြင်း, ကြမ်းကြုတ်ခြင်း, အဆောတလျင် ပြုလုပ်ခြင်း, မစွမ်းနိုင်ခြင်း, ပျင်းရိခြင်း, အအိပ်ကြူးခြင်းတို့ကြောင့် ပြီးမြောက်ခြင်း မဖြစ်နိုင်။ ထို့ကြောင့် ယင်းတရားတို့ မဖြစ်စေရာ အစဉ် အားထုတ်ခြင်းနှင့် အဆောတလျင် မပြုလုပ်ခြင်းသည် တရားအားလုံး၏ မူလဖြစ်၍ ယင်းတို့ကို ပြုလုပ်အားထုတ်ရမည်။ မပြတ်မလပ် ကျင့်သွားကြရမည်။
ထိုတရားဖြင့် သူတပါးတို့အားလည်း “ဒေ၀ါနံပိယမင်းသည် ဤသို့ ဆုံးမ၏။ ထို့ကြောင့် ယင်းတရားကို ကောင်းစွာ အားထုတ်ပါလျှင် အကျိုးဖြစ်မည်။ ပြည့်စုံစွာ မကျင့်ပါလျှင် အပြစ်ဖြစ်မည်။ ဖောက်ပြန်၍ ကျင့်ပါသော် နတ်ရွာသို့လားရမည်။ ကြွေးမြီမှလည်း ကင်းမည်”ဟု ပြောဟောကြလော့။
ဤစာကို ဤအကျိုးအတွက် ရေးစေခြင်း ဖြစ်၏။ ယင်းစာဖြင့် မြို့အုပ်ချုပ်သူတို့သည် အခါခပ်သိမ်း ဤသို့ ယှဉ်ရာ၏။ အကြောင်းမရှိဘဲ မြို့နေလူတို့ကို ချုပ်နှောင်ခြင်း, ညှင်းပန်းနှိပ်စက်ခြင်းတို့ မပြုရ။
ဤအတွက် ငါသည် ငါးနှစ် ငါးနှစ်မြောက်တိုင်း သိမ်မွေ့သော, အပြစ်ကင်းသော, သနားကရုဏာရှိသော အမတ်တို့ကို စေလွှတ်မည်။ သူတို့သည် ဤအကျိုးအားနိသင်ကို သိမြင်၍ ငါ၏ အဆုံးအမအတိုင်း ဆောင်ရွက်ကြလိမ့်မည်။ ထို့ပြင် ဥဇ္ဇေနီပြည်၌ မင်းသားလည်း ဤအကျိုးအတွက် ဤနည်းလမ်းအတိုင်း အမှုထမ်းတို့ကို စေလွှတ်လိမ့်မည်။ တက္ကသိုလ်ပြည်၌လည်း ဤအတူပင်တည်း။ အမတ်ကြီးတို့သည် မိမိတို့ ဆောင်ရွက်ရမည့် အလုပ်ကိစ္စကို သိကြပြီးဖြစ်၍ မင်းညွှန်ကြားသည့်အတိုင်း ကြိုးစားအားထုတ် ပြုလုပ်ကြလိမ့်မည်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)



By order of the Beloved of the Gods: the officers and city magistrates at Tosali/Samapa are to be instructed thus:
Whatever I approve of, that I desire either to achieve by taking action or to obtain by effective means. This is what I consider the chief method in this matter, and these are my instructions to you. You are in charge of many thousands of living beings. You should gain the affection of men. All men are my children, and just as I desire for my children that they should obtain welfare and happiness both in this world and the next, the same do I desire for all men. But you do not realize how far this principle goes—possibly one man among you may realize it, but even he only in part and not entirely. Reflect on it well even those of you who are well-placed. Often a man suffers imprisonment or torture and then is released from prison, without reason, and many other people suffer further. You should strive to practice impartiality. But it cannot be practiced by one possessing any of these faults—jealousy, shortness of temper, harshness, rashness, obstinacy, idleness, or slackness. You should wish to avoid such faults. The root of all this is to be even-tempered and not rush in your work. He who is slack will not act, and in your official functions you must strive, act, and work. So he who approves this should say to you, ‘Think of clearing to debt—thus and thus, does the Beloved of the Gods instruct.’ There is great advantage in conforming to this instruction and great loss in not conforming to it. For by disregarding it you will gain neither heaven nor the favor of the king. Why do I devote my mind to this matter so extensively? Because by conforming you will reach heaven and will discharge your debt to me.
This edict is to be proclaimed on the eighth day of star Tisya, and at intervals between the Tisya-day it is to be read aloud, even to a single person. By doing this you may be able to conform to my instructions. This inscription has been engraved here in order that the city magistrates should at all time see to it that men are never imprisoned or tortured without good reason. And for this purpose, I shall send out on tour every five years, an officer who is not severe or harsh; who, having investigated this matter…, shall see that they carry out my instructions. The prince at Ujjain shall send out a similar group of officers, but at intervals not exceeding three years. Similarly at Taxila when the officers go out on tour they shall investigate this, without neglecting their normal duties and shall carry out the king’s instructions.
(Asoka and the decline of the Mauryas- Romila Thapar)


The mahamatra od Tosali who are in-charge of judiciary, should be addressed thus by the command of the Beloved of the Gods: Whatever I conceive, I desire to see that into practice and fulfilled by proper means. For this I consider my instructions to you to be the principal means to that end. You are appointed over thousands of lives in order that you may surely gain the affection of the people. All men are my children. I desire for my children that they be united with all well-being and happiness of this world and the other world, similarly I wish it for all people. But you do not know the extent of this matter. Some individual officer knows it, but he, too, knows only a part of it, not the whole. See to this then, and this in policy is well established. Again there may be some individual who undergoes imprisonment or torture which causelessly turns to be the reason of his death, and many other persons also suffer from it. For that purpose you should desire to follow the middle path. But one cannot gain success through the following vices, envy, nervousness, cruelty, impatience, want of application, laziness and weariness. So you should wish that these vices (mentioned above) not be yours. The fundamentals of success are, however, steadiness and patience. He who is tired and wearied will not rise, but one should move, proceed and go ahead. This is the maxim of conduct. This is the policy which you should follow. For this reason you are to be told (thus): “See to the fulfillment of your duty (to the king).” Such and such is the instruction of the Beloved of the Gods: “SO the fulfillment of the same produces great good and non-fulfillment great calamity. And if one fails to fulfill it, one will attain neither heaven nor favor of the emperor. Why?—for enthusiasm of mind for this purpose has twofold results. If it is properly done you will gain heaven and also discharge your obligation to me.”
And this edict is to be heard on (every day of) the Tisya, and in the gap of the Tisya, on occasion it may be heard by even a single (person). Acting this thus you will be able to achieve (this object). For this purpose has this edict been engraved here so that the judicial officers may strive all the time that there may be no imprisonment of the people or their torture without reason.
And for this purpose I shall order mahanatras to go out on tour every five years, who will neither be rude nor violent but considerate in action, so that being alert in it, the judicial officers will act in accordance with my instructions. From Ujjayini, too, the prince (viceroy) will similarly send these officers and will not allow a gap on tour without overlooking their own duty, they will think this also, namely, whether the judicial officers are acting in accordance with the instruction of the king.
(Inscriptions of Asoka- N. P. Rastogi)

အက္ခရာတွေ ကျန်သေးတယ်နော်…

အသောကရဲ့ အက္ခရာများ-၁၅(အပိုင်း-၁)

မုနိသော ပဇာ မမာ။
လူအပေါင်းသည် ငါ၏ သားသမီးများဖြစ်၏။

ဒေ၀ါနံပိယသ ၀စနေန တောသလိယံ မဟာမာတ နဂလပိယောဟာလကာ။
ဝတ၀ိယ။ အံ ကိဆိ ဒခါမိ ဟကံ တံ ဣဆာမိ။
ကိံတိ။ ကံမန ပဋိဝေဒယေဟံ။
ဒုဝလတေ စ အာလဘေဟံ ဧသ ဟ မေ မောချမတ ဒုဝါလ ဧတသိ အဌသိ အံ တုဖေသု။
အနုသထိ။ တုဖေ ဟိ ဗဟူသု ပါနသဟသေသု အာယတာ။ ပနယံ ဂဆေမ သုမုနိသာနံ။ သဝေ
မုနိသော ပဇာ မမာ။ အထာ ပဇာယေ ဣဆာမိ ဟကံ။ ကိံတိ။ သဝေန ဟိတသုခေန ဟိဒလောကိက-
ပါလလောကိကာယေ ယူဇေ၀ူ တိ။ တထာ (သဝေသု) မုနိသေသု ပိ ဣဆာမိ ဟကံ နော စ ပါပုနာထ အာဝါ ဂ-
မကေ ဣယံ အဌေ။ ကေဆ ၀ ဧကပုလိသေ ပါပုနာတိ ဧတံ၊ သေ ပိ ဒေသံ နော သ၀ံ။ ဒေခတ ဟိ တုဖေ ဧတံ။
သုဝိဟိတာ ပိ နိတိ။ ဣယံ ဧက ပုလိသေ ပိ အထိ ယေ ဗံဓနံ ၀ါ ပလိကိလေသံ ၀ါ ပါပုနာတိ။ တတ ဟောတိ
အကသ္မာ တေန ဗံဓနံတိက အံနေ စ ဗဟုဇနေ ဒ၀ိယေ ဒုခီယတိ။ တတ ဣဆိတ၀ိယေ
ဟုဖေ ဟိ။ ကိံတိ။ မဈံ ပဋိပါမေဒယေမာတိ။ ဣမေဟိ စု ဇာတေဟိ နော သံပဋိပဇတိ ဣသာယ အာသုလောပေန
နိထူလယေန တုလာနာယ အနာဝူတိယ အာလသိယေန ကိလမထေန။ သေ ဣဆိတ၀ိယေ။ ကိံတိ၊ ဧတေ
ဇာတာ နော ဟုေ၀၀ု မမာတိ။ ဧတသ စ သ၀သ မူလေ အနာသုလောပေ အတူလနာ စ နိတိယံ ဧ ကိလံတေ သိယာ
န တေ ဥပဂဆေ။ သံစလိတ၀ိယေ တု ၀ဋိတ၀ိယေ ဧတ၀ိယေ ၀ါ။ ဟေ၀ံမေ၀ ဧ ဒခိယေ တုဖာက တေန ၀တ၀ိယေ။
အံန နေ ဒေခတ။ ဟေ၀ံ စ ဟေ၀ံ စ ဒေ၀ါနံပိယသ အနုသထိ။ သေ မဟာဖလေ ဧတသ သံပဋိပါဒ
မဟာ အပါယေ အသံပဋိပတိ။ ပိပဋိပါဒယမီနေ ဟိ ဧတံ နထိ သွဂသ အလဓိ နော လာဇာလဓိ။
ဒုအာဟလေ ဟိ ဣမသ ကံမသ မေ ကုတေ မနေ အတိလေကေ။ သံပဋိပဇမီနေ စု ဧတံ သွဂံ။
အာလာဓယိသထ မမ စ အာနနိယံ ဧဟထ ဣယံ စ လိပီ တိသနခတေန သောတ၀ိယ။
အံတလာ ပိ စ တိသေ ခနသိ ခနသိ ဧကေန ပိ သောတ၀ိယ ဟေ၀ံ စ ကလံတံ တုဖေ။
စဃထ သံပဋိပါဒယိတဝေ။ ဧတာယေ အဌာယေ ဣယံ လိပိ လိခိတာ ဟိဒ ဧန။
နဂလ၀ိယောဟာလကာ သသွတံ သမယံ ယုဇေ၀ူ တိ နာဂလဇနသ အကသ္မာ ပလိဗောဓေ ၀။
အကသ္မာ ပလိကိလေသေ ၀ နော သိယာ တိ။ ဧတာယေ အဌယေ ဟကံ ဓမတေ ပံစသု ပံစသု ၀သေ--
သု နိခါမယိသာမိ ဧ အခခသေ အစံဍေ သခိနာလံဘေ ဟောသတိ။ ဧတံ အဌံ ဇာနိတု တထာ
ကလံတိ အထ မမ အနသထီတိ။ ဥဇေနိတေ ပိ စု ကုမာလေ ဧတာယေ ၀ အဌာယေ နိခါမယိသ…။
ဟေဒိသံ မေ၀ ၀ဂံ နော စ အတိကာမယိသတိ တိံနိ ၀သာနိ။ ဟေ၀မေ၀ တခသိလာတေ ပိ၊ အဒါ အ…
တေ မဟာမာတာ နိခမိသံတိ အနုသယာနံ တဒါ အဟာပယိတု အတနေ ကမံ ဧတံ ပိ ဇာနိသံတိ
တံ ပိ တထာ ကလံတိ အထ လာဇိနေ အနုသထီ တိ။

ဒေ၀ါနံပိယမင်းကြီး၏ စကားတော်ဖြင့် တောသာလိပြည်အမတ်ကြီး၊ ၀ါ၊ ၀န်ကြီးတို့နှင့် မြို့ဝန်တို့အား မိန့်ကြားအပ်သည်မှာ--
တစုံတရာအား ငါမြင်၍ အလိုရှိလျှင် ဆောင်ရွက်ဖွယ် လုပ်ငန်းကို ငါစီစဉ်၍ နည်းလမ်းကို ငါ ရှာကြံပြီးသော် အရေးအကြီးဆုံးဟု ငါထင်သော နည်းလမ်းကို သင်တို့အား ညွှန်ကြားချက် ဖြစ်စေ၏။
သင်တို့သည် ထောင်ပေါင်းများစွာသော သတ္တ၀ါတို့၏ မှီခိုရာ ဖြစ်၏။ ငါတို့သည် သူတော်ကောင်းတို့၏ ကြည်ညိုခြင်းကို ခံယူကြကုန်အံ့။
ခပ်သိမ်းသော သူတို့သည် ငါ၏ သားသမီးများ ဖြစ်ကြကုန်၏။ ငါ၏ သားသမီးများအား ဤလောကနှင့် တမလွန်လောကတို့၏ စီပွားချမ်းသာအပေါင်းနှင့် ငါယှဉ်စေလိုသည်နည်းတူ၊ ခပ်သိမ်းသော သူတို့အားလည်း ငါယှဉ်စေလို၏။ ဤငါ၏ ရည်ရွယ်ချက် ရှိသ၍ သင်တို့ သိကြမည် မဟုတ်။ အကယ်၍ တယောက်တလေ သိသော်လည်း တစိတ်တဒေသကိုသာ သိပေမည်။ အလုံးစုံ သိမည် မဟုတ်ပေ။
ဤအချက်ကို သင်တို့ သတိမူကြကုန်။ ဥပဒေစည်းကမ်းများကို ကောင်းစွာ ပြဌာန်းထားငြားလည်း တစုံတယောက်သောသူသည် အကျဉ်းချထားခြင်းကို၎င်း နှိပ်စက် ညှင်းပန်းခြင်းကို၎င်း အကြောင်းမဲ့ခံရသော် ထိုအကျဉ်းခံရသူနှင့် နီးစပ်သူ (ဆွေမျိုးသားချင်း) တို့သည်၎င်း အခြား များစွာသော သူတို့သည်၎င်း အတိုင်းထက် အလွန် ဆင်းရဲ ဒုက္ခရောက်ကြရကုန်၏။
ထိုကြောင့် သင်တို့သည် မယုတ်မလွန် အလယ်အလတ်လမ်းကို လိုက်ရန် အားထုတ်ကြရာ၏။ သို့ရာတွင် ငြူစူခြင်း ပေါ့လျော့ခြင်း ကြမ်းကြုတ်ခက်ထန်ခြင်း အဆောတလင်ပြုခြင်း မကျွမ်းကျင်ခြင်း ပျင်းရိခြင်း မောပမ်းလွယ်ခြင်းတို့သည် (ကိုစိတ်နှစ်ပါး၌) ဖြစ်ပေါ်နေခဲ့သော် ဤအလယ်အလတ်လမ်းသို့ မရောက်နိုင်ရာ။ ထိုကြောင့် မိမိ၏ သဏ္ဍာန်၌ ထိုအခြင်းအရာတို့ မဖြစ်ပေါ် မကိန်းအောင်းရန် အားထုတ်ရာ၏။
ဤခပ်သိမ်းသော အခြင်းအရာတို့၏ (မဖြစ်ပေါ်ရာသော) အကြောင်းရင်းသည်ကား မပေါ့လျော့ခြင်းနှင့် အဆောတလင်မပြုခြင်း ဖြစ်၏။ (အားထုတ်ဆောင်ရွက်ရာ၌) အမြဲ မောပန်းလွယ်သော သူသည် ထိုအလယ်အလတ်လမ်းသို့ မရောက်နိုင်ရာ။
ထို့ကြောင့် သင်တို့သည် ထကြွလုံ့လပြုကြလော့။ မနားမနေ ဆောင်ရွက်ကြလော့။ သင်တို့သည် ဤအကြောင်းကို သိမြင်လျက် ဤသို့ ပြောကြားရာ၏။
ဤအမိန့်တော်ကို သင်တို့ ရှုကြကုန်။ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည် ဤသို့ ဤသို့လျှင် ညွှန်ကြားဆုန်းမပိ၏။ ထိုအဆုန်းအမတို့အား ကောင်းစွာ လိုက်နာသော် ကြီးစွာသော အကျိုးရကို ရ၍ မလိုက်နာသော် ကြီးစွာသော ပျက်စီးခြင်းတို့ ရောက်ရာ၏။ ဤအဆုန်းအမမှ ဖောက်ပြန်၍ ကျင့်သော သူတို့သည် နတ်တို့အားလည်း မနှစ်မြို့စေ။ မင်းကြီးအားလည်း မနှစ်မြို့စေ။
ငါ၏ အမှုတော်ကို အလွန်လေးစားသော စိတ်ဖြင့် ဆောင်ရွက်သူတို့သည်ကား အကျိုးနှစ်ပါးကို ပြီးစေအံ့။ ထိုသူတို့သည် ငါ၏ အဆုန်းအမကို လိုက်နာသဖြင့် နတ်ပြည်ချမ်းသာကို ရ၍ ငါမင်းကြီးအား တင်ရှိသော ၀တ္တရားကြွေးမှ ကင်းလွတ်ခြင်းသို့လည်း ရောက်ကြကုန်အံ့။
ဤကဗျည်းကို တိသ (ဖုသျှ) နက္ခတ်နှင့် ယှဉ်သော နေတို့၏ အကြား၌လည်း မကြာမကြာ တယောက်တည်းပင် ဖြစ်စေကာ ကြားနာရာ၏။ ဤသို့ ဆောင်ရွက်ခြင်းဖြင့် သင်တို့သည် မိမိတို့၏ ၀တ္တရားများကို ကျေပွန်ရန် အားထုတ်ကြကုန်လော့။
မြို့ဝန်တို့သည် မြို့သူမြို့သားတို့အား အကြောင်းမဲ့ ချုတ်ချယ်ခြင်း ညှင်းဆဲခြင်း မရှိရန် အခါခပ်သိမ်း အားထုတ်စေခြင်းအလို့ငှာ ဤကဗျည်းကို ရေးစေ၏။
ဤအလို့ငှာ ငါသည် ငါးနှစ် ငါးနှစ်မြောက်တိုင်း အမတ်ကြီးတို့ကို စေလွှတ်အံ့။ ထိုသူတို့သည် မကြမ်းထမ်း မရက်စက် သိမ်မွေ့သည် ဖြစ်လိမ့်အံ့၊ ဤအချက်ကို သတိမူလျက် ထိုအမတ်ကြီးများသည် ငါညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြကုန်အံ့။
ဤအလို့ငှာပင် ဥဇ္ဇေနီပြည်ရှိ ငါ၏ သားတော်မင်းသားသည်လည်း သုံးနှစ် မလွန်မှီ တကြိမ်ကျ အလားတူ အမှုထမ်းတို့အား စေလွှတ်ရာ၏။ တက္ကသိုလ်ပြည်မှလည်း ထိုနည်းတူ စေလွှတ်စေသတည်း။
အမတ်ကြီးတို့သည် ခရီးထွက်ခွာ သွားလာကြသောအခါ မိမိတို့၏ အမှုကိစ္စများကို မလစ်ဟင်းစေပဲ ဤကိစ္စကိုလည်း သတိမူလျက် မင်းကြီးညွှန်ကြားတော်မူသည်အတိုင်း ဆောင်ရွက်ကြစေကုန်သတည်း။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

Thus saith His Sacred Majesty: At Samapa the High Officers are to be addressed in the King's words, as follows: ' Whatsoever my views are I desire them to be acted on in practice and carried into effect by certain means. And in my opinion the chief means for attaining this purpose are my instructions to you.
"All men are my children;" and, just as I desire for my children that they may enjoy every kind of prosperity and happiness both in this world and, in the next, so also I desire the same for all men. [If you ask] "With regard to the unsubdued borderers what is the king's command to us?” [The answer is that] “The King desires that ' they should not be afraid of me, that they should trust me, and should receive from me happiness, not sorrow.' Moreover, they should grasp the truth that ' the King will bear patiently with us,' and that 'for my sake they should follow the Law of Piety and so gain both this world and the next.' “And for this purpose I give you instructions. Thereby being freed from my debt, giving instructions to you and making known my will, my inflexible resolve and promise.
Now you, acting accordingly, must do your work, and must make these people trust me and grasp the truth that "the King is to us even as a father; he loves us even as he loves himself ; we are to the King even as his children."
By instructing you and intimating my will, my inflexible resolve and promise, I shall be provided with [trained] local officials for this business, because you are in a position to make these people trust me and to ensure their prosperity both in this world and in the next, and by so doing you may win heaven and also effect my release from debt [or " discharge your debt to me "].
And for this purpose has this scripture of the law of piety been written here, in order that the High Officers may strive without ceasing both to secure the confidence of these borderers and to set them moving on the path of piety.
And this scripture must be recited at the beginning of each season of four months on the Tishya day. In the intervals also it may be recited. On occasion it may be recited even to one person. By acting this you should endeavor to fulfil my instructions.'
(Asoka, the Buddhist Emperor of India- V. A. Smith)


The High Officers of Tosali in charge of the administration of the city, are to be addressed as follows at the command of His Sacred Majesty: Whatsoever I view (as right) I want to see how it can be carried out in practice and fulfilled by proper means.
And this is regarded by me as the principal means to this end, viz., (to give) instructions to you.
For you are placed over thousands of souls l with the object of getting to the people's affection.
All men are as my children. As, on behalf of my own children, I desire that they may be provided with complete welfare and happiness both in this world and the next, the same I desire also for (all) men. Now you do not understand how far this matter goes. Some individual person understands this, but he, too, only a part, not the whole. See to it then, although you are well provided for. In administration, it happens that some individual undergoes imprisonment or torture, which accidentally becomes the cause of his death, and many other persons are deeply aggrieved over it. There must you demand that the Middle Path (i.e., moderation or justice) be observed. But one cannot achieve success through the following traits: envy, volatility, cruelty, impatience, want of application, laziness, and lethargy. "That these traits be not mine" is to be wished for. The root of the whole matter is, indeed, Steadiness and Patience. He who is tired in administration will not rise up; but one should move, advance and march on.
He who will look after this must tell you: "See to the discharge of your obligations (to the king). Such and such is the instruction of His Sacred Majesty."
Observance of same produces great good, non-observance great calamity. For if one fails to observe this, there will not be attainment of either heaven or royal favor. The reason why (there is) my excessive thought (is) that of this duty (there is) a twofold gain, for by properly fulfilling it you will win both heaven and release from your obligations to me.
And this edict is to be listened to on (every day of) the Tisya, 1 and in the intervals between the Tisya days, on auspicious occasions, it may be listened to even by individuals.
Thus doing you will be able to accomplish (this object). For this purpose has this edict been inscribed here that the city Magistrates 4 may strive all the time that there might not be the imprisonment of the citizens or their torture without cause.
And for this purpose shall I depute every five years [a Mahamatra (Jaugada text)] who would be neither harsh nor violent but considerate in action, (in order to ascertain whether (the Judicial Officers) understanding this purpose are acting thus, as (is) my injunction.
But from Ujjayim, too, the prince (governor) will, for the self -same purpose, depute a similar body of officers and will not allow (more than) three years to elapse. So also from Takhasila. When . . . these High Officers would thus set out on tour, then they would, without neglecting their own duties, will ascertain this as well, viz., whether (the Judicial Officers) are carrying out this also thus, as is the king's injunction.
(Asoka-R.K. Mookerji)

အက္ခရာတွေ ကျန်သေးတယ်နော်…

Monday, April 28, 2008

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ)

အစကတော့ တောင်ခြစ်မြောက်ခြစ်နေမှာပဲ။ နောက်တော့လဲ နှုတ်တစ်ရာ စာတစ်လုံး ဖြစ်သွားရော။

အသောကကျောက်စာတွေက အမျိုးမျိုးရှိတယ်။ အခု ပိုစ့်တင်ပြီးတဲ့ ကျောက်စာ ၁၄-ခုက ကျောက်ဆောင်ကျောက်သားပြင်တွေပေါ်မှာ ရေးထွင်းထားတာတွေမို့ ကျောင်ဆောင်စာလို့ ခေါ်တယ်။ အရေးပါအရာရောက်တဲ့ အမိန့်ပြန်တမ်းတွေဖြစ်ပြီး နိုင်ငံနေရာအနှံ့ ရေးထိုးထားတဲ့အတွက် ပဓာနကျောက်စာလို့လဲ ခေါ်တယ်။ ဘီစီ ၃ရာစုဝန်းကျင်မှာ ရေးထိုးထားတဲ့ ဒီကျောက်စာတွေကို အေဒီ ၁၉ရာစု အစောပိုင်းလောက်က စပြီး အိန္ဒိယက Ginar, Kalsi, Dhauli, Jaugada, Yerragudi, Sopara ၊ ပါကစ္စတန်က Shahbazarhi, Mansehra ဆိုတဲ့ အရပ်ဒေသ ၈-ခုမှာ ရှာတွေ့ခဲ့တာ (ဘလော့ဂ်အဆုံးမှာ Google mapနဲ့ နေရာတွေ ပြထားတယ်)။ ဒီကျောက်စာအများစုမှာ Prakritဘာသာကို Brahmiအက္ခရာနဲ့ ရေးထားတာ။ ပါကစ္စတန်က ကျောက်စာ ၂ခုမှာတော့ Kharosthiအက္ခရာနဲ့ ရေးထားတယ်။

(GINAR)

(BRAHMI SCRIPT)

Brahmiကတော့ ကမ္ဘာပေါ်မှာ အရေးအပါဆုံး အက္ခရာအမျိုးအစားတွေထဲက တစ်ခုပါ။ တောင်, အရှေ့တောင်, အရှေ့အာရှမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အက္ခရာအများစုရဲ့ အဦးအစပဲဖြစ်တယ်။ အိန္ဒိယမှာ ဘီစီ ၅ရာစုခန့်က ပေါ်ပေါက်လာခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ စတင်ဖြစ်ပေါ်ပုံ အနေအထားကတော့ အရှုပ်အထွေး အနည်းငယ် ရှိနေတယ်။

(MANSEHRA)

(KHAROSTHI SCRIPT)

Kharosthi က Brahmiနဲ့ ခေတ်ပြိုင်လို့ ပြောရင်ရတယ်။ ပုံစံအနေအထားကလဲ အတော်လေး ဆင်တယ်။ အခုလက်ရှိ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ဒေသတွေမှာ ဘီစီ ၃ရာစုဝန်းကျင်က အသုံးပြုခဲ့တာ။ Kharosthiဟာ နေ့စဉ်သုံးဖြစ်တဲ့ Prakritဘာသာစကားနဲ့ လိုက်လျောညီထွေဖြစ်အောင် ပေါ်ပေါက်လာတဲ့ အက္ခရာအမျိုးအစားဖြစ်ပြီး ရှေးဟောင်း Ghandharaဘာသာစကားဖြစ်တဲ့ Ghandhari-Prakritအတွက် အဓိကအနေနဲ့ အသုံးပြုခဲ့တဲ့ သဘောရှိတယ်။

အသစ်အဆန်းပင်လယ်ရဲ့ လှိုင်းဂယက်ထဲမှာ မြောပါရတာထက် မတိမ်ကောသေးတဲ့ ရှေးဟောင်းနှောင်းဖြစ်စမ်းချောင်းနဘေးမှာ ထိုင်ငေးရတာက ပိုပြီး ကြည်နူးစရာပဲ။ ပါဠိစာပေ လေ့လာခဲ့တာ အတော် ကြာနေပြီ။ အပီအပြင်တော့ မရှိလှသေးဘူး။ Prakritကို သင်ယူဖို့ရော အချိန်တွေ ကျန်သေးရဲ့လားမသိ။ ဘ၀ကလဲ ခပ်ပါးပါးရယ်။

အက္ခရာတွေ ကျန်သေးတယ်နော်…

Saturday, April 26, 2008

အသောကရဲ့ အက္ခရာများ-၁၄

အတြ ပုန ၀ုတံ, တသ တသ အထသ မဓုရတာယ
ထပ်တလဲလဲ ပြောနေရတာ အနက်အဓိပ္ပါယ်က ချိုမြလွန်းလို့ပါ…။

အယံ ဓံမလိပိ ဒေ၀ါနံ ပိယေန ပိယဒသိနာ လာဉာ လေခါပိတာ၊ အထိ ယော သံခိတေန, အထိ မဈိမေန, အထိ ၀ိထဋေန၊ န စ သဗတြ သဗတ ဃဋိတံ၊ မဟံတေ ဟိ ၀ိဇိတေ, ဗဟုကေ စ လိခိတေ, လိခါပေသာမိ (စေ၀) နိတျံ၊ အထိ စ အတြ ပုန ၀ုတံ, တသ တသ အထသ မဓုရတာယ, ကိံတိ စ ဇနော တထာ ပဋိပဇေယာ’တိ၊ သော သိယာ ဧ၀ံ ပိ စ၊ တတြ ကိံစိ အသမတံ လိခိတံ, အသဒိသံ ၀ါ သံယေ ကရဏံ ၀ါ အာရောစယိတွာ လိပိကရာ’ ပရာဓေန။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားကြီး ရေးသားထားရှိစေတော်မူအပ်သည်၊ အသောကမင်းတရား စာတော်အရပ်ရပ်မှာ အကျဉ်းချုပ်အားဖြင့်၎င်း, အလတ်စားအားဖြင့်၎င်း, အကျယ်စားအားဖြင့်၎င်း အထူးထူး ရှိချေသည်။ ထို့ပြင်, အားလုံး စာတော်များ၌ အခြင်းခပ်သိမ်းအားလုံး အကြွင်းမဲ့အားဖြင့် မတူတန် မစပ်ဖက်သော အရာများလည်း ရှိလေသည်၊
ထိုသို့ ဖြစ်ရပုံအကြောင်းမှာ--ကျယ်ဝန်းစွာလှသော တိုင်းနိုင်ငံကြီး အတွင်း၌ မြောက်မြားလှစွာသော တရားစာတော်များကို အမြဲးမပြတ် နိစ္စဗဒ် ရေးသားစေတော် မူလေသည်။ ထို့ပြင် ထိုတရား စာတော်များ၌ အဖန်ဖန် အထပ်ထပ် ပြဆိုချက် ပြောကြားချက်များလည်း ပါရှိလေသည်၊ ထိုသို့ဖြစ်ရခြင်းမှာ ထိုထိုတရားစကားဆိုင်ရာ ပြောဆိုရေးကိစ္စ၏့ ချိုသာသောကြောင့်၎င်း, ထိုသို့သော အလို အထူးထူးဖြင့် ထိုသို့ညွှန်ပြတိုင်း လူအပေါင်းတို့ ကျင့်ဆောင်လိုက်နာစေရန်၎င်း, ထိုသို့သော အကြောင်းများကြောင့် ဤသို့ဖြစ်၏။ ထိုတရားစာတော်များ၌ အနည်းငယ် မတူမမျှသော ရေးသားချက် စကားအသွား ရှိရသည့် အကြောင်းကား မတူကွဲးလွဲသော တရားစကား အကျဉ်းချုပ် ပြုလုပ်ပြောကြားချက်များကို တဆင့်မိန့်ပြန်ပြောကြား ရေးသားစေရာ၌ မှားယွင်း ရေးသားမိသောကြောင့် ဖြစ်လေသည်။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)

ဤတရားကဗျည်းကို နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ရေးသားစေတော်မူ၏။ အချို့ အကျဉ်းအားဖြင့်ရှိ၍ အချို့ အလယ်အလတ်အားဖြင့်ရှိပြီးလျှင် အချို့ အကျယ်အားဖြင့် ရှိလေ၏။ ခပ်သိမ်းသော ကဗျည်းတို့ကို ခပ်သိမ်းသော အရပ်တို့အဖို့ စီမံထားသည်မဟုတ်။
နိုင်ငံတော်သည် အလွန် ကျယ်ဝန်း၍ ရေးခဲ့ပြီးသော ကဗျည်းတို့သည်လည်း များစွာ၏။ အစဉ်မပြတ်လည်း ကဗျည်းတို့ကို ရေးစေဦးအံ့။ အချို့ကဗျည်းတို့ကို အထပ်ထပ်အခါခါ ရေးထိုးစေသည်မှာ ဆိုလိုရင်း အနက်၏ ရသာပေါ်၍ လူတို့ လိုက်နာကျင့်ဆောင်စေခြင်းငှာ ဖြစ်၏။ အချို့ကဗျည်းတို့အား မပြည့်မစုံ မှားမှားယွင်းယွင်း သံသယဖြစ်စေအောင် ရေးထိုးလျက်ရှိသော် ရေးထိုးသူ၏ အပြစ်ဟု အောက်မေ့ရာ၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

ဒေ၀ါနံ ပိယ ပိယဒသီမင်းသည် ဤတရားစာတို့ကို အကျဉ်း, အလတ်နှင့် အကျယ်အားဖြင့် ရေးစေ၏။ အကြောင်းကား တရားစာအားလုံးတို့သည် အရပ်, ဒေသအားလုံးတို့အတွက် မဟုတ်သောကြောင့် ဖြစ်၏။ တိုင်းကြီးပြည်ကြီး အများအပြားကို အောင်မြင်၍ များစွာသော စာတို့ကိုလည်း ရေးစေခဲ့၍ ရေးစေဦးမည်။ တခုတည်းသော စာကို အကြိမ်ကြိမ် အခါဆိုခဲ့သည်မှာ အနက်အဓိပ္ပါယ် ပေါ်လွင်ထင်ရှားစေရန်နှင့် လူတို့လိုက်နာ ကျင့်သုံးစေရန်ဖြစ်၏။ ထိုတွင် မပြည့်စုံခြင်း, ယုံမှားဖွယ်နှင့် အချို့ကြွင်းကျန်နေပါလျှင် စာရေးသူ၏ အပြစ်သာဖြစ်သည်ဟု မှတ်ယူရမည်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

'This scripture of the Law of Piety has been written by command of His Sacred Majesty the King, [in a form] sometimes condensed, sometimes of medium length, and sometimes expanded ; and everything is not brought together everywhere. For great is my dominion, and much has been written, and much shall I cause to be written. And certain phrases have been uttered again and again by reason of the honeyed sweetness of this topic or that, in the hope that the people may act accordingly. It may be that something may have been written incompletely by reason of mutilation of a passage, or of misunderstanding, or by a blunder of the writer.'
(Asoka, the Buddhist Emperor of India- V. A. Smith)

These religious edicts have been caused to be inscribed by His Sacred and Gracious l Majesty the King in abridged, medium, or expanded form. Nor, again, was all executed (or suitable) everywhere. Vast is the conquered country, much is already written and much shall I get written. There is also here something said again and again for the sweetness of the topics concerned that the people should act accordingly. There sometimes might also be writing left unfinished, taking into account the locality, or fully considering the reasons, or by the lapses of the scribe.
(Asoka-R.K. Mookerji)


This inscription of Dhamma was engraved at the command of the Beloved of the Gods, the king Piyadassi. It exists in abridged, medium-length, and extended versions, for each clause has not been engraved everywhere. Since the empire is large, much has been engraved and much has yet to be engraved. There is considerable repetition because of the beauty of certain topics, and in order that the people may conform to them. In some places it may be inaccurately engraved, whether by the omission of a passage or by lack of attention, or by the error of the engraver.
(Asoka and the decline of the Mauryas- Romila Thapar)


This religious edict has been caused to be inscribed by king Priyadarsi, the Beloved of the Gods, either in precise, medium or enlarged form. Because everything is not proper for every place. Vast is my empire, and much is already inscribed and much will I get inscribed. There is also something here which has been repeated again and again for the sweetness of their import; but why?—in order that men may act accordingly. But it may be sometimes that it may have been written in an incomplete manner, taking into account the space (available), the brevity (of expression), or due to the mistake of the scribe.
(Inscriptions of Asoka- N. P. Rastogi)

အက္ခရာတွေ ကျန်သေးတယ်နော်…

Thursday, April 24, 2008

အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၃)

တ’မေ၀ စ ၀ိဇယံ မနတု, ယေ ဓံမ-၀ိဇယော၊
တရားနှင့် အောင်နိုင်ခြင်းကိုသာ အောင်နိုင်ခြင်းလို့ မှတ်ယူသင့်တယ်။

ဒေ၀ါနံပိယ ပိယဒသီမင်းသည် အဘိသိက်ခံ၍ ၈နှစ်မြောက်၌ ကလိင်္ဂတိုင်းကို အောင်မြင်၏။ ထိုအခါ ထိုတိုင်းပြည်၌ လူပေါင်း တသိန်း ငါးသောင်း အချုပ်အနှောင်ခံရ၏။ တသိန်းမျှ သတ်ဖြတ်ခြင်းခံရ၍ ထို့ထက်များပြားသော လူတို့ သေကြေပျက်စီးကြ၏။
ကလိင်္ဂပြည်၌ ဒေ၀ါနံပိယမင်း၏ တရားကျင့်ဆောင်ခြင်း, စောင့်ရှောက်ခြင်း လိုလားခြင်းနှင့် တရားသြ၀ါဒ အနှံ့အပြား ထွန်းကားလာ၏။ သို့သော်လည်း ယခုအခါ ဒေ၀ါနံပိယမင်းအား နောင်တရနေ၏။ လူအများကို သတ်ဖြတ်ခြင်း ဖမ်းဆီးခြင်းတို့ဖြင့် အောင်ခြင်းသည် မှားသော အောင်ခြင်းဟု ယူဆ၏။ ယင်းသို့သော အောင်ခြင်းကို ဒေ၀ါနံပိယမင်းသည် ၀မ်းနည်းကြေကွဲ ၀န်လေး၏။
တိုင်းပြည်ဟူသမျှ၌ ရဟန်းပုဏ္ဏား, ဂိုဏ်းဂဏ, အိမ်ထောင်ရှင်များ ရှိကြ၏။ ထိုတွင် အမိအဖ ဆရာသမားတို့အား ကိုးကွယ်ဆည်းကပ်ခြင်း, အဆွေခင်ပွန်း, အသိမိတ်ဆွေ, ဆွေမျိုးဉာတကာ, ကျေးကျွန်သူခစားတို့၌ ကောင်းသော ကျင့်ဝတ်နှင့် လုံခြုံစွာ စောင့်ရှောက်ခြင်းသည်သာ ရှေးဦးစွာ ဆောင်ရွက်သင့်သော ၀တ္တရားဖြစ်၏။ သို့သော်လည်း ထိုတိုင်းပြည်၌ နေသူတို့သည် သတ်ဖြတ်ခြင်း, ညှင်းဆဲခြင်း, ဖျက်ဆီးခြင်း ခံကြရ၍ အေးချမ်းစွာ နေလိုသူတို့လည်း ပြည်ရွာကို စွန့်ခွါသွားကြရ၏။ သူတို့ ချစ်မြတ်နိုးသော အဆွေခင်ပွန်း, အသိအကျွမ်း, ဆွေမျိုးဉာတကာတို့လည်း ပင်ပန်းဆင်းရဲခြင်းသို့ ရောက်ကြရ၏။ သူတို့အားလုံးကိုလည်း ဖျက်ဆီးရာရောက်၍ ဒေ၀ါနံပိယမင်းသည် လွန်စွာဝန်လေးသည်ဟု ယူဆ၏။
လောက၌ ဂိုဏ်းဂဏမရှိသော, ရဟန်းပုဏ္ဏားမရှိသော, လူတို့ အညီအညွတ်ဖွဲ့စည်းထားသော အဖွဲ့အစည်း၌ ကြည်ညိုသူမရှိသော တိုင်းပြည်ဟူ၍ မရှိ။ ကလိင်္ဂတိုင်းကို အောင်သောအခါ အသတ်ခံရ, သေကြေပျက်စီးရ, အနှောင်အဖွဲ့ခံရသော လူတို့၏ အပုံတရာ, အပုံတထောင်ပုံ၍ တပုံမျှပင် ပျက်စီးစေကာမူ ဒေ၀ါနံပိယမင်းသည် အလွန်ဝန်လေးသည်ဟု ယူဆလိမ့်မည်။ ပျက်စီးအောင် ပြုလုပ်သူကိုပင် ဒေ၀ါနံပိယမင်းသည် သည်းခံသင့်သည်ဟု ယူဆ၍ သည်းခံနိုင်စွမ်း၏။
ဒေ၀ါနံ ပိယမင်းသည် နိုင်ငံအတွင်းရှိ တောင်သူလယ်သမားတို့ကိုလည်း ယဉ်ကျေးစေ၏။ တရား၌ သက်ဝင်စေ၏။ ယင်းသို့ မဆောင်ရွက်ရလျှင် ဒေ၀ါနံပိယမင်းအား ချမ်းသာမရ၊ နောင်တရနေလိမ့်မည်။ ထိုသူတို့အားလည်း “သင်တို့သည် မကောင်းမှုမှ ရှက်ကြောင်ကြလော့ မပျက်စီးကြစေလင့်”ဟု မှာကြား၏။ ဒေ၀ါနံပိယမင်းသည် သတ္တ၀ါတို့ မပျက်စီးခြင်း စောင့်စည်းခြင်း တရားကျင့်ခြင်းနှင့် ရွှင်လန်းဝမ်းသာခြင်းတို့ကို အလိုရှိ၏။
ဒေ၀ါနံပိယမင်းသည် တရားအောင်ခြင်းကို မုချအောင်ခြင်းဟု ယုံကြည်၏။ ဒေ၀ါနံပိယမင်း၏ တရားအောင်ခြင်းကို ဤနိုင်ငံနှင့် နယ်စွန်နယ်ဖျား အားလုံးတို့၌၎င်း, ယူဇနာ ရှစ်ရာဝေးကွာသော အန္တိယောဂမည်သော ယောနမင်းနိုင်ငံ၌၎င်း, ထိုနိုင်ငံ၏ တဖက်မှ တုလမယ, အန္တိကိန, မက, အလိသုဒရဟူသော မင်းလေးပါးတို့ နိုင်ငံ၌၎င်း ထိုမှတပါး အောက်ပိုင်းရှိ စောဠ, ပဏ္ဍယ, တမ္ဗပဏ္ဏိတိုင်းတို့၌၎င်း ရရှိခဲ့၏။ ထိုမှတပါး ၀ိသ, ၀ဇီ, ယောန, ကမ္ဗောဇ, နာဘက, နာဘပန္တိ, ဘောဇန, ပတိနိက္က, အဓ, ပလဒပြည်တို့၌လည်း ဒေ၀ါနံပိယမင်း၏ တရားဓမ္မသြ၀ါဒကို လိုက်နာကြ၏။ ဒေ၀ါနံပိယတမန် မရောက်သောတိုင်းပြည်တို့၌လည်း ဒေ၀ါနံပိယမင်း၏ ဓမ္မတရားသြ၀ါဒကို ကြားရ၍ တရားကို အစဉ် လိုက်နာကြ၏။ နောက်လည်း ဆက်လက် လိုက်နာကြလိမ့်မည်။
ယင်းသို့ တရားအောင်ခြင်း ဖြစ်ပေါ်လာသော နှစ်သက်ခြင်းသည် နက်ရှိုင်းသော်လည်း ပေါ့၏။ ဒေ၀ါနံပိယမင်းသည် တမလွန်လောကနှင့် စပ်လျဉ်းသော အကျိုးကိုသာ ကြီးမြတ်သည်ဟု ယူဆ၏။ ဤအတွက် ဤတရားစာကို ရေးစေခြင်းဖြစ်၏။ ငါ၏ သား, မြေးတို့သည် အသစ်ဖြစ်သော အောင်ခြင်းကို အောင်သင့်သည်ဟု မယူဆသင့်။ မြှားဖြင့် အောင်ခြင်းအစား သည်းခံခြင်းနှင့် ပေါ့ပါးသော ဒဏ်ကို နှစ်သက်ကြရမည်။ တရားအောင်ခြင်းကိုသာ အောင်ခြင်းဟု ယူဆကြရမည်။ ယင်းသည်သာ ဤလောက, နောက်လောက အတွက်ဖြစ်၏။ အလုံးစုံ ချမ်းသာကြောင်းဖြစ်သော ကြိုးစားအားထုတ်၍ရသော ချမ်းသာကိုသာ ဤလောက, နောက်လောက၌ ကြီးကျယ်မြင့်မြတ်၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

When he had been consecrated eight years the Beloved of the Gods, the king Piyadassi, conquered Kalinga. A hundred and fifty thousand people were deported, a hundred thousand were killed and many times that number perished. Afterwards, now that Kalinga was annexed, the Beloved of the Gods very earnestly practiced Dhamma, desired Dhamma, and taught Dhamma. On conquering Kalinga the Beloved of the Gods felt remorse, for, when an independent country is conquered the slaughter, death, and deportation of the people is extremely grievous to the Beloved of the Gods, and weights heavily on his mind. What is even more deplorable to the Beloved of the Gods, is that those who dwell there, whether brahmans, sramanas, or those of other sects, or householders who show obedience to their superiors, obedience to mother and father, obedience to their teachers and behave well and devotedly towards their friends, acquaintances, colleagues, relatives, slaves, and servants—all suffer violence, murder, and separation from their loved ones. Even those who are fortunate to have escaped, and whose love is undiminished (by the brutalizing effect of war), suffer from the misfortunes of their friends, acquaintances, colleagues, and relatives. This participation of all men in suffering, weights heavily on the mind of the Beloved of the Gods. Except among the Greeks, there is no land where the religious orders of brahmanas and sramanas are not to be found, and there is no land anywhere where men do not support one sect or another. Today if a hundredth or a thousandth part of those people who were killed or died or were deported when Kalinga was annexed were to suffer similarly, it would weigh heavily on the mind of the Beloved of the Gods.
the Beloved of the Gods believes that one who does wrong should be forgiven as far as it is possible to forgive him. And the Beloved of the Gods conciliates the forest tribes of his empire, but he warns them that he has power even in his remorse, and he asks them to repent, lest they be killed. For the Beloved of the Gods wishes that all beings should be unharmed, self-controlled, calm in mind, and gentle.
The Beloved of the Gods considers victory by Dhamma to be the foremost victory. And moreover the Beloved of the Gods has gained this victory on all his frontiers to a distance of six hundred yojanas (i.e. about 1500 miles), where regains the Greek king named Antiochus, and beyond the realm of that Antiochus in the land of the four kings named Ptolemy, Antigonus, Magas, and Alexander; and in the south over the Colas and Pandyas as far as Ceylon. Likewise here in the imperial territories among the Greeks and Kambojas, Nabhakas and Nabhapanktis, Bhojas and Pitinikas, Andhras and Parindas, everywhere the people follow the Beloved of the Gods’ instructions in Dhamma. Even where the envoys of the Beloved of the Gods have not gone, people hear of his conduct according to Dhamma, his precepts and his instruction in Dhamma, and they follow Dhamma and will continue to follow it.
What is obtained by this is victory everywhere, and everywhere victory is pleasant. This pleasure has been obtained through victory by Dhamma—yet it is but a slight pleasure, for the Beloved of the Gods only looks upon that as important in its results which pertains to the next world.
This inscription of Dhamma has been engraved so that any sons or great grandsons that I may have should not think of gaining new conquest, and in whatever victories they may gain should be satisfied with patience and light punishment. They should only consider conquest by Dhamma to be a true conquest, and delight in Dhamma should be their whole delight, for this is value in both this world and the next.
(Asoka and the decline of the Mauryas- Romila Thapar)

The state of Kalinga was conquered when King Pryiadarsi, the Beloved of the Gods, was consecrated eight years. One hundred and fifty thousand were carried off (as prisoner), one hundred thousand were slain, and many times as many those who were dead. Thereafter, when the state of Kalinga has been conquered, practice of Dharma, love of Dharma and elevation of that Dharma were introduced by the Beloved of the Gods. After having conquered Kalinga, the Beloved of the Gods suffered from repentance. For, when an unconquered country is conquered, it envolves bloodshed, death and imprisonment of the people and such happening are regarded as intensively painful and regrettable by the Beloved of the Gods. But this is even more serious, because there live Brahmanas, Sramanas followers of other religions and householders amog whom are established respect to elders, to parents and preceptors, proper treatment towards friends, companions, supporters and relatives, servants and dependents and sincerity of devotion, whom befalls violence, death or banishment from the dear ones. Or there are those who are well established and possess intense affection, but their friends, acquaintances, companions and relatives meet with a misery; them that (misery) become a personal violence to those (former). This (ill) luck of all men alike is felt serious by the Beloved of the Gods. And there is no state except that of the Yavanas where do not exist these religious orders, namely, the Brahamanas, and the Sramanas; and there is no place in any state where people have no faith in one sect or another. Therefore, even one hundredth or one thousandth of those who were slain, died, or were made prisoners in the state of Kalinga, is now considered serious by the Beloved of the Gods. Nay, if any one does wrong (to him), he is pardoned till the tolerable extend. Even those forest tribesmen who have come under the dominion of the Beloved of the Gods, he thinks to mould them to his way of life and thinking. Though the Beloved of the Gods repents over it, yet tells them of his might, why? so that they may confer a sense of remorse, and not be massacred. The Beloved of the Gods wishes for all living beings non-violence, self-control, equal treatment and gentleness. Conquest through the Dharmavijaya is regarded supreme by the Beloved of the Gods in his empire and the neighboring kingdoms, even as far as six hundred Yojanas, where lives king Amtiyoka, and in the neighborhood of this king Amtiyoka, the four kings namely Turamaya, Antekida, Maga and Alikasundara, (similarly) downwards, where exist the Colas, the Pandyas, as far as the Tamraparni river,-- similarly in the king’s (own) empire among the Yona and the Kambojas, the Nabhakas and the Nabhapanktis, the hereditary Bhoja rulers, Andhras and Pulinda—everywhere they follow the instructions of the Beloved of the Gods, do not go, they, listening to the doctrine of Dharma, the ordinances, and the instruction in Dharma by the Beloved of the Gods, render obedience to Dharma, and will so continue. And the victory which is thereby gained, everywhere becomes a victory enamored in love. The love has been gained (by me) in the victory through Dharma. That love, however, is a small thing. That which is connected with the other world is considered by the Beloved of the Gods as productive of important consequences. And this religious edict has been inscribed for this purpose, why?—in order that, my sons, and great grandsons, may never imagine of a new victory as worth with forgiveness and lightness of punishment. And they should regard that to be the (real) victory which is gained through Dharma. That (conquest) is good for this world and the next. May their joy be the joy through exertion. That is good for this and the other world.
(Inscriptions of Asoka- N. P. Rastogi)

အက္ခရာတွေ ကျန်သေးတယ်နော်…

အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၂)

ဒေ၀ါနံ ပိယသ ယံ အထိ အနုသောစနံ။
အသောကဘုရင်ကတော့ ကလိင်္ဂစစ်ပွဲကို အောင်နိုင်ပြီးတဲ့အခါ နောင်တရပါတယ်တဲ့။

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် အဘိသိက်ခံပြီး ရှစ်နှစ်မြောက်၌ ကလိင်္ဂတိုင်းကို အောင်မြင်တော်မူ၏။ ထိုသို့ အောင်မြင်ရာ၌ လူပေါင်း တသိန်းငါးသောင်းတို့ အကျဉ်းဆောင်ယူခံရ၍ တသိန်းအသတ်ခံရပြီးလျှင် ထို့ထက်အဆပေါင်းများစွာသော သူတို့ သေကြေပျက်စီးကြကုန်၏။
ကလိင်္ဂတိုင်းကို သိမ်းယူပြီးသည်၏ နောက်၌ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည် တရားညွှန်ပြခြင်း၌၎င်း တရားကို ခုံမင်နှစ်သက်ခြင်း၌၎င်း တရားသွန်သင်ဆုန်းမခြင်း၌၎င်း ထက်သန်လျက်ရှိချေပြီ။
ကလိင်္ဂတိုင်းကို အောင်မြင်တော်မူပြီးသော နတ်တို့ချစ်မြတ်နိုးသော မင်းကြီးသည် ယခု နောင်တရတော်မူလပြီ၊ လူတို့ အသတ်ခံရခြင်း သေကြေပျက်စီးခြင်း၊ အကျဉ်းဆောင်ယူခံရခြင်းဖြင့် ရအပ်သော အောင်ခြင်းသည် စင်စစ် အောင်ခြင်းမမည်။ ဤသို့ အောင်ရသည်အတွက် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး လွန်စွာ ၀မ်းနည်း ကြေကွဲဝန်လေးတော်မူသည်။
နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးအဖို့ ထို့ထက်ဝန်လေးသော အချက်သည်ကား ထိုကလိင်္ဂတိုင်း၌ ပုဏ္ဏားတို့သည်၎င်း ရဟန်းတို့သည်၎င်း အခြားအယူဂိုဏ်းသားတို့သည်၎င်း အိမ်ရာထောင်သူတို့သည်၎င်း နေကြကုန်၏။ ထိုသူတို့၌ သက်ကြီး ၀ါကြီး အမိအဖ ဆရာသ္မား မိတ်ဆွေ အပေါင်းအဖော် အသိအကျွမ်း ဆွေမျိုး ကျေးကျွန်အစေခံတို့အား ကောင်းစွာ ပြုစုထောက်ပံ့ရမည့် ၀တ္တရားများ တရားတော်၌ တည်မြဲစွာ ကြည်ညိုဆည်းကပ်ရမည့် ၀တ္တရာများ ရှိကြကုန်၏။ ထိုသူတို့သည် ဒဏ်အနာတရာပြုခြင်းကို၎င်း သတ်ဖြတ်ခြင်းကို၎င်း လွန်စွာ ချစ်ခင်သူတို့နှင့် ကွေကွင်းရခြင်းကို၎င်း ခံကြရ၏။ စစ်ဘေးစစ်ဒဏ်ကို ခံရသော ၎င်းတို့၏ မိတ်ဆွေ အပေါင်းအဖော် အသိအကျွမ်း ဆွေမျိုးတို့သည်လည်း ၎င်းတို့အပေါ်၌ မေတ္တာ မကင်းပြတ်သေးပဲ သေကြေပျက်စီးခြင်းသို့ ရောက်ကြရကုန်၏။ တတိုင်းပြည်လုံး ဤသို့လျှင် ပျက်စီးဆုံးရှုံးကြကုန်၏။ ဤသို့ ခပ်သိမ်းသော သူတို့ ခံကြရသည့်အတွက် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး ၀န်လေးတော်မူ၏။
မရေတွက်နိုင်သော လူသျှင် ဂိုဏ်း အစည်းအရုံးမရှိသော တိုင်းနိုင်ငံဟူ၍ (ကပ္ပါ၌) မရှိ။ ယောနတိုင်း၌ပင်လျှင် ရဟန်းပုဏ္ဏား မရှိသည်မဟုတ်။ မည်သည့်တိုင်းနိုင်ငံ၌မျှလည်း လူတို့သည် တခုတည်းသော ဂိုဏ်း၌ တလုံးတစည်းတည်း ကြည်ညိုကိုးကွယ်ကြသည်ဟူ၍ မရှိ။
ကလိင်္ဂတိုင်းကို အောင်ရာ၌ အသတ်ခံရ သေရ အကျဉ်းဆောင်ယူခံရသော လူအပေါင်းတို့၏ အပုံတရာပုံ၍ တပုံ အပုံတစ်ထောင်ပုံ၍ တပုံမျှသော သူတို့အတွက်ပင် ဒေ၀ါနံ ပိယမင်းကြီးသည် ယခု သည်းစွာ နောင်တရတော်မူလေပြီ။ မိမိအား ပြစ်မှားသူကိုပင် သည်းခံနိုင်သလောက် သီးခံသင့်သည်ဟု နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး အောက်မေ့တော်မူ၏။
နတ်တို့ချစ်မြတ်နိုးသော မင်းကြီးသည် နိုင်ငံတော်အတွင်းရှိ တောသူတောင်သားတို့အား မိမိနောင်တရလျက်နေသော်လည်း (နှိပ်ကွန်ရန်ရှိက နှိပ်ကွပ်နိုင်သော) တန်ခိုး မိမိ၌ ရှိသေးကြောင်းကို မိန့်ကြားပြီးသော် ၎င်းတို့အား ဖျောင်းဖျ၍ တရားတော်၌ သက်ဝက်ယုံကြည်စေ၏။ အဘယ်ကြောင့် ဤသို့ ဆောင်ရွက်တော်မူသနည်းဆိုသော် ထိုသူတို့သည် (မကောင်းမှုမှ) ရှက်၍ သတ်ဖြတ်ဖျက်ဆီးခြင်း မခံကြရစေရန် ဖြစ်၏။ သတ္တ၀ါအပေါင်းတို့သည် မငြိုမငြင် ကိုနှုတ်နှလုံး စောင့်စည်းကာ သင့်တင့်ညီညွတ်လျက် ပျော်ရွှင်စွာ နေထိုင်ကြစေရန် နတ်တို့ ချစ်မြတ်နိုသော မင်းကြီး အလိုရှိတော်မူ၏။
နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည် တရားတော်၏ အောင်ခြင်းကို အမြတ်ဆုံးသော အောင်ခြင်းဟု မှတ်ထင်တော်မူ၏။ ဤတရားတော်၏ အောင်ခြင်းကိုလည်း နတ်တို့ချစ်မြတ်နိုးသော မင်းကြီး အကြိမ်ကြိမ် ရတော်မူလေပြီ။ မိမိနိုင်ငံတော် အစွန်အဖျားတို့၌၎င်း ယူဇနာရှစ်ရာမျှ ကွာဝေးသော အန္တိယောဂခေါ် ယောနမင်း၏ နိုင်ငံ၌၎င်း ထိုအန္တိယောဂမင်းပိုင် နိုင်ငံ၏ အခြားဖက်ရှိ တုလမယ(တောလမီ) အန္တိကောန မဂ အလိက သုန္ဒရအမည်တော်ရှိသော မင်းလေးပါးတို့၏ နိုင်ငံတော်တို့၌၎င်း နိုင်ငံတော်၏ အောက်ဖက်(တောင်ဖက်) စောဍ (စောဠ) ပန္ဒ တမ္ဗပဏ္ဏိတိုင်းတို့၌၎င်း နိုင်ငံတော်အတွင်း ယောန ကမ္ဗောဇ နာဘက နာဘပန္တိ ဘောဇ ပိတနိက အန္ဓြ ပုလိန္ဒတိုင်းတို့၌၎င်း တရားတော်၏ အောင်ခြင်းကို ရလေပြီ။ ထိုတိုင်းနိုင်ငံခပ်သိမ်းတို့၌ (လူတို့သည်) နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး၏ တရားအဆုန်းအမ၌ တည်ကြကုန်၏။
နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး၏ တန်မန်တော်တို့ မရောက်သော တိုင်းနိုင်ငံတို့၌ပင် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး၏ တရားကျင့်သုံးဆောက်တည်ပုံ စီမံခန့်ခွဲပုံ တရားတော်၌ သွန်သင်ဆုန်းမပုံတို့ကို ကြားရသဖြင့် တရားတော်ကို လိုက်နာကြကုန်၏၊ လိုက်နာကြကုန်လတံ့။
ဤသို့သော နည်းဖြင့် ရအပ်သော အောင်ခြင်းသည် ခပ်သိမ်းသော အရပ်တို့၌ နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စေ၏။ ထိုနှစ်သက်ခြင်းသည် တရားတော်၏ အောင်ခြင်းဖြင့် ရရှိရကား ခိုင်မြဲချေ၏။ ဤနှစ်သက်ခြင်းပင် အကျိုးမများလှသေး။ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည်ကား တမနွန်လောက၏ အကျိုးကိုသာ ကြီးကျယ်မြင့်မြတ်၏ဟု မှတ်ထင်တော်မူ၏။
ဤအကျိုးငှာ ဤတရားကဗျည်းကို ရေးထိုးစေ၏။ ငါ၏ အသစ်ဖြစ်သော (တိုင်းနိုင်ငံ) အောင်ခြင်းတို့ကို ကြားရသဖြင့် ငါ၏ သားတော် မြေးတော်တို့သည် (ဤကဲ့သို့သော) အောင်ခြင်းတို့ကို တိုးတက်ရယူသင့်သည်ဟု မမှတ်ထင်ရာ။ လေးမြှားတို့ကို ပစ်လွှင့်၍ အောင်ရစေကာမူ သီးခံခြင်း သက်ညှာခြင်း (ပေါ့သော ဒဏ်ကို ပေးခြင်း) ဖြင့် ရောင့်ရဲရာသည်။ သို့ရာတွင် တရားတော်၏ အောင်ခြင်းကိုသာ စင်စစ် အောင်ခြင်းဟု မှတ်စွဲရာ၏။ ဤအောင်ခြင်းသည်သာ မျက်မှောက်လောက တမနွန်လောကအဖို့ ဖြစ်၏။
ခပ်သိမ်းသော သူတို့သည် အားထုတ်ခြင်း ချမ်းသာ၌ ကောင်းစွာ မွေ့လျော်ကြစေကုန်သတည်း။ ဤသည်သာ မျက်မှောက်လောက တမနွန်လောကအဖို့ စင်စစ်ဖြစ်၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

By His Sacred and Gracious Majesty consecrated eight years was Kalinga conquered. One hundred and fifty thousand in number were those carried off from there, a hundred thousand in number were those who were slain there, and many times as many those who were dead. Thereafter, now, the Kalingas being annexed, became intense l His Sacred Majesty's observance of Dharma, love of Dharma, and his preaching of the Dharma. There was the remorse of His Sacred Majesty having conquered the Kalingas. For where an independent country is forcibly reduced, that there are slaughter, death, and deportation of people has been considered very painful and deplorable by His Sacred Majesty. But this is considered even more grievous by His Sacred Majesty in as much as there dwell
Brahmana and Sramana ascetics, or followers of other sects, or householders, among whom are established (the following virtues), viz., obedience to elders, to parents, and preceptors, proper conduct towards friends, companions, supporters and relatives, servants and dependents and steadfastness of devotion, whom befalls there injury or slaughter or removal of their loved ones.

Or, if there are then incurring misfortune 10 the friends, acquaintances, helpmates, and relations of those whose affection (for them) is unabated, this becomes the affliction of them, too, though they are (themselves) well provided for. Thus these (ills) are of all men in equal shares but felt most by His Sacred Majesty. [There is, again, no country where do not exist these classes, viz., Brahmana and Sramana ascetics, except among the Yonas. ] There is no (place) in any country where there is not a faith of people in one or other of the sects.
Therefore, even a hundredth or the thousandth part of all those people who were wounded, slain, or carried off captives, in Kalinga, would now be considered grievous by His Sacred Majesty. Nay, even if any one does mischief, what can be forgiven is considered as fit to be forgiven by His Sacred Majesty. Even those forest peoples l who have come under the dominions of His Sacred Majesty even these he seeks to win over to his way of life and thought. And it is said unto them how even in his repentance is the might of His Sacred Majesty, so that they may be ashamed (of their crimes) and may not be killed. Indeed, His Sacred Majesty desires towards all living beings freedom from harm, restraint of passions, impartiality and cheerfulness.
And what is Dharma-vijaya? moral conquest, is considered by His Sacred Majesty the principal conquest. And this has been repeatedly won by His Sacred Majesty both here (in his dominions) and among all the frontier peoples even to the extent of six hundred yojanas where (are) the Yona king, Antiochos by name, and, beyond that Antio-chos, the four kings named Ptolemy, Antigonos, Magas and Alexander x ; below, the Cholas, Pandyas, as far as Tamraparni. Likewise, here in the king's dominion, among the Yonas l and Kambojas, among the Nabhakas and Nabhitis, (Nabhapamtis in K.), among Pitinikas, among the Andhras and Palidas, everywhere are (people) following the religious injunction of His Sacred Majesty. Even those to whom the envoys of His Sacred Majesty do not go, having heard of His Sacred Majesty's practice, ordinances, and injunctions of Dharma, themselves follow, and will follow, the Dharma. The conquest that by this is won everywhere, that conquest, again, everywhere is productive of a feeling of Love. Love is won in moral conquests. That love may be, indeed, slight, but His Sacred Majesty considers it productive of great fruit, indeed, in the world beyond.
For this purpose has this religious edict been incited that my sons and great- grandsons that may be, should not think that a new conquest ought to be made; but that if a conquest is theirs (or pleases them), they should relish forbearance and mildness of punishment, and that they should consider that only as conquest which is moral conquest. That is of both this world and the next. And be their pleasure in the renunciation of all (other aims), which is pleasure in morality. That is of both this world and the next.
(Asoka-R.K. Mookerji)

အက္ခရာတွေ ကျန်သေးတယ်နော်…