Friday, April 11, 2008

အသောကရဲ့ အက္ခရာများ-၅ (အပိုင်း-၁)

သုကရာနိ အသာဓူနိ၊ အတ္တနော အဟိတာနိ စ။
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ၊ တံ ဝေ ပရမဒုက္ကရံ။

ပျက်စီးရာပျက်စီးကြောင်းတွေကို ပြုလုပ်ဖို့ လွယ်ကူ၏။
ကောင်းရာကောင်းကြောင်းတွေကို ပြုလုပ်ဖို့ အလွန် ခက်၏။

“ဓမ္မပဒ”ထဲက ဂါထာလေးတစ်ပုဒ်။ ရှင်းရှင်းလေး။ အသောကကျောက်စာတွေမှာလဲ အဲဒီလို သဘောတရားတွေ ပါနေလို့ “အသောကဓမ္မ”လို့ ခေါ်ကြတယ်။

ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ ဧ၀ံ အာဟ, ကလာဏံ ဒုကရံ ယော အာဒိကရေ ကလာဏသ, သော ဒုကရံ ကရောတိ၊ သေ မယာ ဗဟုံ ကလာဏံ ကတံ၊ တံ ယေ မမ ပုတြာ စ ပေါတြာစ ပပေါတြာ စ, တေဟိ ယေ အပစာ အဆံတိ, အာဝ ကပံ, တထာ ယေ အနုဝတိ သံတိ, တထာ တေ သုကတံ ကဗံတိ၊ ယေ တု ဧကဒေသံ ပိ ဟာပယိသံတိ, သေ ဒုကဋံ ကဗံတိ၊ သုကရံ ဟိ ပါပေဟိ နာမ သုပဒါလယေ၊ သေ အတိကံတံ အံတရံ န ဘူတပုဝံ ဓံမ-မဟာမာတာ နာမ၊ သေ မယာ တေဒသ၀သာ ဘိသိတေန (မေ) ဓံမ-မဟာမတာ နာမ ကတာ၊ တေ သ၀-ပါသံဍေသု ဗျာပတာ, ဓံမာ’ဓိဌာနာယ စ ဓံမ၀ဎိယာ ဟိတ-သုခါယ စ။
ဓံမ-ယုတာ စ ယောန-ကံ ဗောဇ-ဂံဓာရာနံ ရဋ္ဌီက-ပိထိနိကာနံ ယေ စာ’ပိ အံနေ အပရံတာ ဗြာဟ္မဏနိဘေသု အနာထေသု ဗုဎေသု (စ) ဟိတ-သုခါယ, ဓံမ-ယုတာနံ အပလိဗောဓာယ ဗျာပတာ၊ တေ ဗံဓန-၀ဓသ ပဋိဝိဓာနာယ အပလိဗောဓာယ မောခါယ စ အယံ အနုဗံဓံ ပဇာဝတိ (၀ါ) ကတာ’ဘိကာရော’တိ ၀ါ ထေရော (မဟာလကော)’တိ ၀ါ ဗျာပတာ၊ တေ ပါဋလိပုတေ (ဟိ) စ ဗာဟိရေသု စ နဂရေသု သဝေသု သြရောဓနေသု မေ ဧ၀ံ ပိ ဘာတိနံ မေ ဘဂိနီနံ, ယေ ၀ါပိ အံနေသု ၀ါ နာတိသု သ၀တ ဗျာပတာ၊ တေ ယော အယံ ဓံမနိသိတော’တိ ၀ါ, ဓံမာ’ဓိထာနော’တိ ၀ါ, ဒါနသံယုတော’တိ ၀ါ, သ၀-ပုဌ၀ိယ ၀ိဇိတေ မမ ဓံမယုတသိ ဗျာပတာ၊ တေ ဓံမ-မဟာမာတာ ဧတာယ အယံ ဓံမလိပိ လိခိတာ, စိရဌတိကာ ဟောတု, တထာ စ မေ ပဇာ အနုဝတ(တံ) တု။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး ဤသို့ မိန့်မြွက်တော်မူပြီ၊ ကောင်းမှုကုသိုလ်မည်သည် ပြုလုပ်နိုင်ခဲးရကား ထိုကောင်းမှုကို စတည် ပြုလုပ်သူသည် ပြုနိုင်ခဲးသော ကိစ္စကို ပြုသည် မည်၏၊ ထို့ကြောင့် ငါ မင်းမြတ်သည် ကောင်းမှုကုသိုလ် များစွာကို ပြုလုပ်တော်မူပြီ၊ ထို ငါ့ ကောင်းမှုတော်များကို ငါမင်းတရား၏ သားတော်အစဉ်, မြေးတော်အဆက်, မြစ်တော် အညွန့်တို့သည်၎င်း, ၄င်းတို့နှင့်တကွ ငါ၏ နောက်၌့ ဆက်ခံ စံနေကုန်သော ဆွေတော် မျိုးတော်တို့သည်၎င်း ဤကပ္ပါ အဆုံးတိုင် ထို့နည်းတူသာလျှင် တုမှု လိုက်နာကုန်ကြအံ့, ၄င်းတို့သည်လည်း ပြုနိုင်ခဲးသော ကောင်းမှုကိုသာ ပြုသည် မည်ကုန်၏။
ထိုသို့ မဟုတ်ပဲး, ငါ့အမိန့်တော် အချို့-အ၀က်မျှကိုပင် ဆုတ်ယုတ် လျော့ပါးစေကုန်ငြားအံ့, ထိုသူတို့သည် မကောင်းမှုကို ပြုသည် မည်ကုန်၏၊ ထိုစကားမှန်၏, ယုတ်မာဆိုးဝါးသူတို့သည် မည်သည့် ကောင်းမွန်စွာ ပြုလုပ်အပ်သည့် ကောင်းမှုကို ဖျက်ဆီးရန် လွယ်ကုန်၏၊ ရှည်မြင့်လှစွာ အခါကာလ ကုန်လွန်ခဲ့သည် တိုင်အောင် တရားတော်ကြပ် အမတ်ကြီးတို့ မည်သည် မရှိစပူးချေ၊ ငါဘုရင် မင်းမြတ်သည် အဘိသိက်ခံ၍ တဆဲ့သုံးနှစ်မြောက်အခါ၌ တရားတော်၏့ ကြီးကျယ် မြင့်မြတ်ရေးအတွက် တရားကြီးကြပ် အမတ်ကြီးတို့ကို ခန့်ထားတော်မူခဲ့ပြီ၊ ထိုအမတ်ကြီးတို့ကို ဗုဒ္ဓဘာသာမှ တပါး အခြားအယူဝါဒ အထူးထူးရှိသူတို့ အတွင်းတွင် တရားတော်မှန် တာရှည်လေးမြင့် တည်ထွန်းရန်၎င်း, ကပ္ပါသူကပ္ပါသား အများသူငါတို့ ချမ်းသာရေး တိုးတက်စေရန်၎င်း အမှုတော် ထမ်းရွက်စေကုန်ပြီ။
ထိုမှတပါး ထိုတရားကြီးကြပ် အမတ်ကြီးတို့ကို ယောနကတိုင်း, ကမ္ဗောဇတိုင်း, ဂန္ဓာရတိုင်း, မဟာရရာဌီတိုင်း, ဂူဇရာဋ္ဌီတိုင်း, ပိထိနိက်တိုင်းသူတို့ အတွင်း၌၄င်း, ဤမှတပါး အပရန္တတိုင်းသားတို့ အတွင်း၌၄င်း, ထိုထိုတိုင်းတို့၌ နေထိုင်ကုန်သော ပုဏ္ဏား, သူကြွယ် ကိုးစားရာမဲ့သူ အိုမင်း ကြီးရင့်သူတို့၏့ စီးပွား-ချမ်းသာရေးအတွက်၎င်း, တရားကျင့်ဆောင်သူတို့အား အနှောင့်အယှက်ကင်းရန်၎င်း, အမှုတော် ထမ်းစေကုန်ပြီ၊ “ဤသူကား ကျေးဇူးပြုလုပ်ပေသူ”ဟု၎င်း , ဤသူကား ကျေးဇူးသိတတ်သူဟု၎င်း, ဤသူကား ဂုဏ်အရွယ် ကြီးသူတည်းဟု၎င်း (သိရှိကြ၍) နှောင်ဖွဲ့ခြင်း, သတ်ဖြတ်ခြင်းကို တားမြစ်ပိတ်ပင်ရန်၎င်း, မနှောင့်မယှက် လွတ်လပ်စေရန်၎င်း ထိုတရားကြီးကြပ် အမတ်ကြီးတို့ကို အမှုတော်ထမ်းစေကုန်ပြီ။
ထိုတရား ကြီးကြပ်အမတ်ကြီးတို့ကို ဤပါဋလိပုတ်ပြည်တော်၌၄င်း, ပါဋလိပုတ်မြို့တော်မှ အပ အခြား အားလုံးသော မြို့တို့၌၄င်း, ငါဘုရင်၏့ နန်းတွင်းသူ အပေါင်းတို့၌့၎င်း, ထို့အတူ ငါဘုရင် မင်းတရား၏့ ညီတော်, နောင်တော်, အမတော်, နှမတော်တို့အတွင်းတွင်၎င်း, ယင်းသည့် သူအားလုံးတို့အတွင်း၌ အမှုတော် ထမ်းစေကုန်ပြီ၊ ငါဘုရင်မင်းတရား၏့ နိုင်ငံတော် အရပ်ရပ် တရားကျင့်ရေးနှင့် စပ်ဆိုင်ရာ ဌာန၌ တည်မှီရာ ပြုလုပ်သည်, မည်သူသည် အလှူဒါနရေး၌ အားထုတ်လုံးပမ်းနေသည်ဟု၎င်း, ဤအားလုံးသိနိုင်ရန် ထ်ုတရား ကြီးကြပ်ရေးအမတ်ကြီးတို့ကို အမှုတော် ထမ်းစေကုန်ပြီ။ ဤသို့ တရားတော်၏့ တိုးတက်မြင့်မြတ်ရေး အကျိုးငှာသာလျှင်, ဤတရားစာတော်ကို ရေးသားထားရှိခဲ့သည့် အတိုင်း ဤတရားသည် ရှည်လျားစွာ တည်နေစေသတည်း၊ ထိုတရားအတိုင်းလည်း ငါဘုရင်၏့ တိုင်းသူပြည်သားအားလုံး လိုက်နာကြစေသတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)

Thus saith His Sacred and Gracious Majesty the King: 'A good deed is a difficult thing. He who is the author of a good deed does a difficult, thing. Now by me many good deeds have been done.
Should my sons, grandsons, and my descendants after them until the end of the aeon [" of universal destruction," G.] follow in this path, they will do well; but in this matter he who shall neglect a part of his duty [or “the commandment "] will do ill, because sin easily develops [" is an easy thing," G.].
Now in all the long time past, officers known as Censors [or "High Officers"] of the Law of Piety never had existed, whereas such Censors were created by me when I had been consecrated thirteen years. Among people of all [non-Buddhist] sects they are employed for the establishment of the Law of Piety, for the increase of that Law, and for the welfare and happiness of the subordinates of the Law of Piety Department [or 1 " the faithful of the true religion," Senart], as well as of the Yavanas, Kambojas, Gandharas, Rashtrikas, Pitinikas, with other nations on my western frontier. Among servants and masters, Brahmans and the wealthy, among the helpless and the aged, they are employed in freeing from worldly cares ["greed," G.] their subordinates [in the department] of the Law of Piety. They are also employed on the revision of [sentences of] imprisonment or execution, in the reduction of penalties, or [the grant of] release, on the grounds of motive, having children, instigation, or advanced years.
Here [in the capital; “at Fatal iputra," G.], and in all provincial towns, in the female establishments of my brothers and sisters, as well as of other relatives, they are everywhere employed. These Censors of the Law of Piety are engaged everywhere in my dominions, among the subordinate officials of that Law. With regard to the concerns of the Law, the establishment of the Law, and the business of almsgiving.
For that purpose has this scripture of the Law been written, that it may long endure, and that my subjects may act accordingly.'
(Asoka, the Buddhist Emperor of India- V. A. Smith)


နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး မိန့်တော်မူသည်မှာ--
ကောင်းမှုကို ပြုရန် ခဲယဉ်း၏၊ ကောင်းမှုကို ပြုသောသူသည် ခဲယဉ်းသောအမှုကို ပြုသည်မည်၏။ ငါသည် များစွာသော ကောင်းမှုတို့ကို ပြုလုပ်ခဲ့လေပြီ။ ငါ၏ သားမြေးတို့နှင့် ၄င်းတို့၏ အဆက်အနွယ်တို့သည် ကပ္ပါတည်သ၍ ကာလပတ်လုံး ငါ၏ နည်းတူ လိုက်နာဆောင်ရွက်ကြသော် ကောင်းမှုကို ပြုသည် မည်လတံ့။ ဤအမိန့်၏ တစိတ်တဒေသမျှကိုပင် ဖောက်ဖျက် ကျူးလွန်သော သူသည်ကား မကောင်းမှုကို ပြုသည်မည်သလတံ့။ မကောင်းဆိုးယုတ်သော အမှုတို့ကိုကား ပြုလုပ်ဆောင်ရွက်လွယ်၏။
ရှေး လွန်ပြီးသော ကာလတို့၌ ဓမ္မမဟာမာတာခေါ် တရားအမတ်ကြီးများဟူ၍ မရှိခဲ့ဘူးချေ။ ငါ အဘိသိက်ခံသည်မှ တစ်ဆယ့်သုံးနှစ်မြောက်၌ ဓမ္မမဟာမာတာခေါ် တရားအမတ်ကြီးများကို ခန့်ထားခဲ့လေပြီ။ ထိုအမတ်ကြီးများသည် တရားတည်တံ့ခိုင်မြဲစေရန်၎င်း၊ တရားကို တိုးတက်ပြန့်ပွားစေရန်၎င်း၊ တရားကျင့်သုံးဆောက်တည်သူတို့နှင့်တကွ၊ ယောန၊ ကမ္ဗောဇ၊ ဂန္ဓာရနှင့် အခြားတိုင်းစွန်ပြည်ပသားတို့၏ စီးပွားချမ်းသာအလို့ငှာ၎င်း၊ အလုံးစုံသော အယူဝါဒဂိုဏ်းတို့၌ပင် ဆောင်ရွက်လျက် ရှိကြလေပြီ။
အစေအပါးနှင့် အရှင်သခင်၊ ရဟန်းပုဏ္ဏားနှင့် အလုပ်အကျွေး၊ ခိုကိုးရာမဲ့သူ၊ သက်ရွယ်ကြီးရင့်အိုမင်းသူတို့၏ စီးပွားချမ်းသာအလို့ငှာနှင့်၊ တရားကျင့်သုံး ဆောက်တည်နေသူတို့၏ နှောင့်ရှက်ကင်းမဲ့ခြင်း အလို့ငှာလည်း (ထိုအမတ်ကြီးများ) ဆောင်ရွက်လျက်ရှိကြကုန်၏။
သားသမီးများသူ၊ ကြီးလေးသော အလုပ်တာဝန်များကို လုပ်ကိုင်ဆောင်ရွက်နေရသူ၊ အိုမင်းမစွမ်းရှိသူတို့အား နှောင်ဖွဲ့ကွပ်မျက်ခြင်းမှ တားဆီး၍၊ အနှောင့်အရှက်မရှိ၊ လွတ်ငြိမ်းချမ်းသာခွင့် ရရန်လည်း ထိုအမတ်ကြီးများ ဆောင်ရွက်လျက် ရှိကြကုန်၏။
ဤ (ပါဋလိပုတ်ပြည်)နှင့် ပြင်ပမြို့တို့ဝယ်၊ ငါ၏ ညီတော် နှမတော်နှင့် အခြား ဆွေတော်မျိုးတော်တို့၏ နန်းတော် အိမ်တော် အပေါင်းတို့နှင့် ခပ်သိမ်းသော အရပ်တို့၌ပင် ထိုအမတ်ကြီးများ ဆောင်ရွက်လျက်ရှိကြပေ၏။
ဤသို့လျှင် ငါ၏ နိုင်ငံတော်တ၀ှမ်းလုံးတွင် တရားတည်တန့်၍၊ အလှူစွဲ၌ မြဲရန်၊ ထိုတရားအမတ်ကြီးတို့သည် တရားကျင့်သုံးဆောက်တည်ကာ ဆောင်ရွက်လျက်ရှိကြကုန်၏။
ဤအလို့ငှာ ဤတရားကဗျည်းကို ရေးသားစေ၏၊ အဓွန့်ရှည်စွာ တည်မြဲပါစေသတည်း။ ငါ၏ တိုင်းသူပြည်သားတို့သည်လည်း ထို့အတိုင်း လိုက်နာပြုကျင့်နိုင်ကြပါစေသတည်း။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

No comments: