Monday, April 28, 2008

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ)

အစကတော့ တောင်ခြစ်မြောက်ခြစ်နေမှာပဲ။ နောက်တော့လဲ နှုတ်တစ်ရာ စာတစ်လုံး ဖြစ်သွားရော။

အသောကကျောက်စာတွေက အမျိုးမျိုးရှိတယ်။ အခု ပိုစ့်တင်ပြီးတဲ့ ကျောက်စာ ၁၄-ခုက ကျောက်ဆောင်ကျောက်သားပြင်တွေပေါ်မှာ ရေးထွင်းထားတာတွေမို့ ကျောင်ဆောင်စာလို့ ခေါ်တယ်။ အရေးပါအရာရောက်တဲ့ အမိန့်ပြန်တမ်းတွေဖြစ်ပြီး နိုင်ငံနေရာအနှံ့ ရေးထိုးထားတဲ့အတွက် ပဓာနကျောက်စာလို့လဲ ခေါ်တယ်။ ဘီစီ ၃ရာစုဝန်းကျင်မှာ ရေးထိုးထားတဲ့ ဒီကျောက်စာတွေကို အေဒီ ၁၉ရာစု အစောပိုင်းလောက်က စပြီး အိန္ဒိယက Ginar, Kalsi, Dhauli, Jaugada, Yerragudi, Sopara ၊ ပါကစ္စတန်က Shahbazarhi, Mansehra ဆိုတဲ့ အရပ်ဒေသ ၈-ခုမှာ ရှာတွေ့ခဲ့တာ (ဘလော့ဂ်အဆုံးမှာ Google mapနဲ့ နေရာတွေ ပြထားတယ်)။ ဒီကျောက်စာအများစုမှာ Prakritဘာသာကို Brahmiအက္ခရာနဲ့ ရေးထားတာ။ ပါကစ္စတန်က ကျောက်စာ ၂ခုမှာတော့ Kharosthiအက္ခရာနဲ့ ရေးထားတယ်။

(GINAR)

(BRAHMI SCRIPT)

Brahmiကတော့ ကမ္ဘာပေါ်မှာ အရေးအပါဆုံး အက္ခရာအမျိုးအစားတွေထဲက တစ်ခုပါ။ တောင်, အရှေ့တောင်, အရှေ့အာရှမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အက္ခရာအများစုရဲ့ အဦးအစပဲဖြစ်တယ်။ အိန္ဒိယမှာ ဘီစီ ၅ရာစုခန့်က ပေါ်ပေါက်လာခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ စတင်ဖြစ်ပေါ်ပုံ အနေအထားကတော့ အရှုပ်အထွေး အနည်းငယ် ရှိနေတယ်။

(MANSEHRA)

(KHAROSTHI SCRIPT)

Kharosthi က Brahmiနဲ့ ခေတ်ပြိုင်လို့ ပြောရင်ရတယ်။ ပုံစံအနေအထားကလဲ အတော်လေး ဆင်တယ်။ အခုလက်ရှိ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ဒေသတွေမှာ ဘီစီ ၃ရာစုဝန်းကျင်က အသုံးပြုခဲ့တာ။ Kharosthiဟာ နေ့စဉ်သုံးဖြစ်တဲ့ Prakritဘာသာစကားနဲ့ လိုက်လျောညီထွေဖြစ်အောင် ပေါ်ပေါက်လာတဲ့ အက္ခရာအမျိုးအစားဖြစ်ပြီး ရှေးဟောင်း Ghandharaဘာသာစကားဖြစ်တဲ့ Ghandhari-Prakritအတွက် အဓိကအနေနဲ့ အသုံးပြုခဲ့တဲ့ သဘောရှိတယ်။

အသစ်အဆန်းပင်လယ်ရဲ့ လှိုင်းဂယက်ထဲမှာ မြောပါရတာထက် မတိမ်ကောသေးတဲ့ ရှေးဟောင်းနှောင်းဖြစ်စမ်းချောင်းနဘေးမှာ ထိုင်ငေးရတာက ပိုပြီး ကြည်နူးစရာပဲ။ ပါဠိစာပေ လေ့လာခဲ့တာ အတော် ကြာနေပြီ။ အပီအပြင်တော့ မရှိလှသေးဘူး။ Prakritကို သင်ယူဖို့ရော အချိန်တွေ ကျန်သေးရဲ့လားမသိ။ ဘ၀ကလဲ ခပ်ပါးပါးရယ်။

အက္ခရာတွေ ကျန်သေးတယ်နော်…

Saturday, April 26, 2008

အသောကရဲ့ အက္ခရာများ-၁၄

အတြ ပုန ၀ုတံ, တသ တသ အထသ မဓုရတာယ
ထပ်တလဲလဲ ပြောနေရတာ အနက်အဓိပ္ပါယ်က ချိုမြလွန်းလို့ပါ…။

အယံ ဓံမလိပိ ဒေ၀ါနံ ပိယေန ပိယဒသိနာ လာဉာ လေခါပိတာ၊ အထိ ယော သံခိတေန, အထိ မဈိမေန, အထိ ၀ိထဋေန၊ န စ သဗတြ သဗတ ဃဋိတံ၊ မဟံတေ ဟိ ၀ိဇိတေ, ဗဟုကေ စ လိခိတေ, လိခါပေသာမိ (စေ၀) နိတျံ၊ အထိ စ အတြ ပုန ၀ုတံ, တသ တသ အထသ မဓုရတာယ, ကိံတိ စ ဇနော တထာ ပဋိပဇေယာ’တိ၊ သော သိယာ ဧ၀ံ ပိ စ၊ တတြ ကိံစိ အသမတံ လိခိတံ, အသဒိသံ ၀ါ သံယေ ကရဏံ ၀ါ အာရောစယိတွာ လိပိကရာ’ ပရာဓေန။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားကြီး ရေးသားထားရှိစေတော်မူအပ်သည်၊ အသောကမင်းတရား စာတော်အရပ်ရပ်မှာ အကျဉ်းချုပ်အားဖြင့်၎င်း, အလတ်စားအားဖြင့်၎င်း, အကျယ်စားအားဖြင့်၎င်း အထူးထူး ရှိချေသည်။ ထို့ပြင်, အားလုံး စာတော်များ၌ အခြင်းခပ်သိမ်းအားလုံး အကြွင်းမဲ့အားဖြင့် မတူတန် မစပ်ဖက်သော အရာများလည်း ရှိလေသည်၊
ထိုသို့ ဖြစ်ရပုံအကြောင်းမှာ--ကျယ်ဝန်းစွာလှသော တိုင်းနိုင်ငံကြီး အတွင်း၌ မြောက်မြားလှစွာသော တရားစာတော်များကို အမြဲးမပြတ် နိစ္စဗဒ် ရေးသားစေတော် မူလေသည်။ ထို့ပြင် ထိုတရား စာတော်များ၌ အဖန်ဖန် အထပ်ထပ် ပြဆိုချက် ပြောကြားချက်များလည်း ပါရှိလေသည်၊ ထိုသို့ဖြစ်ရခြင်းမှာ ထိုထိုတရားစကားဆိုင်ရာ ပြောဆိုရေးကိစ္စ၏့ ချိုသာသောကြောင့်၎င်း, ထိုသို့သော အလို အထူးထူးဖြင့် ထိုသို့ညွှန်ပြတိုင်း လူအပေါင်းတို့ ကျင့်ဆောင်လိုက်နာစေရန်၎င်း, ထိုသို့သော အကြောင်းများကြောင့် ဤသို့ဖြစ်၏။ ထိုတရားစာတော်များ၌ အနည်းငယ် မတူမမျှသော ရေးသားချက် စကားအသွား ရှိရသည့် အကြောင်းကား မတူကွဲးလွဲသော တရားစကား အကျဉ်းချုပ် ပြုလုပ်ပြောကြားချက်များကို တဆင့်မိန့်ပြန်ပြောကြား ရေးသားစေရာ၌ မှားယွင်း ရေးသားမိသောကြောင့် ဖြစ်လေသည်။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)

ဤတရားကဗျည်းကို နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ရေးသားစေတော်မူ၏။ အချို့ အကျဉ်းအားဖြင့်ရှိ၍ အချို့ အလယ်အလတ်အားဖြင့်ရှိပြီးလျှင် အချို့ အကျယ်အားဖြင့် ရှိလေ၏။ ခပ်သိမ်းသော ကဗျည်းတို့ကို ခပ်သိမ်းသော အရပ်တို့အဖို့ စီမံထားသည်မဟုတ်။
နိုင်ငံတော်သည် အလွန် ကျယ်ဝန်း၍ ရေးခဲ့ပြီးသော ကဗျည်းတို့သည်လည်း များစွာ၏။ အစဉ်မပြတ်လည်း ကဗျည်းတို့ကို ရေးစေဦးအံ့။ အချို့ကဗျည်းတို့ကို အထပ်ထပ်အခါခါ ရေးထိုးစေသည်မှာ ဆိုလိုရင်း အနက်၏ ရသာပေါ်၍ လူတို့ လိုက်နာကျင့်ဆောင်စေခြင်းငှာ ဖြစ်၏။ အချို့ကဗျည်းတို့အား မပြည့်မစုံ မှားမှားယွင်းယွင်း သံသယဖြစ်စေအောင် ရေးထိုးလျက်ရှိသော် ရေးထိုးသူ၏ အပြစ်ဟု အောက်မေ့ရာ၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

ဒေ၀ါနံ ပိယ ပိယဒသီမင်းသည် ဤတရားစာတို့ကို အကျဉ်း, အလတ်နှင့် အကျယ်အားဖြင့် ရေးစေ၏။ အကြောင်းကား တရားစာအားလုံးတို့သည် အရပ်, ဒေသအားလုံးတို့အတွက် မဟုတ်သောကြောင့် ဖြစ်၏။ တိုင်းကြီးပြည်ကြီး အများအပြားကို အောင်မြင်၍ များစွာသော စာတို့ကိုလည်း ရေးစေခဲ့၍ ရေးစေဦးမည်။ တခုတည်းသော စာကို အကြိမ်ကြိမ် အခါဆိုခဲ့သည်မှာ အနက်အဓိပ္ပါယ် ပေါ်လွင်ထင်ရှားစေရန်နှင့် လူတို့လိုက်နာ ကျင့်သုံးစေရန်ဖြစ်၏။ ထိုတွင် မပြည့်စုံခြင်း, ယုံမှားဖွယ်နှင့် အချို့ကြွင်းကျန်နေပါလျှင် စာရေးသူ၏ အပြစ်သာဖြစ်သည်ဟု မှတ်ယူရမည်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

'This scripture of the Law of Piety has been written by command of His Sacred Majesty the King, [in a form] sometimes condensed, sometimes of medium length, and sometimes expanded ; and everything is not brought together everywhere. For great is my dominion, and much has been written, and much shall I cause to be written. And certain phrases have been uttered again and again by reason of the honeyed sweetness of this topic or that, in the hope that the people may act accordingly. It may be that something may have been written incompletely by reason of mutilation of a passage, or of misunderstanding, or by a blunder of the writer.'
(Asoka, the Buddhist Emperor of India- V. A. Smith)

These religious edicts have been caused to be inscribed by His Sacred and Gracious l Majesty the King in abridged, medium, or expanded form. Nor, again, was all executed (or suitable) everywhere. Vast is the conquered country, much is already written and much shall I get written. There is also here something said again and again for the sweetness of the topics concerned that the people should act accordingly. There sometimes might also be writing left unfinished, taking into account the locality, or fully considering the reasons, or by the lapses of the scribe.
(Asoka-R.K. Mookerji)


This inscription of Dhamma was engraved at the command of the Beloved of the Gods, the king Piyadassi. It exists in abridged, medium-length, and extended versions, for each clause has not been engraved everywhere. Since the empire is large, much has been engraved and much has yet to be engraved. There is considerable repetition because of the beauty of certain topics, and in order that the people may conform to them. In some places it may be inaccurately engraved, whether by the omission of a passage or by lack of attention, or by the error of the engraver.
(Asoka and the decline of the Mauryas- Romila Thapar)


This religious edict has been caused to be inscribed by king Priyadarsi, the Beloved of the Gods, either in precise, medium or enlarged form. Because everything is not proper for every place. Vast is my empire, and much is already inscribed and much will I get inscribed. There is also something here which has been repeated again and again for the sweetness of their import; but why?—in order that men may act accordingly. But it may be sometimes that it may have been written in an incomplete manner, taking into account the space (available), the brevity (of expression), or due to the mistake of the scribe.
(Inscriptions of Asoka- N. P. Rastogi)

အက္ခရာတွေ ကျန်သေးတယ်နော်…

Thursday, April 24, 2008

အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၃)

တ’မေ၀ စ ၀ိဇယံ မနတု, ယေ ဓံမ-၀ိဇယော၊
တရားနှင့် အောင်နိုင်ခြင်းကိုသာ အောင်နိုင်ခြင်းလို့ မှတ်ယူသင့်တယ်။

ဒေ၀ါနံပိယ ပိယဒသီမင်းသည် အဘိသိက်ခံ၍ ၈နှစ်မြောက်၌ ကလိင်္ဂတိုင်းကို အောင်မြင်၏။ ထိုအခါ ထိုတိုင်းပြည်၌ လူပေါင်း တသိန်း ငါးသောင်း အချုပ်အနှောင်ခံရ၏။ တသိန်းမျှ သတ်ဖြတ်ခြင်းခံရ၍ ထို့ထက်များပြားသော လူတို့ သေကြေပျက်စီးကြ၏။
ကလိင်္ဂပြည်၌ ဒေ၀ါနံပိယမင်း၏ တရားကျင့်ဆောင်ခြင်း, စောင့်ရှောက်ခြင်း လိုလားခြင်းနှင့် တရားသြ၀ါဒ အနှံ့အပြား ထွန်းကားလာ၏။ သို့သော်လည်း ယခုအခါ ဒေ၀ါနံပိယမင်းအား နောင်တရနေ၏။ လူအများကို သတ်ဖြတ်ခြင်း ဖမ်းဆီးခြင်းတို့ဖြင့် အောင်ခြင်းသည် မှားသော အောင်ခြင်းဟု ယူဆ၏။ ယင်းသို့သော အောင်ခြင်းကို ဒေ၀ါနံပိယမင်းသည် ၀မ်းနည်းကြေကွဲ ၀န်လေး၏။
တိုင်းပြည်ဟူသမျှ၌ ရဟန်းပုဏ္ဏား, ဂိုဏ်းဂဏ, အိမ်ထောင်ရှင်များ ရှိကြ၏။ ထိုတွင် အမိအဖ ဆရာသမားတို့အား ကိုးကွယ်ဆည်းကပ်ခြင်း, အဆွေခင်ပွန်း, အသိမိတ်ဆွေ, ဆွေမျိုးဉာတကာ, ကျေးကျွန်သူခစားတို့၌ ကောင်းသော ကျင့်ဝတ်နှင့် လုံခြုံစွာ စောင့်ရှောက်ခြင်းသည်သာ ရှေးဦးစွာ ဆောင်ရွက်သင့်သော ၀တ္တရားဖြစ်၏။ သို့သော်လည်း ထိုတိုင်းပြည်၌ နေသူတို့သည် သတ်ဖြတ်ခြင်း, ညှင်းဆဲခြင်း, ဖျက်ဆီးခြင်း ခံကြရ၍ အေးချမ်းစွာ နေလိုသူတို့လည်း ပြည်ရွာကို စွန့်ခွါသွားကြရ၏။ သူတို့ ချစ်မြတ်နိုးသော အဆွေခင်ပွန်း, အသိအကျွမ်း, ဆွေမျိုးဉာတကာတို့လည်း ပင်ပန်းဆင်းရဲခြင်းသို့ ရောက်ကြရ၏။ သူတို့အားလုံးကိုလည်း ဖျက်ဆီးရာရောက်၍ ဒေ၀ါနံပိယမင်းသည် လွန်စွာဝန်လေးသည်ဟု ယူဆ၏။
လောက၌ ဂိုဏ်းဂဏမရှိသော, ရဟန်းပုဏ္ဏားမရှိသော, လူတို့ အညီအညွတ်ဖွဲ့စည်းထားသော အဖွဲ့အစည်း၌ ကြည်ညိုသူမရှိသော တိုင်းပြည်ဟူ၍ မရှိ။ ကလိင်္ဂတိုင်းကို အောင်သောအခါ အသတ်ခံရ, သေကြေပျက်စီးရ, အနှောင်အဖွဲ့ခံရသော လူတို့၏ အပုံတရာ, အပုံတထောင်ပုံ၍ တပုံမျှပင် ပျက်စီးစေကာမူ ဒေ၀ါနံပိယမင်းသည် အလွန်ဝန်လေးသည်ဟု ယူဆလိမ့်မည်။ ပျက်စီးအောင် ပြုလုပ်သူကိုပင် ဒေ၀ါနံပိယမင်းသည် သည်းခံသင့်သည်ဟု ယူဆ၍ သည်းခံနိုင်စွမ်း၏။
ဒေ၀ါနံ ပိယမင်းသည် နိုင်ငံအတွင်းရှိ တောင်သူလယ်သမားတို့ကိုလည်း ယဉ်ကျေးစေ၏။ တရား၌ သက်ဝင်စေ၏။ ယင်းသို့ မဆောင်ရွက်ရလျှင် ဒေ၀ါနံပိယမင်းအား ချမ်းသာမရ၊ နောင်တရနေလိမ့်မည်။ ထိုသူတို့အားလည်း “သင်တို့သည် မကောင်းမှုမှ ရှက်ကြောင်ကြလော့ မပျက်စီးကြစေလင့်”ဟု မှာကြား၏။ ဒေ၀ါနံပိယမင်းသည် သတ္တ၀ါတို့ မပျက်စီးခြင်း စောင့်စည်းခြင်း တရားကျင့်ခြင်းနှင့် ရွှင်လန်းဝမ်းသာခြင်းတို့ကို အလိုရှိ၏။
ဒေ၀ါနံပိယမင်းသည် တရားအောင်ခြင်းကို မုချအောင်ခြင်းဟု ယုံကြည်၏။ ဒေ၀ါနံပိယမင်း၏ တရားအောင်ခြင်းကို ဤနိုင်ငံနှင့် နယ်စွန်နယ်ဖျား အားလုံးတို့၌၎င်း, ယူဇနာ ရှစ်ရာဝေးကွာသော အန္တိယောဂမည်သော ယောနမင်းနိုင်ငံ၌၎င်း, ထိုနိုင်ငံ၏ တဖက်မှ တုလမယ, အန္တိကိန, မက, အလိသုဒရဟူသော မင်းလေးပါးတို့ နိုင်ငံ၌၎င်း ထိုမှတပါး အောက်ပိုင်းရှိ စောဠ, ပဏ္ဍယ, တမ္ဗပဏ္ဏိတိုင်းတို့၌၎င်း ရရှိခဲ့၏။ ထိုမှတပါး ၀ိသ, ၀ဇီ, ယောန, ကမ္ဗောဇ, နာဘက, နာဘပန္တိ, ဘောဇန, ပတိနိက္က, အဓ, ပလဒပြည်တို့၌လည်း ဒေ၀ါနံပိယမင်း၏ တရားဓမ္မသြ၀ါဒကို လိုက်နာကြ၏။ ဒေ၀ါနံပိယတမန် မရောက်သောတိုင်းပြည်တို့၌လည်း ဒေ၀ါနံပိယမင်း၏ ဓမ္မတရားသြ၀ါဒကို ကြားရ၍ တရားကို အစဉ် လိုက်နာကြ၏။ နောက်လည်း ဆက်လက် လိုက်နာကြလိမ့်မည်။
ယင်းသို့ တရားအောင်ခြင်း ဖြစ်ပေါ်လာသော နှစ်သက်ခြင်းသည် နက်ရှိုင်းသော်လည်း ပေါ့၏။ ဒေ၀ါနံပိယမင်းသည် တမလွန်လောကနှင့် စပ်လျဉ်းသော အကျိုးကိုသာ ကြီးမြတ်သည်ဟု ယူဆ၏။ ဤအတွက် ဤတရားစာကို ရေးစေခြင်းဖြစ်၏။ ငါ၏ သား, မြေးတို့သည် အသစ်ဖြစ်သော အောင်ခြင်းကို အောင်သင့်သည်ဟု မယူဆသင့်။ မြှားဖြင့် အောင်ခြင်းအစား သည်းခံခြင်းနှင့် ပေါ့ပါးသော ဒဏ်ကို နှစ်သက်ကြရမည်။ တရားအောင်ခြင်းကိုသာ အောင်ခြင်းဟု ယူဆကြရမည်။ ယင်းသည်သာ ဤလောက, နောက်လောက အတွက်ဖြစ်၏။ အလုံးစုံ ချမ်းသာကြောင်းဖြစ်သော ကြိုးစားအားထုတ်၍ရသော ချမ်းသာကိုသာ ဤလောက, နောက်လောက၌ ကြီးကျယ်မြင့်မြတ်၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

When he had been consecrated eight years the Beloved of the Gods, the king Piyadassi, conquered Kalinga. A hundred and fifty thousand people were deported, a hundred thousand were killed and many times that number perished. Afterwards, now that Kalinga was annexed, the Beloved of the Gods very earnestly practiced Dhamma, desired Dhamma, and taught Dhamma. On conquering Kalinga the Beloved of the Gods felt remorse, for, when an independent country is conquered the slaughter, death, and deportation of the people is extremely grievous to the Beloved of the Gods, and weights heavily on his mind. What is even more deplorable to the Beloved of the Gods, is that those who dwell there, whether brahmans, sramanas, or those of other sects, or householders who show obedience to their superiors, obedience to mother and father, obedience to their teachers and behave well and devotedly towards their friends, acquaintances, colleagues, relatives, slaves, and servants—all suffer violence, murder, and separation from their loved ones. Even those who are fortunate to have escaped, and whose love is undiminished (by the brutalizing effect of war), suffer from the misfortunes of their friends, acquaintances, colleagues, and relatives. This participation of all men in suffering, weights heavily on the mind of the Beloved of the Gods. Except among the Greeks, there is no land where the religious orders of brahmanas and sramanas are not to be found, and there is no land anywhere where men do not support one sect or another. Today if a hundredth or a thousandth part of those people who were killed or died or were deported when Kalinga was annexed were to suffer similarly, it would weigh heavily on the mind of the Beloved of the Gods.
the Beloved of the Gods believes that one who does wrong should be forgiven as far as it is possible to forgive him. And the Beloved of the Gods conciliates the forest tribes of his empire, but he warns them that he has power even in his remorse, and he asks them to repent, lest they be killed. For the Beloved of the Gods wishes that all beings should be unharmed, self-controlled, calm in mind, and gentle.
The Beloved of the Gods considers victory by Dhamma to be the foremost victory. And moreover the Beloved of the Gods has gained this victory on all his frontiers to a distance of six hundred yojanas (i.e. about 1500 miles), where regains the Greek king named Antiochus, and beyond the realm of that Antiochus in the land of the four kings named Ptolemy, Antigonus, Magas, and Alexander; and in the south over the Colas and Pandyas as far as Ceylon. Likewise here in the imperial territories among the Greeks and Kambojas, Nabhakas and Nabhapanktis, Bhojas and Pitinikas, Andhras and Parindas, everywhere the people follow the Beloved of the Gods’ instructions in Dhamma. Even where the envoys of the Beloved of the Gods have not gone, people hear of his conduct according to Dhamma, his precepts and his instruction in Dhamma, and they follow Dhamma and will continue to follow it.
What is obtained by this is victory everywhere, and everywhere victory is pleasant. This pleasure has been obtained through victory by Dhamma—yet it is but a slight pleasure, for the Beloved of the Gods only looks upon that as important in its results which pertains to the next world.
This inscription of Dhamma has been engraved so that any sons or great grandsons that I may have should not think of gaining new conquest, and in whatever victories they may gain should be satisfied with patience and light punishment. They should only consider conquest by Dhamma to be a true conquest, and delight in Dhamma should be their whole delight, for this is value in both this world and the next.
(Asoka and the decline of the Mauryas- Romila Thapar)

The state of Kalinga was conquered when King Pryiadarsi, the Beloved of the Gods, was consecrated eight years. One hundred and fifty thousand were carried off (as prisoner), one hundred thousand were slain, and many times as many those who were dead. Thereafter, when the state of Kalinga has been conquered, practice of Dharma, love of Dharma and elevation of that Dharma were introduced by the Beloved of the Gods. After having conquered Kalinga, the Beloved of the Gods suffered from repentance. For, when an unconquered country is conquered, it envolves bloodshed, death and imprisonment of the people and such happening are regarded as intensively painful and regrettable by the Beloved of the Gods. But this is even more serious, because there live Brahmanas, Sramanas followers of other religions and householders amog whom are established respect to elders, to parents and preceptors, proper treatment towards friends, companions, supporters and relatives, servants and dependents and sincerity of devotion, whom befalls violence, death or banishment from the dear ones. Or there are those who are well established and possess intense affection, but their friends, acquaintances, companions and relatives meet with a misery; them that (misery) become a personal violence to those (former). This (ill) luck of all men alike is felt serious by the Beloved of the Gods. And there is no state except that of the Yavanas where do not exist these religious orders, namely, the Brahamanas, and the Sramanas; and there is no place in any state where people have no faith in one sect or another. Therefore, even one hundredth or one thousandth of those who were slain, died, or were made prisoners in the state of Kalinga, is now considered serious by the Beloved of the Gods. Nay, if any one does wrong (to him), he is pardoned till the tolerable extend. Even those forest tribesmen who have come under the dominion of the Beloved of the Gods, he thinks to mould them to his way of life and thinking. Though the Beloved of the Gods repents over it, yet tells them of his might, why? so that they may confer a sense of remorse, and not be massacred. The Beloved of the Gods wishes for all living beings non-violence, self-control, equal treatment and gentleness. Conquest through the Dharmavijaya is regarded supreme by the Beloved of the Gods in his empire and the neighboring kingdoms, even as far as six hundred Yojanas, where lives king Amtiyoka, and in the neighborhood of this king Amtiyoka, the four kings namely Turamaya, Antekida, Maga and Alikasundara, (similarly) downwards, where exist the Colas, the Pandyas, as far as the Tamraparni river,-- similarly in the king’s (own) empire among the Yona and the Kambojas, the Nabhakas and the Nabhapanktis, the hereditary Bhoja rulers, Andhras and Pulinda—everywhere they follow the instructions of the Beloved of the Gods, do not go, they, listening to the doctrine of Dharma, the ordinances, and the instruction in Dharma by the Beloved of the Gods, render obedience to Dharma, and will so continue. And the victory which is thereby gained, everywhere becomes a victory enamored in love. The love has been gained (by me) in the victory through Dharma. That love, however, is a small thing. That which is connected with the other world is considered by the Beloved of the Gods as productive of important consequences. And this religious edict has been inscribed for this purpose, why?—in order that, my sons, and great grandsons, may never imagine of a new victory as worth with forgiveness and lightness of punishment. And they should regard that to be the (real) victory which is gained through Dharma. That (conquest) is good for this world and the next. May their joy be the joy through exertion. That is good for this and the other world.
(Inscriptions of Asoka- N. P. Rastogi)

အက္ခရာတွေ ကျန်သေးတယ်နော်…

အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၂)

ဒေ၀ါနံ ပိယသ ယံ အထိ အနုသောစနံ။
အသောကဘုရင်ကတော့ ကလိင်္ဂစစ်ပွဲကို အောင်နိုင်ပြီးတဲ့အခါ နောင်တရပါတယ်တဲ့။

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် အဘိသိက်ခံပြီး ရှစ်နှစ်မြောက်၌ ကလိင်္ဂတိုင်းကို အောင်မြင်တော်မူ၏။ ထိုသို့ အောင်မြင်ရာ၌ လူပေါင်း တသိန်းငါးသောင်းတို့ အကျဉ်းဆောင်ယူခံရ၍ တသိန်းအသတ်ခံရပြီးလျှင် ထို့ထက်အဆပေါင်းများစွာသော သူတို့ သေကြေပျက်စီးကြကုန်၏။
ကလိင်္ဂတိုင်းကို သိမ်းယူပြီးသည်၏ နောက်၌ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည် တရားညွှန်ပြခြင်း၌၎င်း တရားကို ခုံမင်နှစ်သက်ခြင်း၌၎င်း တရားသွန်သင်ဆုန်းမခြင်း၌၎င်း ထက်သန်လျက်ရှိချေပြီ။
ကလိင်္ဂတိုင်းကို အောင်မြင်တော်မူပြီးသော နတ်တို့ချစ်မြတ်နိုးသော မင်းကြီးသည် ယခု နောင်တရတော်မူလပြီ၊ လူတို့ အသတ်ခံရခြင်း သေကြေပျက်စီးခြင်း၊ အကျဉ်းဆောင်ယူခံရခြင်းဖြင့် ရအပ်သော အောင်ခြင်းသည် စင်စစ် အောင်ခြင်းမမည်။ ဤသို့ အောင်ရသည်အတွက် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး လွန်စွာ ၀မ်းနည်း ကြေကွဲဝန်လေးတော်မူသည်။
နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးအဖို့ ထို့ထက်ဝန်လေးသော အချက်သည်ကား ထိုကလိင်္ဂတိုင်း၌ ပုဏ္ဏားတို့သည်၎င်း ရဟန်းတို့သည်၎င်း အခြားအယူဂိုဏ်းသားတို့သည်၎င်း အိမ်ရာထောင်သူတို့သည်၎င်း နေကြကုန်၏။ ထိုသူတို့၌ သက်ကြီး ၀ါကြီး အမိအဖ ဆရာသ္မား မိတ်ဆွေ အပေါင်းအဖော် အသိအကျွမ်း ဆွေမျိုး ကျေးကျွန်အစေခံတို့အား ကောင်းစွာ ပြုစုထောက်ပံ့ရမည့် ၀တ္တရားများ တရားတော်၌ တည်မြဲစွာ ကြည်ညိုဆည်းကပ်ရမည့် ၀တ္တရာများ ရှိကြကုန်၏။ ထိုသူတို့သည် ဒဏ်အနာတရာပြုခြင်းကို၎င်း သတ်ဖြတ်ခြင်းကို၎င်း လွန်စွာ ချစ်ခင်သူတို့နှင့် ကွေကွင်းရခြင်းကို၎င်း ခံကြရ၏။ စစ်ဘေးစစ်ဒဏ်ကို ခံရသော ၎င်းတို့၏ မိတ်ဆွေ အပေါင်းအဖော် အသိအကျွမ်း ဆွေမျိုးတို့သည်လည်း ၎င်းတို့အပေါ်၌ မေတ္တာ မကင်းပြတ်သေးပဲ သေကြေပျက်စီးခြင်းသို့ ရောက်ကြရကုန်၏။ တတိုင်းပြည်လုံး ဤသို့လျှင် ပျက်စီးဆုံးရှုံးကြကုန်၏။ ဤသို့ ခပ်သိမ်းသော သူတို့ ခံကြရသည့်အတွက် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး ၀န်လေးတော်မူ၏။
မရေတွက်နိုင်သော လူသျှင် ဂိုဏ်း အစည်းအရုံးမရှိသော တိုင်းနိုင်ငံဟူ၍ (ကပ္ပါ၌) မရှိ။ ယောနတိုင်း၌ပင်လျှင် ရဟန်းပုဏ္ဏား မရှိသည်မဟုတ်။ မည်သည့်တိုင်းနိုင်ငံ၌မျှလည်း လူတို့သည် တခုတည်းသော ဂိုဏ်း၌ တလုံးတစည်းတည်း ကြည်ညိုကိုးကွယ်ကြသည်ဟူ၍ မရှိ။
ကလိင်္ဂတိုင်းကို အောင်ရာ၌ အသတ်ခံရ သေရ အကျဉ်းဆောင်ယူခံရသော လူအပေါင်းတို့၏ အပုံတရာပုံ၍ တပုံ အပုံတစ်ထောင်ပုံ၍ တပုံမျှသော သူတို့အတွက်ပင် ဒေ၀ါနံ ပိယမင်းကြီးသည် ယခု သည်းစွာ နောင်တရတော်မူလေပြီ။ မိမိအား ပြစ်မှားသူကိုပင် သည်းခံနိုင်သလောက် သီးခံသင့်သည်ဟု နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး အောက်မေ့တော်မူ၏။
နတ်တို့ချစ်မြတ်နိုးသော မင်းကြီးသည် နိုင်ငံတော်အတွင်းရှိ တောသူတောင်သားတို့အား မိမိနောင်တရလျက်နေသော်လည်း (နှိပ်ကွန်ရန်ရှိက နှိပ်ကွပ်နိုင်သော) တန်ခိုး မိမိ၌ ရှိသေးကြောင်းကို မိန့်ကြားပြီးသော် ၎င်းတို့အား ဖျောင်းဖျ၍ တရားတော်၌ သက်ဝက်ယုံကြည်စေ၏။ အဘယ်ကြောင့် ဤသို့ ဆောင်ရွက်တော်မူသနည်းဆိုသော် ထိုသူတို့သည် (မကောင်းမှုမှ) ရှက်၍ သတ်ဖြတ်ဖျက်ဆီးခြင်း မခံကြရစေရန် ဖြစ်၏။ သတ္တ၀ါအပေါင်းတို့သည် မငြိုမငြင် ကိုနှုတ်နှလုံး စောင့်စည်းကာ သင့်တင့်ညီညွတ်လျက် ပျော်ရွှင်စွာ နေထိုင်ကြစေရန် နတ်တို့ ချစ်မြတ်နိုသော မင်းကြီး အလိုရှိတော်မူ၏။
နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည် တရားတော်၏ အောင်ခြင်းကို အမြတ်ဆုံးသော အောင်ခြင်းဟု မှတ်ထင်တော်မူ၏။ ဤတရားတော်၏ အောင်ခြင်းကိုလည်း နတ်တို့ချစ်မြတ်နိုးသော မင်းကြီး အကြိမ်ကြိမ် ရတော်မူလေပြီ။ မိမိနိုင်ငံတော် အစွန်အဖျားတို့၌၎င်း ယူဇနာရှစ်ရာမျှ ကွာဝေးသော အန္တိယောဂခေါ် ယောနမင်း၏ နိုင်ငံ၌၎င်း ထိုအန္တိယောဂမင်းပိုင် နိုင်ငံ၏ အခြားဖက်ရှိ တုလမယ(တောလမီ) အန္တိကောန မဂ အလိက သုန္ဒရအမည်တော်ရှိသော မင်းလေးပါးတို့၏ နိုင်ငံတော်တို့၌၎င်း နိုင်ငံတော်၏ အောက်ဖက်(တောင်ဖက်) စောဍ (စောဠ) ပန္ဒ တမ္ဗပဏ္ဏိတိုင်းတို့၌၎င်း နိုင်ငံတော်အတွင်း ယောန ကမ္ဗောဇ နာဘက နာဘပန္တိ ဘောဇ ပိတနိက အန္ဓြ ပုလိန္ဒတိုင်းတို့၌၎င်း တရားတော်၏ အောင်ခြင်းကို ရလေပြီ။ ထိုတိုင်းနိုင်ငံခပ်သိမ်းတို့၌ (လူတို့သည်) နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး၏ တရားအဆုန်းအမ၌ တည်ကြကုန်၏။
နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး၏ တန်မန်တော်တို့ မရောက်သော တိုင်းနိုင်ငံတို့၌ပင် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး၏ တရားကျင့်သုံးဆောက်တည်ပုံ စီမံခန့်ခွဲပုံ တရားတော်၌ သွန်သင်ဆုန်းမပုံတို့ကို ကြားရသဖြင့် တရားတော်ကို လိုက်နာကြကုန်၏၊ လိုက်နာကြကုန်လတံ့။
ဤသို့သော နည်းဖြင့် ရအပ်သော အောင်ခြင်းသည် ခပ်သိမ်းသော အရပ်တို့၌ နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စေ၏။ ထိုနှစ်သက်ခြင်းသည် တရားတော်၏ အောင်ခြင်းဖြင့် ရရှိရကား ခိုင်မြဲချေ၏။ ဤနှစ်သက်ခြင်းပင် အကျိုးမများလှသေး။ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည်ကား တမနွန်လောက၏ အကျိုးကိုသာ ကြီးကျယ်မြင့်မြတ်၏ဟု မှတ်ထင်တော်မူ၏။
ဤအကျိုးငှာ ဤတရားကဗျည်းကို ရေးထိုးစေ၏။ ငါ၏ အသစ်ဖြစ်သော (တိုင်းနိုင်ငံ) အောင်ခြင်းတို့ကို ကြားရသဖြင့် ငါ၏ သားတော် မြေးတော်တို့သည် (ဤကဲ့သို့သော) အောင်ခြင်းတို့ကို တိုးတက်ရယူသင့်သည်ဟု မမှတ်ထင်ရာ။ လေးမြှားတို့ကို ပစ်လွှင့်၍ အောင်ရစေကာမူ သီးခံခြင်း သက်ညှာခြင်း (ပေါ့သော ဒဏ်ကို ပေးခြင်း) ဖြင့် ရောင့်ရဲရာသည်။ သို့ရာတွင် တရားတော်၏ အောင်ခြင်းကိုသာ စင်စစ် အောင်ခြင်းဟု မှတ်စွဲရာ၏။ ဤအောင်ခြင်းသည်သာ မျက်မှောက်လောက တမနွန်လောကအဖို့ ဖြစ်၏။
ခပ်သိမ်းသော သူတို့သည် အားထုတ်ခြင်း ချမ်းသာ၌ ကောင်းစွာ မွေ့လျော်ကြစေကုန်သတည်း။ ဤသည်သာ မျက်မှောက်လောက တမနွန်လောကအဖို့ စင်စစ်ဖြစ်၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

By His Sacred and Gracious Majesty consecrated eight years was Kalinga conquered. One hundred and fifty thousand in number were those carried off from there, a hundred thousand in number were those who were slain there, and many times as many those who were dead. Thereafter, now, the Kalingas being annexed, became intense l His Sacred Majesty's observance of Dharma, love of Dharma, and his preaching of the Dharma. There was the remorse of His Sacred Majesty having conquered the Kalingas. For where an independent country is forcibly reduced, that there are slaughter, death, and deportation of people has been considered very painful and deplorable by His Sacred Majesty. But this is considered even more grievous by His Sacred Majesty in as much as there dwell
Brahmana and Sramana ascetics, or followers of other sects, or householders, among whom are established (the following virtues), viz., obedience to elders, to parents, and preceptors, proper conduct towards friends, companions, supporters and relatives, servants and dependents and steadfastness of devotion, whom befalls there injury or slaughter or removal of their loved ones.

Or, if there are then incurring misfortune 10 the friends, acquaintances, helpmates, and relations of those whose affection (for them) is unabated, this becomes the affliction of them, too, though they are (themselves) well provided for. Thus these (ills) are of all men in equal shares but felt most by His Sacred Majesty. [There is, again, no country where do not exist these classes, viz., Brahmana and Sramana ascetics, except among the Yonas. ] There is no (place) in any country where there is not a faith of people in one or other of the sects.
Therefore, even a hundredth or the thousandth part of all those people who were wounded, slain, or carried off captives, in Kalinga, would now be considered grievous by His Sacred Majesty. Nay, even if any one does mischief, what can be forgiven is considered as fit to be forgiven by His Sacred Majesty. Even those forest peoples l who have come under the dominions of His Sacred Majesty even these he seeks to win over to his way of life and thought. And it is said unto them how even in his repentance is the might of His Sacred Majesty, so that they may be ashamed (of their crimes) and may not be killed. Indeed, His Sacred Majesty desires towards all living beings freedom from harm, restraint of passions, impartiality and cheerfulness.
And what is Dharma-vijaya? moral conquest, is considered by His Sacred Majesty the principal conquest. And this has been repeatedly won by His Sacred Majesty both here (in his dominions) and among all the frontier peoples even to the extent of six hundred yojanas where (are) the Yona king, Antiochos by name, and, beyond that Antio-chos, the four kings named Ptolemy, Antigonos, Magas and Alexander x ; below, the Cholas, Pandyas, as far as Tamraparni. Likewise, here in the king's dominion, among the Yonas l and Kambojas, among the Nabhakas and Nabhitis, (Nabhapamtis in K.), among Pitinikas, among the Andhras and Palidas, everywhere are (people) following the religious injunction of His Sacred Majesty. Even those to whom the envoys of His Sacred Majesty do not go, having heard of His Sacred Majesty's practice, ordinances, and injunctions of Dharma, themselves follow, and will follow, the Dharma. The conquest that by this is won everywhere, that conquest, again, everywhere is productive of a feeling of Love. Love is won in moral conquests. That love may be, indeed, slight, but His Sacred Majesty considers it productive of great fruit, indeed, in the world beyond.
For this purpose has this religious edict been incited that my sons and great- grandsons that may be, should not think that a new conquest ought to be made; but that if a conquest is theirs (or pleases them), they should relish forbearance and mildness of punishment, and that they should consider that only as conquest which is moral conquest. That is of both this world and the next. And be their pleasure in the renunciation of all (other aims), which is pleasure in morality. That is of both this world and the next.
(Asoka-R.K. Mookerji)

အက္ခရာတွေ ကျန်သေးတယ်နော်…

အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၁)

စစ်နဲ့ ငြိမ်းချမ်းရေးတဲ့။ ဘယ်ဟာက အရသာပိုရှိလဲ မသိဘူး။

အဌ၀သာ’ဘိသိတသ ဒေ၀ါနံ ပိယသ ပိယ ဒသိနော ရာဇိနော ကလိင်္ဂါ ၀ိဇီတာ, ဒိယဎမာတေ ပါဏသတ-သယသေ ဧတတော အပ၀ုဠေ, သတသဟသ မာတေ တတြ ဟတေ, ဗဟု တာဝတတေ ၀ါ မတေ၊ တတော ပဆာ အဓုနာ လဓေသု ကလိင်္ဂေသု, တိဝေ ဓံမ၀ါယာမေ ဓံမကာမတာ ဓံမာ’နုသထိ စ ဒေ၀ါနံ ပိယသ ယံ အထိ အနုသောစနံ, ဒေဝါနံ ပိယသ ၀ိဇိနိတု ကလိင်္ဂါနိ, အ၀ိဇိတံ ဟိ ၀ိဇိတံ မံနေ၊ ယေ တတြ ၀ဓော ၀ါ မရဏံ ၀ါ အပ၀ါဟော ၀ါ ဇနသ, သေ ဗာဠံ ဝေဒနိယ မတံ စ ဂရုမတံ စ ဒေ၀ါနံ ပိယသ၊ ဣမံ ပိ စ တတော ဂုရုမတ တရံ ဒေ၀ါနံ ပိယသ၊ သဗတြ ၀သံတိ ဗြာဟ္မဏာ ၀ါ သမဏာ ၀ါ အံနေ ၀ါ ပါသံဍာ ဂဟဌာ ၀ါ, ယေသု ၀ိဟိတာ, ဧသာ အဂတူတာ သုသူသာ မာတာ ပိတိသု, သုသူသာ ဂုရူသု, မိတ သံထုတ-သဟာယ-နာတိကေသု ဒါသဘဋကေသု သံမ ပဋိပတိ, ဒိဠတတိတာ။
တေသံ တတြ ဟောတိ ဥပဃာတော ၀ါ ၀ဓော ၀ါ အဘိရတာနံ ၀ါ ၀ိနီခမနေ၊ ယေသံ ၀ါ ပိ သံဝိဟိတာနံ သိနေဟော အ၀ိပဟိနော, ဧတေသံ မိတသံထုတ-သဟာယ နာတိကာ ၀ိယသနံ ပါပုဏာတိ၊ တတြ သော ပိ တေသံ ဧ၀ ဥပဃာတော ဟောတိ, ပဋိဘာဂေါ စ၊ ဧတံ သ၀-မနုသာနံ ဂုရုမတံ စ ဒေ၀ါနံ ပိယသ၊ နထိ စ သေ ဇနပဒေ, ယတြ ဣမေ နိကာယာ အနံတာ, ယေ နေသဗြာဟ္မဏေ စ သမဏေ စ, နထိ စ ကုဝါပိ ဇုနပဒသိ, ယတြ နထိ စ မနုအာနံ ဧကရတိမှိ ပိ ပါသံဍမှိ နာမ ပသာဒေါ၊ သော အာဝါတကေ ဇနေ, တဒါ ကလိင်္ဂေသု ဟတော စ လဓေသု ဟတော စ မတော စ အပ၀ုဠော စ တထော သတဘာဂေါ ၀ါ သလဘဘာဂေါ ၀ါ ဒေ၀ါနံ ပိယသ။
ယော ပိ စ အပကရေတိ, ဆမိတ၀ိယ-မတေ ဝေါ ဒေ၀ါနံ ပိယသ, ယံ သကံ ဆမိတဝေ၊ ယာ ပိ စ အဋ၀ိယော ဒေ၀ါနံ ပိယသ ၀ိဇိတေ ဟောတိ, တံ ပိ အနုနယတိ, အနုနိဈာပယတိ၊ အနုတာပေါ ပိ စ ပဘဝေ ဒေ၀ါနံ ပိယသ၊ ၀ုစတေ တေသံ ဒေ၀ါနံ ပိယသ, ကိံတိ အ၀တြပေယု, န စ ဟနေယု၊ ဣဆတိ ဟိ သ၀ဘူတာနံ, ဣဆတိ စ သံယမံ စ သမစရိယံ စ မာဒ၀ံ စ၊ အယံ စ မုခ မတော ၀ိဇယေ ဒေ၀ါနံ ပိယသ, ယေ ဓံမ၀ိဇယော, သော ပုန လဓော၊ ဒေ၀ါနံ ပိယသ ဣဟ စ အံတေသု အဌသု ပိ ယောဇန-သတေသု, ယတြ အံတိယောဂေါ နာမ ယောန-ရာဇာ, ပရံ စ တေန အံတိယောဂေန စတ္တရော ရာဇာနော, တုလမယေ စ နာမ, အံတိကိနေ စ နာမ, မကာ စ နာမ, အလိကသုဒရေ စ နာမ။
နိစံ စောဠ-၀ံဍိယ အာဝံ တံဗပံဏိယာ, ဟေ၀’ မာဝ ဟေ၀’ မေ၀ ဣဓ ရာဇာ ၀ိသယမှိ ယောန ကံဗောဇေသု နာမ(ကေ) နာဘိပံတိသု ဘောဇ-ပိထိနိကေသု အံဓပုလိဒေသု, သ၀တြ ဒေ၀ါနံ ပိယသ မံမာနုသထိ အနုဝ တရေ၊ ယတြ ပိ ဒုတာ ဒေ၀ါနံ ပိယသ ဒုတာ န ယံတိ, တေပိ သုတွာ ဒေ၀ါနံ ပိယသ ဓံမ၀ုတံ ၀ိဓာနံ ဓံမနုသထိစ, ဓံမ ၀ဓိယံတိ စ၊ ယေ စ လဓေ ဧတကေန ဟောတိ, သ၀တြ ၀ိဇယော, သဝတြ ပုန ဝိဇယော ပီတိရသော, (သော လဓာ သာ ဟောတိပီတိ၊) ပိတိ ဓံမ-ရဇိယမှိ လဟုကာ တု ခေါ, သာ ပီတိ ပါရံတိက’ မေ၀ မဟဖလာ မံနတိ ဒေ၀ါနံ ပိယာ ဧတာယ စ အထာယ အယံ ဓံမလိပိ လိခိတာ, ကိံတိ ပုတာxပပေါတာမေ အသု န၀ံ ၀ိဇယံ မာ ၀ိဇိတ၀ိယံ မနိသု၊ သရကသေ ဧ၀ ၀ိဇယမှိ ခံတိ စ လဟုဒံဍတာ စ ရောစေတု၊ တ’မေ၀ စ ၀ိဇယံ မနတု, ယေ ဓံမ-၀ိဇယော၊ သော ဟိဓ လောကိကော ပရလောကိကော၊ သ၀ါ စ နိရတိ ဟောတု, ယာ ဥပယာမရတိ၊ သာ ဟိ ဣဟလောကိကာ စ ပရလောကိကာ စ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ် အဘိသိက် ခံယူတော်မူ၍့ ရှစ်နှစ်မြောက်တွင် ကလိင်္ဂတိုင်းကို အောင်မြင်တော်မူလေသည်၊ ထိုအရေးကိစ္စ၌ တသိန်းခွဲမျှသော ကလိင်္ဂတိုင်းသားတို့သည် ထိုတိုင်းပြည်မှ ထွက်ပြေးကြကုန်၍့ တသိန်းမျှလောက်တို့သည်၎င်း ထို့ထက် မြောက်မြားစွာ၎င်း သေကြေပျက်စီးကြကုန်ပြီ၊ ထိုမှ နောက်ဖြစ်သည့် ကလိင်္ဂတိုင်းကို ရရှိအောင်မြင်ပြီးသော ယခုအခါ၌ တရားတော်ဝယ် စိတ်လက်ထက်သန်စွာ လုံ့လစိုက်ခြင်း, တရားမှန်ကို လိုလားခြင်း, တရားမှန်ကို သြ၀ါဒပြုခြင်းများ၌ ကြောင့်ကြနေထိုင်သော အသောကမင်းတြားမြတ်အား ကလိင်္ဂတိုင်းကို အောင်မြင်လိုက်မိခြင်းကိုပင် မအောင်ရမည်ကို အောင်မြင်မိယောင်တကားဟု စိုးရိမ်ကြောင့်ကြ နောင်တဖြစ်တော်မူရလေသည်။
ထိုကလိင်္ဂတိုင်းကို အောင်မြင်ခဲ့ရာတွင် သတ်ပုတ်ခြင်း, သေကြေခြင်း, ထွက်ပြေးခြင်း ဖြစ်ကြသည့် လူအပေါင်းတို့ အတွက်လည်း မင်းတကာတို့ ချစ်ကြည် လေးစားရာဖြစ်သော အသောက မင်းတြားသည် ဤအချက်ကိုလည်း ထို့ထက်ဆပွား မြောက်မြားကြီးလေးသော ၀န်ထုပ်ဝန်ပိုးကြီး ထင်မှတ်စွဲးယူတော်မူ၏၊(အဘယ်အရာနည်း ဟူသော်) ထိုကလိင်္ဂတိုင်းပြည် ထက်ဝန်းကျင်၌ ပုဏ္ဏားသူစင်, ရဟန်းသူမြတ်နှင့် ထိုမှတပါးသော အခြား ဘာသာဝင်သူ လူပုဂ္ဂိုလ်ပေါင်းများစွာတို့ နေထိုင်တည်ရှိကုန်၏၊ ထိုဆိုခဲ့ပြီး ပုဂ္ဂိုလ် လူသူအစားစားတို့၌ အသီးသီးတည်ရှိကြသည်ဖြစ်၍ အထွတ်အမြတ် အပိုင်းအဖို့ဖြစ်ကုန်သော အမိအဘတို့၌ နားထောင်လိုက်နာခြင်း, ဆရာသမားတို့၌ နာယူကျင့်ဆောင်ခြင်း, အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ အဖော်သဟယ်း ဆွေမျိုး ဉာတိတို့နှင့် ကျွန်အစေအပါးတို့၌ ကောင်းစွာ ကျင့်ဆောင်ကြခြင်း, မြဲးစွဲးစွာ ဆည်းကပ်ခစားခြင်း ဟူသော တရားမှန် အကျင့်များ ရှိကုန်၏၊ ထိုကလိင်္ဂတိုင်း ပျက်စီးရာ၌ ထိုဆိုခဲ့သော သူတို့၏့ ထိုအကျင့်ရှိသူများ ပျက်စီးခြင်း, သေကြေခြင်း, မိမိတို့ မွေ့လျော်ရာ အရပ်မှ ထွက်ခွာပြေးလွှားရခြင်းများ ထင်ရှားဖြစ်ရလေ၏၊ ဆိုင်ရာတရားကျင့်ဝတ်၌ တည်ကြစေကာ, ချစ်ခင်တသ်မက်ခြင်းကို မဖျက်ပယ်နိုင်ကြသေးကုန်သော ထိုထိုပုဂ္ဂိုလ်တို့၏့ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ အဖော်အပေါင်းဆွေမျိုးအပေါင်းတို့သည် ပျက်စီးခြင်းဖြစ်ကြကုန်၏၊ ယင်းသို့ ဖြစ်ပျက်ရခြင်းသည်လည်း ၎င်းတို့၏့ ပျက်စီးရခြင်းနှင့် ပျက်စီးခြင်းအဖို့အစုရခြင်းပင် ဖြစ်လေသည်၊ ဤကဲ့သို့ ဖြစ်ပျက်ရခြင်းကိစ္စကို မင်းတကာတို့ ချစ်ကြည် လေးစားအပ်သည့် အသောက မင်းတြားမှာ သူတကာတို့ထက် ပိုမို လွန်ကဲး၍ ကြီးလေသော ဒုက္ခ၀န်ထုပ်ဝန်ပိုးကြီး ထင်မှတ်စွဲးယူတော်မူသည်။
ဤလောက၌ မြောက်မြားစွာသော တိုင်းပြည်နိုင်ငံဇနပုဒ်တို့တွင် တစုံတခုသော နိုင်ငံမျှ ရဟန်းပုဏ္ဏားသူတော်သူမြတ် မရှိကင်းမဲ့သော တိုင်းနိုင်ငံဟု မရှိချေ၊ ထို့အတူလျှင် တစုံတခုသော အယူဝါဒကိုမျှ မနစ်မြို့ မကြည်ညိုသော သူတို့၏့ နေထိုင်ရာ တိုင်းပြည်နိုင်ငံမည်သည်လည်း ဤလောက၌ မရှိနိုင်ချေ၊ ကလိင်္ဂတိုင်းပြည်ကို တိုက်ခိုက်ဖျက်ဆီးသောအခါ, ကလိင်္ဂတိုင်းကို လက်ရသိမ်းပိုက်သောအခါ, သတ်ဖြတ်ခြင်းခံရသူ, သေကြေကြသူ, ထွက်ပြေးကြသူများတွင် ထိုမျှ များပြားသော တစုံတဦးသော အယူဘာသာဝင် ရဟန်းပုဏ္ဏား လူသူတော်ကောင်းတို့ ပါရှိကြလေရာ ထိုသို့သော ရဟန်းပုဏ္ဏား လူသူတော်ကောင်းတို့ ပျက်စီးရရေး ကိစ္စ၌ မင်းတကာတို့ ချစ်ကြည်လေးစားအပ်သည့် အသောကမင်းတြားမှာ အစိတ်အစုပေါင်း အရာ၎င်း, အထောင်၎င်း, မကောင်းမှု ဝေစုကျ ပါဝင်တော်မူရလေသည်။
ထို့ပြင် ထိုအရေးကိစ္စအတွက် တစုံတရာ ကျေးဇူးမဲ့ကို ပြုလုပ်ခံယူကြရသူတို့အားလည်း မင်းတကာတို့ ချစ်ကြည် လေးစားရာဖြစ်သော အသောက မင်းတြားကြီး၏့ ထိုအမှုကို သည်းညည်းခံနိုင်ခွင့်ရှိက, သည်းညည်းခံကြရန် တိုက်တွန်းတော်မူအပ်ကုန်သည်၊ ထိုမှတပါး မင်းတကာတို့ ချစ်ကြည် လေးစားအပ်သည့် အသောက မင်းတြားကြီး၏့ တိုင်းနိုင်တော်ဖြစ်သော ကလိင်္ဂတိုင်းနယ် တောတောင်အရပ်၌ နေထိုင်သူအပေါင်းကိုလည်း ချစ်ခင်ခြင်းမေတ္တာ အထူးထား၍့ အဖန်ဖန် မိန့်ကြားသိစေတော်မူအပ်ပြီ၊ မင်းတကာတို့ ချစ်ကြည် လေးစားအပ်သည့် အသောက မင်းတြားကြီးမှာ ထိုသူတို့အတွက် နောင်တသံဝေ ရရှိဖြစ်ပေါ်ရသည့်အတိုင်း, မည်သို့အားဖြင့် (အ၀တြပေယု-အပတာပေယု) ပူပန်နှိပ်စက် မရှိစေရကြောင်းနှင့် မညှင်းဆဲး မသတ်ဖြတ်ရကြောင်းများကို ထိုတောတောင် နေထိုင်သူတို့အား အသောကမင်းတြားကြီးက ပြန်ကြားပြဆိုတော်မူခဲ့ကြောင်း။
ထိုသို့ မိန့်ပြန်ခွင့် သင့်လှပေ၏၊ (အသောကမင်းတြားကြီးသည်) ကြွင်းမဲ့ဥဿုံ အလုံးစုံသော သတ္တ၀ါ-ဗိုလ်ခြေအပေါင်းတို့၏့ အချင်းချင်း တဦးသည် တဦးအား စောင့်စည်း ထိန်းသိမ်းကြခြင်း, ကိုယ်တူ-စိတ်မျှ ကျင့်ဆောင်ကြခြင်း, ရိုးသားဖြောင့်မတ်ကြခြင်းကို အထူးသဖြင့် လိုလားတောမူလေသည်၊ မင်းတကာတို့ ချစ်ကြည် လေးစားအပ်သည့် အသောက မင်းတြားကြီး၏့ မူလနိုင်ငံတော်ရင်း၌၎င်း, ထိုမှ ယူဇနာ ရှစ်ရာကွာခြားသည့် လက်နက်နိုင်ငံတော် အဆုံးအပိုင်းအခြားဖြစ်သော ယောန်းပြည်ဘုရင်၎င်း, ယောန်းနိုင်ငံမှတပါး ၎င်းနှင့် စပ်ဖက်ယှဉ်တွဲးသည့် တုလမယ်-ပြည်, အန္တိကိန်-ပြည်, မကာပြည်, အလိက-သုဒရပြည်, ဤလေးပြည်ထောင်တို့၏့ ဘုရင်မင်းတြားတို့၎င်း, လက်အောက်နိုင်ငံတော်ဖြစ်ကြသော စောဠတိုင်း, ပဏ္ဍျတိုင်း, တမ္ဗပဏ္ဏိတိုင်း တိုင်အောင်သော မင်းတို့၎င်း။
ဤအတူနှင်နှင် ဤညွှန်ခဲ့သည့် နိုင်ငံတော်များ၌ အပါအ၀င်ဖြစ်ကုန်သည့် ယောန်းတိုင်း, ကမ္ဗောဇတိုင်းဟူသော တိုင်းစွန်နယ်ဖျားတို့၌၎င်း, ဘောဇတိုင်း, ပိထိနိက်တိုင်းတို့၌၎င်း, အန္ဓတိုင်း ပုလိဒ်တိုင်းတို့၌- ဤတိုင်းပြည်အရပ်ရပ်တို့၌ နိုင်ငံအရှင်ဘုရင်မင်းတြားတို့လည်း မင်းတကာတို့ ချစ်ကြည် လေးစားအပ်သည့် အသောက မင်းတြားမြတ်၏့ တရားကျ အဆုံးအမ သြ၀ါဒ ပေးကြားမိန့်ပြန်ချက်ကို အတုလိုက်နာ ကျင့်ဆောင်ကြကုန်သည်၊ ထိုမှတပါးတုံ, မင်းတကာတို့ ချစ်ကြည် လေးစားအပ်သည့် အသောက မင်းတြားကြီး၏့ သံတမန်တော်များ စေစားရောက်ပေါက်ကြရာ, သို့မစေစား မရောက်ပေါက်ရာ နိုင်ငံ့သခင် ဘုရင်အပေါင်းတို့သည်လည်း မင်းတကာတို့ ချစ်ကြည် လေးစားအပ်သည့် အသောက မင်းတြား၏့ တရားသတင်း တရားအစီအရင် တရားသြ၀ါဒ ဆုံးမချက်များကို ကြားနာသိရှိကြ၍့ တရားမှန်ကန်သည်ကို စီမံ လိုက်နာကြကုန်သည်။
ဤသို့ ညွှန်ပြခဲ့ပြီး တိုင်းပြည်နိုင်ငံများကို တရားအတိုင်းရရှိလေရကား, ဤမျှဖြင့် နိုင်ငံခပ်သိမ်း၌ အောင်မြင်ခြင်း, နောက်ထပ်တဖန် အောင်မြင်ခြင်း, နစ်သက်ရွှင်ပျသော အရသာ ပေါ်ထွက်ခြင်း ဖြစ်လေသည်၊ (ထိုသို့ ရရှိခြင်းသာ နစ်သက်ရခြင်း ဖြစ်လေသည်၊) တရားသဖြင့် အောင်မြင်ရရှိခြင်းအတွက် နစ်သက်ရခြင်းမှာ နည်းပါးတုံသည်ပင်ဖြစ်စေ, ထိုတရားဓမ္မပီတိကို ဘ၀ကမ်းအဆုံရောက်ဖွယ်ဖြစ်၍ အကျိုးများမြတ်သည်ဟု မင်းတကာတို့ ချစ်ကြည် လေးစားအပ်သည့် အသောက မင်းတြားကြီး ထင်မှတ် စွဲးယူတော်မူသည်၊ ထိုသို့ ပြညွှန်ခဲ့သည့် တရားအတိုင် နှစ်သက်စေရခြင်း အကျိုးကို ရည်ရွယ်ချက်ထား၍ပင် မည်သို့အားဖြင့် သားတော်အစဉ် (မြေးတော်အဆက်) မြစ်တော်အညွန့် အဓွန့်ရှည်စွာ မတရားသော အသစ်တဖန် အောင်ခြင်းကို အောင်ခြင်း မထင်မှတ်ကြကုန်ပဲး ဖြစ်ကုန်အံ့နည်းဟု ဤတရားစာတော်ကို ရေးသားတော်မူအပ်၏။
မြှားလက်နက်စသည် ပစ်ခတ်အောင်မြင်ရခြင်း၌ အား-လုံ့လလျှော့ပေါ့၍့ သည်းခံခြင်း, ပေါ့လျော့သော အပြစ်ဒဏ်ထားခြင်းများကို အားရနစ်မြို့ကြစေသတည်း၊ တရားနည်းကျ အောင်မြင်ရခြင်းကိုသာ မှန်သော အောင်မြင်ခြင်းဟု နစ်ခြိုက်ကြစေသတည်း၊ ထင်ရှားဆိုရသော်, ထိုထို တရားမှန်အောင်ခြင်းသည်သာ ဤပစ္စက္ခကျိုး, တမလွန်ကျိုး ၂မျိုးနှင့် စပ်ဆက်လေသည်၊ ထို့ပြင် ထိုသို့ မြင့်မြတ်ရာ၌ အားထုတ်၍့ ဖြစ်ပွားသော မွေ့လျော်ခြင်းကို အားလုံး ပျော်မွေ့ကြစေကုန်၊ အမှန်အားဖြင့် သို့ မွေ့လျော်ခြင်းသာ ဤပစ္စက္ခကောင်းကျိုး တမလွန်ကောင်းကျိုး ဖြစ်လေသည်။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)

'Kalinga was (or “the Kalingas were ") conquered by His Sacred and Gracious Majesty the King when he had been consecrated eight years. One hundred and fifty thousand persons were thence carried away captive, one hundred thousand were there slain, and many times that number died. Directly after the Kalingas had been annexed began His Sacred Majesty's zealous protection of the Law of
Piety, his love of that Law, and his inculcation of that Law. Thence arises the remorse of His Sacred Majesty for having conquered the Kalingas, because the conquest of a country previously unconquered involves the slaughter, death, and carrying away captive of the people. That is a matter of profound sorrow and regret to His Sacred Majesty.
There is, however, another reason for His Sacred Majesty feeling still more regret, inasmuch as the Brahmans and ascetics, or men of other denominations, or householders who dwell there, and among whom these duties are practiced, [to wit], hearkening to superiors, hearkening to father and mother, hearkening to teachers (or " elders "), and proper treatment (or "courtesy to") of friends, acquaintances, comrades, relatives, slaves, and servants, with steadfastness of devotion to these befalls violence (or "injury"), or slaughter, or separation from their loved ones. Or violence happens to the friends, acquaintances, comrades, and relatives of those who are themselves well protected, while their affection [for those injured] continues undiminished. Thus for them also that is a mode of violence, and the share of this distributed among all men is a matter of regret to His Sacred Majesty, because it never is the case that faith in some one denomination or another does not exist.
So that of all the people who were then slain, done to death, or carried away captive in Kalinga, if the hundredth part or the thousandth part were now to suffer the same fate, it would be matter of regret to His Sacred Majesty. Moreover, should any one do him wrong, that too must be borne with by His Sacred Majesty, so far as it can possibly be borne with. Even upon the forest folk in his dominions, His Sacred Majesty looks kindly, and he seeks to make them think, [aright], for [otherwise] repentance would come upon His Sacred Majesty. They are bidden to turn from their [evil] ways that they be not chastised. Because His Sacred Majesty desires for all animate beings security, self-control, peace of mind, and joyousness. And this the chiefest conquest in the opinion of His Sacred Majesty, that conquest of the Law of Piety, which, again, has been won by His Sacred Majesty both here [in his own dominions] and among all his neighbors as far as six hundred leagues, where the king of the Greeks named Antiochos dwells, and to the north of that Antiochos [where dwell] the four (4) kings named severally Ptolemy, Antigonos, Magas, and Alexander [likewise] in the south, the Cholas and Pandyas as far as the Tamraparni [river] and here, too, in the King's dominions among the Greeks, Kambojas, the Nabhapantis of Nabhaka; among the Bhojas, Pitinikas;- ndhras, and Pulindas everywhere they follow the instruction of His Sacred Majesty in the Law of Piety.
Even where the envoys of His Sacred Majesty do not penetrate, these people, too, hearing His Sacred Majesty's ordinance based upon the Law of Piety and his instruction in that Law, practice and will practice the Law. And, again, the conquest thereby won everywhere is everywhere a conquest full of delight. Delight is won in the conquests of the Law. A small matter, however, is that delight. His Sacred Majesty regards as bearing much fruit only that which concerns the other world. And for this purpose has this scripture of the* Law been recorded, in order that my sons and grandsons, who may be, may not think it their duty to conquer a new conquest. If, perchance, a conquest should please them (?) they should take heed only of patience and gentleness, and regard as a conquest only that which is effected by the Law of Piety. That avails for both this world and he next. Let all their joy be that which lies in effort; that avails for both this world and the next.'
(Asoka, the Buddhist Emperor of India- V. A. Smith)

အက္ခရာတွေ ကျန်သေးတယ်နော်…

Monday, April 21, 2008

အသောကရဲ့ အက္ခရာများ-၁၂ (အပိုင်း-၂)

အတပါသံဍေ ပူဇာ စ ပရပါသံဍေ ဂရဟာ စ နော သိယာ
မိမိဂိုဏ်းကို ချီးကျူး၍ တပါးဂိုဏ်းတို့အား ကဲ့ရဲ့ခြင်း ချုပ်ချယ်ခြင်း ရှုတ်ချခြင်း မပြုရာ။
“နှုတ်စောင့်စည်းပါ”ဆိုတာ ဒါမျိုးကို ပြောတာပါတဲ့…။

ဒေ၀ါနံပိယ ပိယဒသီမင်းကြီးသည် ဂိုဏ်း, ရဟန်း လူတို့အား အမြဲမပြတ် လှူဖွယ် ပူဇော်ဖွယ်အမျိုးမျိုးတို့ဖြင့် လှူဒါန်းပူဇော်သော်လည်း ယင်းတို့ကို ဂိုဏ်းအားလုံး၏ အနှစ်သာရတိုးပွားခြင်းဟု ဒေ၀ါနံပိယ ပိယဒသီမင်း မယူဆ။ အနှစ်သာရတိုးပွားခြင်း အမျိုးမျိုးရှိရာ နှုတ်စောင့်စည်းခြင်းသည် အနှစ်သာရတိုးပွားခြင်း၏ မူလဖြစ်၏။ အသို့နည်း- မိမိဂိုဏ်းကို ချီးမြှောက်လို၍ တပါးဂိုဏ်းကို အကျိုးမဲ့ မကဲ့ရဲ့ရာ။
အခါအားလျော်စွာ အခြားဂိုဏ်းကို ပူဇော်ရာ၏။ သို့ဖြင့် မိမိဂိုဏ်းကို ပိုမိုကြီးမွားစေမည်ဖြစ်၍ အခြားဂိုဏ်းကိုလည်း ကျေးဇူးပြုသည်မည်၏။ ထိုသို့မဟုတ်ပါလျှင် မိမိဂိုဏ်းကိုလည်း အားနည်းအောင်ပြုသည်မည်၍ အခြားဂိုဏ်းကိုလည်း ဆုတ်ယုတ်ပျက်စီးအောင် ပြုသည်မည်၏။
မိမိဂိုဏ်းကို ထင်ပေါ်စေလိုသဖြင့် မိမိဂိုဏ်းဝင် အားလုံးတို့အား သိမ်းရုံးချီးမြှောက်ပြီး တပါးသော ဂိုဏ်းဝင်အားလုံးကို သိမ်းရုံးကဲ့ရဲ့ခြင်းသည် မိမိဂိုဏ်းကို ပျက်စီးအောင် ဖျက်ဆီးသည် မည်၏။
တဂိုဏ်းနှင့်တဂိုဏ်း ညီညွတ်ခြင်းသည်သာ ကောင်းမြတ်၏။ အသို့နည်း- အချင်းချင်း တရားကို နာကြားရ၏။ ဆည်းကပ်ရ၏။ အသို့နည်း ဂိုဏ်းအားလုံးသည် အကြားအမြင်များ၍ ပညာအမြော်အမြင်နှင့် ပြည့်စုံစေရန် ဒေ၀ါနံပိယ ပိယဒသီမင်း အလိုရှိ၏။
ထိုထိုတရား၌ ကြည်ညိုသူတို့လည်း “ဒေ၀ါနံ ပိယ ပိယဒသီမင်းသည် ပေးလှူခြင်းနှင့် ပူဇော်ခြင်းတို့ကို ဂိုဏ်း၏ အနှစ်သာရ တိုးတက်ကြီးပွားခြင်းဟု မယူဆ”ဟု ပြောဟောကြရမည်။ သို့အတွက် အမျိုးသား တရားအမတ်, အမျိုးသမီးတရားအမတ်, လမ်းခရီးဆိုင်ရာ အမတ်နှင့် အခြားအမတ်အသီးသီးတို့ကို ခန့်ထားခြင်းဖြစ်၏။ သို့ဖြင့် မိမိဂိုဏ်းဂဏ အနှစ်သာရ တိုးတက်ကြီးပွား၍ တရားထွန်းလင်း တောက်ပမည်ဖြစ်၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)


His Sacred and Gracious Majesty the King is honoring all sects, both ascetics, and house-holders; by gifts and offerings of various kinds is he honoring them. But His Sacred Majesty does not value such gifts or honors as that how should there be the growth of the essential elements of all religious sects. The growth of this genuine matter is, however, of many kinds. But the root of it is restraint of speech, that is, that there should not be honor of one's own sect and condemnation of others' sects without any ground. Such slighting should be for specified grounds only. On the other hand, the sects of others should be honored for this ground and that. Thus doing, one helps his own sect to grow, and benefits the sects of others, too. Doing otherwise, one hurts his own sect and injures the sects of others. For whosoever honors his own sect and condemns the sects of others wholly from devotion to his own sect, i.e., the thought, " How I may glorify my own sect/' one acting thus injures more gravely his own sect on the contrary. Hence concord alone is commendable, in this sense that all should listen and be willing to listen to the doctrines professed by others. This is, in fact, the desire of His Sacred Majesty, viz., that all sects should be possessed of wide learning and good doctrines. And those who are content in their respective faiths, should all be told that His Sacred Majesty does not value so much gift or external honor as that there should be the growth of the essential elements, and breadth, of all sects.
For this purpose are, indeed, employed the Dharma- mahdmatras, Stri-adhyaksa-mahdmdtms (Mahamatras in charge of, or who were, the superintendents of women), the officers in charge of pastures and other bodies. And the fruit of this is that the promotion of one's own sect takes place as well as the glorification of the Dharma.
(Asoka-R.K. Mookerji)


The Beloved of the Gods, the king Piyadassi, honors all sects and both ascetics and laymen, with gift and various forms of recognition. But the Beloved of the Gods does not consider gifts or honor to be as important as the advancement of the essential doctrine of all sects. This progress of the essential doctrine takes many forms, but its basis is the control of one’s speech, so as not to extol one’s own sect or disparage another’s on unsuitable occasion one should honor another man’s sect, for by doing so one increases the influence of one’s own sect and benefits that of the other man; while by doing otherwise one diminishes the influence of one’s own sect and harms the other man’s. Again, whosoever honors his own sect or disparages that of another man, wholly out of devotion to his own, with a view to showing it in a favorable light, harms his own sect even more seriously. Therefore, concord is to be commended, so that men may hear one another’s principles and obey them. This is the desire of the Beloved of the Gods, that all sects should be well-informed, and should teach that which is good, and that everywhere their adherents should be told, “The Beloved of the Gods does not consider gifts or honor to be as important as the advancement of the essential doctrine of all sects.” Many are concerned with this matter—the officers of Dhamma, the women’s officers, the managers of the state farms, and other classes of offices. The result of this is the increased influence of one’s own sect and glory to Dhamma.
(Asoka and the decline of the Mauryas- Romila Thapar)


King Priyadarsi, the Beloved of the Gods, expresses reverence to all religious denominations, both ascetics and householders and honors them with gifts and favors of various kinds. But, the Beloved of the Gods, does not attach importance to the gifts and honors as much as how should there be the growth of the essence in all religious orders. This growth of essence, however, is manifold. And its root is restraint of speech. What is that? That there should not be the appreciation of one’s own religious order or condemnation of another’s religious order without any occasion; or it may be small on this and that occasion. On the other hand, other sects deserve reverence on this and that occasion. By doing so one causes the growth of his own religious order and benefits the religious orders of others as well. By doing otherwise, one hurts his own religious order and that of others also. The person who honors his own sect and condemns the religious order of others entirely out of the devotion to his own religious order, why? in order that he may elevate his own sect; that person again, by doing so, inflicts more serious injury to his own sect. Hence concourse is desirable in the sense that followers of different religious orders may listen and willingly listen to one another’s Dharma. This, indeed, is the desire of the Beloved of the Gods, that all the religious orders may be possessed of extensive learning and noble doctrines. Those who are devoted to particular religious order should be informed “the Beloved of the Gods, does not attach importance to gifts and reverence—how so? As that there should be the growth of the essential in all the religious orders and also mutual appreciation.” For this purpose are employed the Dharma-mahamatras, superintendents of women and incharge of pastures. And the result of this is that growth of one’s own religious order takes place as well as the exaltation of Dharma.
(Inscriptions of Asoka- N. P. Rastogi)

အက္ခရာတွေ ကျန်သေးတယ်နော်…

အသောကရဲ့ အက္ခရာများ-၁၂ (အပိုင်း-၁)

ဣဒံ မူလံ, ၀စော ဂုတိ။
နှုတ်စောင့်စည်းပါ၊ ဒါ…လိုရင်းပဲ။
အသောကဘုရင်ရဲ့ အမိန့်ပြန်တမ်းတွေက တခါတလေ ပြတ်ပြတ်ပဲ။

ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ သ၀ရ ပါသံဍာနိ ပ၀ရဇိတာနိ စ ဂဟဌာနိ စ ပူဇာယတိ ဒါနေန, ၀ိဝိဓာယ စ ပူဇာယ၊ န တု တထာ ဒါနံ ၀ါ ပူဇံ ၀ါ ဒေ၀ါနံ ပိယော မံဉ တိ၊ ‘အထာ ကိံတိ သာရ၀ဎိ သိယာ’တိ၊ သ ၀ရပါသံဍာနံ သာရ၀ဎိ ဗဟုဝိကာ၊ တဿ တု ဣဒံ မူလံ, ၀စော ဂုတိ၊ ကိံတိ? အတပါသံဍေ ပူဇာ စ ပရပါသံဍေ ဂရဟာ စ နော သိယာ, အပကရဏမှိ လဟုကာ ၀ါ သိယာ၊ တမှိ တမှိ ပကရဏေ ပူဇေတ ၀ိယ တု ပရပါသံဍာနံ တေန တေန ပကရဏေန အတပါသံဍံ ဗာဠံ စ ၀ဎီယတိ, ပရပါသံဍသ ပိ ၀ါ ဥပကရောတိ၊ တ‘ဒံဉ ထာ ကရောတော အတ-ပါသံဍံ ပူဇယတိ, ပရပါသံဍံ ၀ါ ဂရဟတိ, သ ဝေ အတပါသံဍ ဘတိ ယာ ၀ါ ကိံတိ အတပါသံဍံ ဒီပယေမ ဣတိ၊ သော စ ပုန တထာ ကရံတံ အတပါသံဍံ ဗာဠတရံ ဥပဟံတိ။
အတ-ပါသံဍသိ သမ၀ါယော ဧ၀ သာဓု, ကိံတိ အံဉ -မဉသ ဓံမံ သုဏေယု စ သုသူသေယု စာ’တိ၊ ဧ၀ံ ဟိ ဒေဝါနံ ပိယသ ဣဆာ,--ကိံတိ သရ၀ပါသံဍာ ဗဟုသုတာ စ အသု, ကလာဏ ဂမာ စ အသု’တိ၊ ယေ စ တတြ တတြ ပသံနာ, တေ ဟိ ၀ဋ၀ိယံ၊ ဒေ၀ါနံ ပိယော နော တထာ ဒါနံ ၀ါ ပူဇံ ၀ါ မံနတိ, ယထာ ကိံတိ သာရ၀ဎိ သိယာ’တိ၊ သ၀ရပါသံဍာနံ ဗဟုကာ စ ဧတာ‘ယာထာယ ၀ိယာပဋာ, ဓံမ မဟာမာတာ စ ဣထာ’ ဓိယခ--မဟာမာတာ စ ၀စဘူမိကာ စ အံနေ စ နိကာယာ၊ ဣဒံ စ ဧတသ ဖလံ, ယံ အတ-ပါသံဍ၀ဎိ စ ဟောတိ, ဓံမသ စ ဒီပနာ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် အားလုံး အယူ ရှိ-ရှိသမျှ အိမ်ယာမထောင် ရဟန်းဘောင်တွင် နေထိုင်သူတို့ကို ဖြစ်စေ, အိမ်ယာတည်ထောင် လူတို့ဘောင်တွင် နေထိုင်သူတို့ကို ဖြစ်စေ ပေးကမ်းလှူဒါန်းခြင်းဖြင့်၎င်း, အထူးထူး အထွေထွေသော ပူဇော်ခြင်းဖြင့်၎င်း လှူဒါန်းပူဇော်တော်မူသည်၊ ထိုကဲ့သို့ အယူ ဘာသာဝင် အစားစားတို့ကို လှူဒါန်းပူဇော်တော်မူခြင်းကို တမလွန် နတ်ရွာနိဗ္ဗာန်အတွက် ရည်ညွှန်သော လှူဒါန်း ပူဇော်ခြင်းဖြစ်၏ဟု မင်းတကာတို့ ချစ်ကြည် လေးစားအပ်သည့် မင်းတြားကြီး အောက်မေ့မှတ်ထားတော် မမူချေ။ သို့ဖြစ်ခဲ့သော်, ၎င်းတို့အား လှူဒါန်းပူဇော်ခြင်းဖြင့် အဘယ်သို့သော ကောင်းကျိုး,ကောင်းနှစ် ပွားစီးရာသနည်း’ဟု မေးခဲ့ရာ၏၊ အယူဝါဒခြားများစွာတို့အား ပေးလှူပူဇော်ခြင်း၌ ကောင်းကျိုးဂုဏ်ကျေးဇူး အနှစ်သာရပေါင်း မြောက်မြားစွာ ဖြစ်နှိုင်၏၊ ဤဂုဏ်နှစ်ကျေးဇူးများစွာအနက် လိုရင်းအချက်တခုမှာ ငါမင်းတြား အပေါ်၌ မတော်မတရား မကဲ့ရဲ့ပဲး, စကားစောင့်စည်းရာခြင်း ဖြစ်၏။
အဘယ်သို့ ဖြစ်ရာသနည်း? အသောကမင်းတြားကြီးသည် အများ၏့ အရှင်ဖြစ်လျက် မိမိအယူဝင်တို့ကိုသာ ပူဇော်ခြီးမြှောက်သည်, သူတပါးတို့ အယူဝင်တို့ကိုကား ရှုတ်ချကဲ့ရဲ့လေသည်ဟု ငါမင်းတြား အပေါ်၌ မသင့် စိတ်ငဲ့ ကဲ့ရဲ့ ရှုတ်ချခြင်း မဖြစ်ပေရာ၊ ထို့ပြင်, ထိုသို့ ကဲ့ရဲ့ခြင်းကြောင့်ဖြစ်သော ကျေးဇူးမဲ့ ပြုလုပ်ခြင်းမျိုးလည်း ပေါ့လျော့ ပျောက်ပျက်လေရာ၏၊ စင်စစ် လိုက်နာရန်မှာ ထိုထို အရေးအရာ ဟူသမျှ၌ သူတပါးတို့ ကြိုက်နှစ်သက်သည့် အယူနှင့် အယူဘာသာဝင်ကို ပူဇော်ချီးကျူးခဲ့ပါမူ, ထိုထို အရေးအရာ ဟူသမျှဖက်မှပင် မိမိတို့ အယူဘာသာဝင်တို့မှာ ပွင့်လင်းစည်ကားစွာ တိုးတက် ပွားစီးနိုင်လေသည်၊ ထို့ပြင်, သူတပါး အယူဘာသာကိုလည်း ကျေးဇူးတိုးတက်စေလေသည်၊ ထိုသို့မဟုတ်မူ၍့ မိမိဘာသာဝင်တို့ကိုသာ ချီးကျူးခြင်း, သူ့တပါး ဘာသာဝင်ကို ရှုတ်ချခြင်းကိုသာ ပြုလုပ်ခဲ့လျှင်, မိမိတို့ ဘာသာဝင်တို့ကိုပင် ရှုတ်ချ ပျက်စီးကြောင်း ပြုရာရောက်၍့, သူမျာ့း ဘာသာဝင်တို့ကိုလည်း အကျိုးမဲ့ ပြုလုပ်ခြင်း ဖြစ်လေသည်။
ထင်ရှားစွာ ဆိုရသော်, အကြင် တစုံတယောက်သည် မိမိ ရိုးကိုးရာ ဘာသာဝင်တို့ကိုသာ ချီးကျူးပူဇော်၍့, သူတပါးတို့၏့ ဘာသာဝင်ကိုမူ ကဲ့ရဲ့ ရှုတ်ချလေအံ့၊ သို့မဟုတ် ထိုသူသည် မည်သို့လျှင် ငါ့အယူဘာသာ ထင်ရှားပေါ်လွင်လေမည်နည်း?ဟု မိမိဘာသာဝင် ပုဂ္ဂိုလ်တို့ကိုသာ ဧကန် ချီးကျူးလေအံ့၊ ထိုသို့အားဖြင့် မိမိ ဘာသာကို ပေါ်လွင်စေရန် အဖန်ဖန် ပြုလုပ်သော ထိုသူသည်ပင် မိမိအယူဝါဒကို အကြီးအကျယ် ပုထ်ခတ်ဖျက်ဆီးလေသည်၊ စင်စစ်လိုက်နာဖွယ်မှာ, မည်သို့လျှင် အယူဝါဒရှင်တို့ အချင်းချင်း တဦးသည် တဦး၏ တရားကို ကြားနာသိရှိကုန်ရာမည်နည်း, မည်သို့လျှင် နားထောင်လိုက်နာခြင်း ဖြစ်ကုန်ရာမည်နည်းဟု မိမိအယူဘာသာဝင် အချင်းချင်း မျှတညီညွတ်ရန် ကျင့်ဆောင်ခြင်းသည်သာ ကောင်းမွန်လေသတည်း။
မင်းတကာတို့ ချစ်ကြည် လေးစားအပ်သော အသောက မင်းတရား၏ အလိုမှာ မည်သို့လျှင် အားလုံး အယူဝါဒအသီးသီး ရှိသူတို့မှာ တဦးသည် တဦး၏ အယူဘာသာ၌ အကြားအမြင်များကြ၍, ကောင်းစားဖွယ် ဖြစ်ပွားကုန်ရာမည်နည်း’ဟူသော သဘောထားသာ ဖြစ်ချေ၏၊ အမှန်ကား မိမိတို့ နှစ်သက်ကြည်ညိုသည့် ဘာသာအယူဝါဒကိုသာ လိုက်နာကျင့်ဆောင်စေခွင့်ရှိ၏၊ မင်းတကာတို့ ချစ်ကြည် လေးစားအပ်သော အသောက မင်းတရားမြတ်သည် အယူဘာသာခြားတို့အား ပေးကမ်းစွန့်ကြဲးမှု ပူဇော်ခြီးမြှင့်မှုကို ပြုခြင်းသည် နတ်ရွာနိဗ္ဗာန်အကျိုးငှာဟူ၍ မထင်မှတ်ချေ၊ စင်စစ်ကား ထိုဘာသာခြားပုဂ္ဂိုလ်တို့၏့ ဂုဏ်နှင့်အင်အား တိုးပွားခြင်း ဖြစ်ရာ၏ဟု ထင်မှတ်၍့သာ လှူဒါန်းပူဇော်တော်မူ၏၊ ထိုအယူဝါဒခြားတို့၏့ ဂုဏ်နှင့်အင်အားတိုးပွားရန်အတွက် ထိုသူတို့အတွင်း၌ များစွာကုန်သော တရားကြီးကြပ်အမတ်ကြီးတို့ကို၎င်း, မိန်းမအထိန်း-အကြပ်အမတ်ကြီးတို့ကို၎င်း စကားမူလ-အခြေခံ သံတော်ဆင့်တို့ကို၎င်း, ထိုမှတပါး အခြားဂိုဏ်းအဖွဲ့များစွာတို့ကို၎င်း, ငါမင်းမြတ် အပြန့်အနှံ့ ခွဲးခန့်ထားတော်မူအပ်ကုန်ပြီ၊ ဤသည်လျှင် ဤသို့ ပြုလုပ်ရခြင်းအတွက် မိမိအယူဝါဒ၏့ တိုးပွားခြင်း, တရားတော်၏့ ပေါ်လွင်ခြင်းအကျိုး ဖြစ်သတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)


နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် ခပ်သိမ်းသော အယူဝါဒဂိုဏ်းသား ရသေ့ ရဟန်းတို့နှင့် အိမ်ရာထောင်သူတို့အား လှူဖွယ်တို့ဖြင့်၎င်း ပူဇော်ဖွယ်အမျိုးမျိုးတို့ဖြင့်၎င်း ချီးမြှင့်ပူဇော်တော်မူ၏။ သို့ရာတွင် ဤသို့ လှူဒါန်းပူဇော်ခြင်းတို့သည် တရား၏ အနှစ်သာရ တိုးပွားခြင်းလောက် ခပ်သိမ်းသော ၀ါဒီဂိုဏ်းသားတို့အဖို့ အကျိုးမများဟု နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး ယူဆတော်မူ၏။
တရား၏ အနှစ်သာရတိုးပွားခြင်းဆိုသည်မှာလည်း အမျိုးမျိုးရှိ၏။ ထိုတွင် နှုတ်လျှာကို စောင့်ထိန်းခြင်းသည် အရင်းခံ ဖြစ်၏။ အဘယ်သို့ နှုတ်လျှာကို စောင့်ထိန်းရမည်နည်းဆိုသော် မိမိဂိုဏ်းကို ချီးကျူး၍ တပါးဂိုဏ်းတို့အား ကဲ့ရဲ့ခြင်း ချုပ်ချယ်ခြင်း ရှုတ်ချခြင်း မပြုရာ။
အခါအခါနှင့်လျော်စွာ တပါးဂိုဏ်းသားတို့အားလည်း လျောက်ပတ်စွာ ပူဇော်အပ်၏။ ဤသို့ပြုသည်ရှိသော် မိမိဂိုဏ်းကို အလွန် ချီးမြှင့်၍ တပါးဂိုဏ်းအားလည်း ကျေးဇူးပြုသည် မည်၏။ ဤသို့ မပြုသည်ရှိသော် မိမိဂိုဏ်းကို ဖျက်ဆီး၍ တပါးဂိုဏ်းအား အကျိုးမဲ့ ပြုသည်မည်၏။
အကြင်သူသည် မိမိဂိုဏ်းကို ကြည်ညိုသောအားဖြင့် မိမိဂိုဏ်းကို ထင်ပေါ်စိမ့်သောငှာ တပါးဂိုဏ်းအား ကဲ့ရဲ့ရှုံ့ချ၍ မိမိဂိုဏ်းအား ချီးကျူး၏။ ထိုသူသည် ဤသို့ ချီးကျူးခြင်းဖြင့် မိမိ ဂိုဏ်းကို လွန်ကဲစွာ ဖျက်ဆီးပိ၏။
တဂိုဏ်းနှင့်တဂိုဏ်း အညီအညွတ်ရှိခြင်းသည် ကောင်း၏။ သို့မှသာ တဂိုဏ်း၏တရားကို အခြားတဂိုဏ်းက ကြားနာရ၍ ရိုသေလေးစားပေအံ့။
ခပ်သိမ်းသော ဂိုဏ်းသားတို့သည် အကြားအမြင်နှင့် ပြည့်စုံ၍ ကောင်းမြတ်သော ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သည်ကို နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး အလိုရှိတော်မူ၏။
မည်သည့် ဂိုဏ်း၌မဆို ကြည်ညိုကိုးကွယ်သူတို့သည် ဤသို့ ဟောပြောရာ၏။
လှူဒါန်းပူဇော်ခြင်းတို့သည် ခပ်သိမ်းသော ဂိုဏ်းတို့၌ တရား၏ အနှစ်သာရတိုးပွားခြင်းလောက် အကျိုးမများဟု နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး ထင်မှတ်တော်မူ၏။ ဤအကျိုးငှာ များစွာသော တရားအမတ်ကြီးများ မိန်းမများအား အထူးစောင့်ရှောက်သည့် အမတ်ကြီးများ ကလေးများအား သွန်သင်သည့် အရာရှိများနှင့် အခြားအမှုထမ်းများသည် ဆောင်ရွက်လျက် ရှိကြကုန်၏။
ဤသို့ ဆောင်ရွက်ခြင်း၏ အကျိုးသည်ကား မိမိဂိုဏ်းလျှင် တိုးတက်ကြီးပွားခြင်းနှင့် တရားတော် ထွန်းလင်းတောက်ပခြင်းဖြစ်၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)


'His Sacred and Gracious Majesty the King does reverence to men of all sects, whether ascetics or householders, by gifts and various forms of reverence.
His Sacred Majesty, however, cares not so much for gifts or external reverence as that there should be a growth of the essence of the matter in all sects.
The growth of the essence of the matter assumes various forms, but the root of it is restraint of speech, to wit, a man must not do reverence to his own sect or disparage that of another without reason. Depreciation should be for specific reasons only, because the sects of other people all deserve reverence for one reason or another.
By thus acting a man exalts his own sect, and at the same time does service to the sects of other people. By acting contrariwise a man hurts his own sect, and does disservice to the sects of other people. For he who does reverence to his own sect while disparaging the sects of others wholly from attachment to his own. With intent to enhance the splendor of his own sect, in reality by such conduct inflicts the severest injury on his own sect.
Concord, therefore, is meritorious, to wit, hearkening and hearkening willingly to the Law of Piety as accepted by other people. For this is the desire of His Sacred Majesty that all sects should hear much teaching and hold sound doctrine.
Wherefore the adherents of all sects, whatever they may be, must be informed that His Sacred Majesty does not care so much for gifts or external reverence as that there should be growth in the essence of the matter and respect for all sects. For this very purpose are employed the Censors of the Law of Piety, the Censors of the Women, the (?) Superintendents of pastures, and other [official] bodies. And this is the fruit thereof the growth of one's own sect and the enhancement of the splendor of the Law of Piety.'
(Asoka, the Buddhist Emperor of India- V. A. Smith)


အက္ခရာတွေ ကျန်သေးတယ်နော်…

Saturday, April 19, 2008

အသောကရဲ့ အက္ခရာများ-၁၁

“အပါရုတာ တေသံ အမတဿ ဒွါရာ”
အမြိုက်နိဗ္ဗာန်တံခါးကို ပိတ်မထားပါဘူးလို့ မြတ်ဗုဒ္ဓ မိန့်မှာခဲ့တယ်။

ကြာရုံတောမှာတော့…
တစ်ချို့က ရေထဲမှာ မြုတ်လို့။
တစ်ချို့က ရေပြင်မှာ ပေါ်ရုံပေါ်လို့..
တစ်ချို့က ကားကားစွင့်စွင့် ပွင့်လို့…
မတူညီသော အဇ္ဈာသယများနဲ့…။


ဒီပုံလေးကို ပန်ဒိုရာ့ဆီက မပြောမဆိုနဲ့ ခဏငှားလာတာ။

ဒေ၀ါနံ ပိယော ပိယဒသီ ရာဇာ ဧ၀ံ အာဟ, နထိ ဧတာရိသံ ဒါနံ, ယာဒိသံ ဓံမ ဒါနံ, ဓံမ သံသ္တဝေါ ၀ါ ဓံမ သံဝိဘာဂေါ ၀ါ ဓံမ သံဗံဓော ၀ါ၊ တတြ ဣဒံ ဘ၀တိ ဒါသ-ဘဋကမှိ သမျာပဋိ ပတိ, မာတာ ပိတုသု သာဓု သုသူသာ, မိတသံထုတ-နာတိ ကျာနံ, သမဏ ဗြာဟ္မဏာနံ သာဓု ဒါနံ, ပါဏာနံ အနာရံဘော သာဓု၊ ဧတံ ၀တဗျံ ပိတိနာ ပိ ပုတြေန ပိ မာတိနာ ပိ သွာမိကေန ပိ မိတြ-သံထုတ-ဉာတိကေန ပိ အာဝ ပဋိဝိသိယေန ပိ၊ ဣဒံ သာဓု, ဣဒံ ကတဗျံ၊ သော တထာ ကရံတော ဟိဓ လောကိကျေ စ သုခံ အာရောဓော ဟောတိ, ပရတြ စ အနတံ ပုဏံ ပသဝတိ တေန ဓံမဒါနေန။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် ဤသို့ မိန့်မြွက်တော်မူလေပြီ၊ တရားတော် ကြီးပွားရေးအတွက် လှူဒါန်းခြင်း, တရားတော် တိုးပွားရေးအတွက်သာ ဆက်ဆံရောနှောခြင်း, တရားသဖြင့်သာ ခွဲးခြမ်းဝေဖန်ခြင်း, တရားနှင့်သာ စပ်ဆိုင်ခြင်း-- ဤအရေးများနှင့် ပတ်သက်သော လှူဒါန်းခြင်းမျိုးနှင့် တူတန်ညီမျှသော ပေးကမ်းခြင်း ဒါနမည်သည် မရှိ၊ ထိုအရေး၌ ဤဆိုလတ္တံ့ကား တရားကျ ဆက်ဆံနည်း ဖြစ်၏။ ကျွန်-အမှုလုပ် သူခစားများ၌ ကောင်းမွန်စွာ ကျင့်ခြင်း, အမိအဘတို့ စကားကို ကောင်းမွန်စွာ လိုက်နာခြင်း, အဆွေခင်ပွန်း ချစ်မြတ်နိုးသူ, ဉာတိသင်္ဂဟတို့၏ စကားကို နာယူခြင်း, ရဟန်း ပုဏ္ဏား သူတော် သူမြတ်တို့အား ကောင်းစွာ ကြည်ဖြူ ပေးလှူခြင်း, သတ္တ၀ါများကို မသတ်ဖြတ် မညှင်းဆဲးမူ၍့ သူတော်ကောင်းဖြစ်ခြင်း- ဤသည်လျှင် တရားမှန်သော ဆက်ဆံရေး ဓမ္မဒါနတည်း။
ယင်းသို့ ညွှန်ပြခဲ့သည့် တရားနှင့် ညီညွတ်စွာ ဆက်ဆံခြင်း ဓမ္မဒါနကို အမိအဘ သားသမီး အရှင်သခင် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ, ဆွေမျိုးသားခြင်းတို့ အပေါ်၌၎င်း, အိမ်နီးဝန်းကျင်ဖြစ်သူတို့ အပေါ်တွင်၎င်း, ကျင့်ဆောင်လိုက်နာသင့်လေသည်၊ ဤဓမ္မဒါနမှာ ကောင်းမွန်လှ၍့ ၎င်းက်ု ပြုကျင့်အပ်လေသည်။ ဤသည့် ဓမ္မဒါနကို လိုက်နာပြုကျင့်သူသည် ဤပစ္စက္ခဘ၀၌လည်း ချမ်းသာကို နစ်လိုဝမ်းမြောင်ရ၍့ နောင်ဘ၀၌လည်း ထိုဓမ္မဒါန တရားကျ လှူဒါန်းရေးဖြင့်သာ မြောက်မြားစွာ ကောင်းမှုများ တိုးပွားလေရာသတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)


နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ဤသို့ မိန့်တော်မူ၏။
ဓမ္မဒါနဟူသော တရားကို လှူခြင်း၊ တရားကို ဝေငှခြင်း၊ တရားနှင့် ဆက်သွယ်ပေးခြင်းတို့နှင့်တူသော အလှူသည် မရှိ။ ကျေးကျွန်အစေခံတို့အား ကောင်းစွာ ပြုစုသိမ်းမြန်းခြင်း၊ အမိအဖတို့အား ရိုသေကျိုးနွံခြင်း၊ မိတ်ဆွေအသိအကျွမ်းဆွေမျိုးတို့နှင့် ရဟန်းပုဏ္ဏားတို့အား ပေးကမ်းလှူဒါန်းခြင်း၊ သတ္တ၀ါတို့အား မနှိပ်စက် မသတ်ဖြတ်ခြင်းတို့သည်လည်း၊ ဤသို့သော တရားအလှူပင်ဖြစ်၏။
အဖသည်၎င်း၊ သားသည်၎င်း၊ ညီအစ်ကိုသည်၎င်း၊ အသျှင်သည်၎င်း၊ မိတ်ဆွေ အသိအကျွမ်းသည်၎င်း၊ အိမ်နီးချင်းသည်၎င်း၊ ဤတရားအလှူသည် ကောင်း၏။ ဤတရားအလှူကို ပြုအပ်၏ဟု ပြောဟောရာ၏။
ဤသို့ ပြုသည်ရှိသော် ဤလောက၌ ချမ်းသာကို ရ၍ တမနွန်၌လည်း ထိုတရားအလှူဖြင့် အတိုင်းမသိသော ကုသိုလ်ကို ဖြစ်စေသေး၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)


ဒေ၀ါနံပိယ ပိယဒသီမင်းသည် ဤသို့ မိန့်ကြား၏၊ တရားအလှူ, တရားအကျင့်, တရားဝေဖန်ခြင်း, တရားနှင့် စပ်လျဉ်းခြင်းတို့နှင့် တူမျှသော အလှူဒါန တစုံတရာမရှိ၊ ဤတရားအလှူဟူသည်မှာ ကျေးကျွန်အခစားတို့၌ ကောင်းစွာ ကြည့်ရှုခြင်း၊ မိဖတို့၌ ကောင်းစွာ ဆည်းကပ်ကိုးကွယ်ခြင်း, အဆွေခင်ပွန်း, အသိ, အကျွမ်း, ဆွေမျိုး, ဉာတကာ, ရဟန်း, ပုဏ္ဏားတို့၌ ကောင်းစွာ ပေးလှူခြင်း, သတ္တ၀ါတို့ကို မသတ်ဖြတ် မညှင်းဆဲခြင်း အလုံးစုံတို့ ဖြစ်၏။
ထို့ကြောင့် တရားအလှူကို မိဖ, ညီအကို, မောင်နှမ, အရှင်သခင်, အဆွေခင်ပွန်း, အသိအကျွမ်း,ဆွေမျိုးဉာတကာတို့နှင့် အိမ်နီးချင်းတို့သည် “ဤတရားအလှူသည် မွန်မြတ်သည် ဖြစ်၍ ကောင်းစွာ ပြုသင့်သည်”ဟု ပြောဟောကြရမည်။ ထို့ပြင် “တရားအလှူသည် ယခုလည်း ချမ်းသာအလုံးစုံ ပြည့်စုံ၍ နောင်လည်း ဤတရားအလှူကြောင့် အတိုင်းမရှိ ကောင်းမှု ဖြစ်မည်”ဟု ဟောပြောကြရမည်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

Thus saith His Sacred and Gracious Majesty the King: ' There is no such almsgiving as is the almsgiving of the Law of Piety, friendship in piety, liberality in piety, kinship in piety.
Herein does it consist in proper treatment of slaves and servants, in hearkening to father and mother, in giving to friends, comrades, relations, ascetics, and
Brahmans, in abstaining from the sacrificial slaughter of living creatures.
This ought to be said by father, son, brother, master (omitted by G.), friend, or comrade, nay, even by a neighbor “This is excellent, this ought to be done."
Acting thus a man both gains this world and in the other world produces endless merit, by means of this almsgiving of piety.'
(Asoka, the Buddhist Emperor of India- V. A. Smith)


Thus saith His Sacred and Gracious Majesty the King: There is no such gift as the gift of Dharma, acquaintance in Dharma, or the distribution of Dharma, or kinship in Dharma. It is as follows: proper treatment of slaves and servants, obedience to mother and father, liberality to friends, companions, relations, Brahmana and Sramana ascetics, and abstention from slaughter of living creatures for sacrifice.
This is to be preached by father, son, brother, master, friend, comrade, or neighbor that this is commendable, this should be accepted as duty. Thus doing, one gains this world while infinite merit occurs in the world beyond by this dharma-dana.
(Asoka-R.K. Mookerji)


Thus, speaks the Beloved of the Gods, the kings Piyadassi: There is no gift comparable to the gift of Dhamma, the praise of Dhamma, the sharing of Dhamma, fellowship in Dhamma. And this is—good behavior towards slaves and servents, obedience to mother and father, generosity towards friends, acquaintances, and relatives and towards sramanas and brahmanas and abstention from killing living beings. Father, son, brother, master, friend, acquaintance, relative, and neighbor should say, ‘this is good, this we should do’. By doing so, there is gain in this world, and in the next there is infinite merit, through the gift of Dhamma.
(Asoka and the decline of the Mauryas- Romila Thapar)


Thus saith king Priyadarsi, the Beloved of the Gods: There is no gift as gift of Dhamma, acquaintance in Dharma (no such distribution) as the distribution of Dharma (or kinship) as kinship of Dharma. It includes “proper treatment of slaves and servants, hearkening to mother and father, obligation to friends, companions, relatives, Brahmanas and Sramanas and non-violence of animals.” This should be said by a father, a son, a brother, a master, a friend, an acquaintance (and) even by a neighbor “this is desirable and this should be done.” Doing thus one gains this world and attains endless merit in the next world due to this gift of Dharma.
(Inscriptions of Asoka- N. P. Rastogi)

အက္ခရာတွေ ကျန်သေးတယ်နော်…

Friday, April 18, 2008

အသောကရဲ့ အက္ခရာများ-၁၀

ကျောက်စာတွေ ၁၀-ခု ရှိသွားပြီ။ ရှေးဟောင်းသုတေသနက ဆရာတွေကတော့ ဘယ်လိုနေလဲ မသိဘူး။ ဘီစီ ၃ရာစုက သဘောတရားတွေကို ခံစားရတာ နည်းနည်း မောတယ်။ ဒီကျောက်စာတွေ ဖတ်ရတာ ဖုန်တထောင်းထောင်းနဲ့ တောလမ်းမှာ လှည်းကြမ်း ဒုန်းစိုင်းမောင်းနေရတာနဲ့ မတူဘူး။ F1 ပြိုင်ပွဲက twist-turnများတဲ့ trackမှာ Ferrariကို ultra-speedနဲ့ မောင်းနေရသလိုပဲ။

ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ ယသော ၀ါ ကိတိ ၀ါ န မဟာထာ’ ဝဟံ မနတိ၊ အညတြ ယံ ပိ ယသော ၀ါ ကိတိ ၀ါ ဣဆတိ, တဒတွာယေ အာယတိကေ စ မေ ဇနော ဓံမ-သုသူသံ သုသူသတု မေ’တိ, ဓံမ၀တံ ၀ါ အနုဝိဓိယတု မေ’တိ, ဧတကာယေ ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ ယသော ၀ါ ကိတိ ၀ါ ဣဆတိ၊ ယံ သ ကိံစိ ပလာကမတိ ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ, တံ သဝံ ပါလတြိကာယ ၀ါ, ကိံတိ သကလေ အပပလိသဝေ ဟုဝေယာ’တိ၊ ဧသ တု ပလိသဝေ, ယံ အပုံနံ၊ ဒုကလံ စ ခေါ ဧတံ ခုဒကေန ၀ါ ဇနေန, ဥသဋေန ၀ါ အဉ တြ အဂေန ပလာကမေန၊ ဧ၀ံ စ ပလိစဇိတွာ ဧတံ စ ခေါ ခုဒကေန ၀ါ ဥသဋေန ၀ါ ဒုကလံ။


မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် (အလှူဒါန စသည်အတွက် ရအပ်သည့်) အခြွေအရွေကိုဖြစ်စေ, အကျော်အစောကိုဖြစ်စေ, မြင့်မြတ်ထူးကဲသော အကျိုးကြီးဖြစ်သည်ဟု ထင်မြင်စွဲးယူချက် နှစ်လုံးထားရှိတော် မမူ၊ ထိုဆိုခဲ့သည့် အခြံအရံ အကျော်အစောများကို လိုလားတောင့်တခြင်းမှ ကင်းစင်ရှောင်ရှားကာသာ, စင်စစ်လျှင် ဤပစ္စက္ခဘ၀၌ နောင်အခါ ငါ၏့ တိုင်းသားပြည်သူအပေါင်းသည် တရားနည်းလမ်းကျ လိုက်နာ ကျင့်ဆောင်ကြစေသောဟု၎င်း, ငါမင်းတရား၏့ တရားနှင့် ညီသော အကျင့်ကောင်းကို နောက်ထပ် လိုက်နာပြုလုပ်ကြစေသော ဟု၎င်း, ဤမျှ အကျိုးသွားကို တောင့်တမျှောလင့်၍့သာ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် အခြွေအရံကို၎င်း, အကျော်အစောကို၎င်း လိုလားတော်မူရချေ၏။
စင်စစ်သော်ကား မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် (ဒါနရေး သီလရေးဆိုင်ရာ) အရပ်ရပ် ပြုလုပ်အားစိုက်သမျှ အားလုံးသည် မည်သို့သော နည်းဖြင့် ဤလောက ငြစ်ကြေးဘေးရန် ဥပဒ္ဒဝေါအားလုံး ကင်းစင်ခြင်း ဖြစ်နိုင်ရာသနည်းဟု ဤလောက ၃ပါးကို လွန်မြောက်၍့ ဘ၀ငြိမ်းအေးရာ နိဗ္ဗာန်ကမ်းသို့ ဆိုက်ရောက်ရန်သာ ဖြစ်ပေ၏။ စိစစ် ဆိုပြပြန်သော်, ဒါန သီလ စသော ကောင်းမှုမှတပါး ဒုစရိုက်-ဒုရာဇီဝ အလုပ်များသည် ဧကန် အားဖြင့် နိဗ္ဗာန်၏့ အနှောင့်အရှက် သံသရာတွင်း နက်ကြောင်း ဘေးဥပဒ်များ ဖြစ်လေသည်။ အမှန်ဆိုလျှင် ဤဒုစရိုက်မှ ကြည်ရှောင်ခြင်း, သုစရိုက်ကို ပွားစီးစေခြင်းသည် သေးသိမ် ယုတ်ကျသူ့အတွက် ဖြစ်စေ, ကြီးကျယ်မြင့်မြတ်သူ့အတွက်ဖြစ်စေ ဤသို့ စွန့်စား ပြုလုပ်ရန် ထက်သန်သော လုံ့လနှင့် ကင်း၍ ခဲးယဉ်းစွာ ဖြစ်ချေ၏။ မှန်လှ၏။ ယင်းသို့ ဒုစရိုက်မှ ကြည်ရှောင်၍့ သုစရိုက်ကို ပြုကျင့်ခြင်းသည် ယုတ်နိမ့်သူ ဖြစ်စေ, ကြီးကျယ်မြင့်မြတ်သူဖြစ်စေ ခဲးလှသည်သာတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)


ဖုန်းတန်ခိုး အကျော်အစောတို့သည် တမနွန်လောက၌ အကျိုးကြီးသည်ဟု နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ထင်မှတ်တော် မမူ။
အလိုရှိအပ်သော ဖုန်းတန်ခိုး အကျော်အစောတို့သည်ကား ယခုမျက်မှောက်နှင့် နောင်အနာဂတ် ကာလတို့၌ လူတို့သည် ကြားနာအပ်သော တရားကို ကြားနာ၍ ကျင့်ဆောင်အပ်သော တရားကို လိုက်နာကျင့်ဆောင် အံ့သောငှါသာလျှင် ဖြစ်၏ ဤအလို့ငှါသာလျှင် နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် ဖုန်းတန်ခိုး အကျော်အစောကို အလိုရှိ၏။
နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး အားထုတ်တော်မူသ၍ သည်ကား တမနွန်လောကအဖို့်သာလျှင်ကတည်း။ အဘယ်အလို့ငှါနည်း။ ခပ်သိမ်းသော သူတို့အား ဆုတ်ယုတ်ပျက်ဆီးခြင်းမှ ကင်းလွတ်စေရန်ဖြစ်၏။ အကုသိုလ်တို့သည်ပင် ဆုတ်ယုတ် ပျက်စီးခြင်းတို့ပေတည်း။ ဤသို့ဆုတ်ယုတ်ပျက်စီးခြင်းမှ ကင်းလွတ်ခြင်းငှါ ဆောင်ရွက်ရန်ကား ငယ်သူတို့ အဖို့သော်၎င်း မြင့်မြတ်သူတို့ အဖို့သော်၎င်း မလွယ်လှပေ။ အကြွင့်မဲ့ စွန့်လွှတ်၍ အစွမ်းကုန် အားထုတ်ခြင်းနှင့် ကင်း၍မဖြစ်။ မြင့်မြတ်သူတို့ အဖို့ပင် ခဲယဉ်းချေ၏တကား။
(အသောကကျောက်စာများ-ဦးဖိုးလတ်)


ဒေ၀ါနံပိယ ပိယဒသီမင်းသည် အခြံ, အရံ အကျော်အစောကို တစုံတရာ ကြီးကျယ်သည်ဟု မယူဆ။ ငါ၏ လူများသည် ယခုနှင့် နောင်အခါ ကြားနာသင့်သောတရားကို ကြားနာရ၍ ကျင့်ဆောင်သင့်သော တရားကို ကျင့်ဆောင်ရန် အတွက်သာ ဒေ၀ါနံပိယ ပိယဒသီမင်းသည် အခြံအရံ, အကျော်အစောကို အလိုရှိခြင်းဖြစ်၏။
ထိုမှတပါး ဒေ၀ါနံပိယ ပိယဒသီမင်း၏ ကြိုးပမ်းအားထုတ်မှု ဟူသမျှသည် လွတ်မြောက်ခြင်းအတွက်သာ ဖြစ်၏။ အသို့နည်း။ လူအားလုံး အပြစ်ကင်းရန်ပင်တည်း။ အပြစ်ဟူသည်မှာ မကောင်းမှုဖြစ်၏။ အလုံးစုံကို အကုန် စွန့်လွှတ်သော်လည်း ကြိုးစားအားထုတ်မှု မရှိပါလျှင် လူငယ်ဖြစ်စေ လူကြီးဖြစ်စေ အပြစ်ကင်းရန် ခဲယဉ်း၏။ လူကြီးလူကောင်းတို့ပင် အပြစ်လွတ်ရန် ခဲယဉ်း၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

'His Sacred and Gracious Majesty the King does not believe that glory or renown brings much profit unless in both the present and the future my people obediently hearken to the Law of Piety and conform to its precepts. For that purpose only does His Sacred and Gracious Majesty the King desire glory or renown.
Whatsoever exertions His Sacred and Gracious Majesty the King makes, all are for the sake of the life hereafter, so that every one may be freed from peril, and that peril is vice.
Difficult, verily, it is to attain such freedom, whether by people of low or of high degree, save by the utmost exertion, giving up all other aims. That, however, for him of high degree is difficult.'
(Asoka, the Buddhist Emperor of India- V. A. Smith)


His Sacred and Gracious Majesty the King does not regard glory or fame as bringing much gain except that whatever glory or fame he desires, it would be only for this that the people might in the present time and in the future should practice obedience to Dharma and conform to the observances of Dharma. For this purpose does His Sacred and Gracious Majesty the King wish for glory or fame.
And what little he exerts himself, that is all for the hereafter, and in order that all may be free from confinement (or bondage). And this is bondage, viz., sin. This is, indeed, difficult of achievement by the lowly or high in rank except by strenuous preliminary effort, renouncing all. But among these (two), it is the more difficult of achievement by the person of superior rank.
(Asoka-R.K. Mookerji)


The Beloved of the Gods, the king Piyadassi, sets no great store by fame or glory, except in, that he desires fame and glory both now and in the future, in order that his people may obey Dhamma with obedience and follow the way of Dhamma. To this extent the Beloved of the Gods desires fame and glory. Whatever effort the Beloved of the Gods, the king Piyadassi makes, it is all done with a view to the after-life, that all men may escape from evil inclinations, for there can be no merit in evil inclinations. But this is difficult for men, whether humble or highly placed, without extreme effort and without renouncing everything else, and it is particularly difficult for the highly placed.
(Asoka and the decline of the Mauryas- Romila Thapar)


King Priyadarsi, the Beloved of the Gods, does not consider even glory or fame leading to any great gain except when he desire for glory, it is only for the purpose that people might in the present and in the future should render obedience to Dharma and conform to the observances of Dharma. It is for this that, king Priyadarsi, the Beloved of the Gods, desires glory or fame. Whatever efforts king Priyadarsi, the Beloved of the Gods, makes, is for the welfare of life in the other world. Why is it? that all may be free from moral degradation. Moral degradation is, of course, that which is demerit. This is, however, difficult of attainment whether by the lower or higher class of officers except through intense exertion and renouncement of other desires. But out of these two, it is comparatively difficult of performance by an officer of higher rank.
(Inscriptions of Asoka- N. P. Rastogi)

အက္ခရာတွေ ကျန်သေးတယ်နော်…

Thursday, April 17, 2008

နှစ်သစ်ကူးပရိတ် (သို့) မေတ္တသုတ်remix

ကြားကြားတိုင်း သတိရပါ
ရွတ်ဖတ်တိုင်း အမှတ်ရပါ
မေတ္တသုတ်တော်ဟာ
ငါတို့ရဲ့ တော်လှန်ရေး သင်္ကေတ ဖြစ်ခဲ့ပြီ။

ကရဏီယမတ္ထကုသလေန၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ။

ဓါးဓါးချင်း
ဒုတ်ဒုတ်ချင်း
ယှဉ်ပြိုင်ထိုးခုတ်နေမှ မဟုတ်ဘူး
နာကျင်စရာများ ရှိတိုင်း
ခံပြင်းစရာများ ရှိတိုင်း
ရက်စက်မှုတွေ ကြုံတွေ့ရတိုင်း
တစ်ဂါထာ တစ်ဝါကျပဲ မင်းရွတ်ဆိုလိုက်စမ်းပါ
သွေးသားထဲ စီးဆင်းသွားတဲ့ ချိုမြိန်မှုနဲ့
မေတ္တသုတ်တော်ဟာ
ငါတို့ရဲ့ တော်လှန်ရေး နိမိတ်ပုံ ဖြစ်တယ်။


န စ ခုဒ္ဒမာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

ကြေကွဲတတ်ရင်
အနီရောင် စွန်းထင်းခဲ့တဲ့ ဗောဓိညောင်တွေအတွက်
မြေခခဲ့ရတဲ့ ဦးခေါင်းတော်တွေအတွက်
ကြေကွဲလို်က်အုံး
တစ်လှမ်းချင်းလှမ်းတဲ့ ခြေလှမ်းတွေအတွက်
တစ်ပိုဒ်ချင်း သရဇ္ဈယ်တဲ့ သံစဉ်တွေအတွက်
ဝမ်းနည်းလိုက်အုံး။

ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာ ၀န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

လူမဆန်တဲ့ ရက်စက်မှုတွေကြားမှာ
“ကရဏီယ”ကို ရွတ်ဖတ်ရင်း
“န ပရောပရံ”ကို သရဇ္ဈယ်ရင်း
သွေးပွက်ပွက်အန်ခဲ့ရပြီ။

ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ ၊ ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ၀ ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

သုတ်တော်ရဲ့ ပါဒတိုင်း ပါဒတိုင်းမှာ
သွေးစွန်းနေတဲ့ ကျည်ဆန်တွေ ရှိတယ်
သုတ်တော်ရဲ့ အက္ခရာတစ်လုံချင်းမှာ
မိစ္ဆာတွေရဲ့ စစ်ဖိနပ်ဒဏ်ရာတွေ ရှိတယ်
နာနာကျင်ကျင် ခံစားလိုက်အုံး
မေတ္တသုတ်တော်ဟာ
တော်လှန်ရေးရဲ့ သွေးစက်တွေ ဖြစ်တယ်။

န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
ဗျာရောသနာ ပဋိဃသညာ၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။

တောကိုပဲရောက်ရောက်
မြို့မှာပဲနေနေ
ဘယ်နေရာ ဘယ်ကာလမှ ရွတ်ဖို့ မမေ့နဲ့
မေတ္တသုတ်တော်ဟာ တော်လှန်ရေးရဲ့ သင်္ကေတ
သွေးစွန်းဗောဓိညောင်တွေရဲ့
စွန့်လွှတ်မှုနိမိတ်ပုံ
ကြေကြေကွဲကွဲ
ငါတို့ဆက်ပြီး သရဇ္ဈယ်ကြအုံးစို့။


မာတာ ယထာ နိယံ ပုတ္တမာယုသာ ဧကပုတ္တမနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

သေနတ်တွေ တဒိုင်းဒိုင်း ပစ်နိုင်မှ
ဓားလှံတွေ တမြမြ သွေးနိုင်မှ
တော်လှန်ရေး မဟုတ်ဘူး
ခေတ်သစ်တော်လှန်ရေးဟာ
ညင်ညင်သာသာနဲ့ ရဲရဲဝံ့ ချီတက်ခြင်းပဲ ဖြစ်တယ်
ကြေကြေကွဲကွဲ ခံစားရတိုင်း
အစ အလယ် အဆုံး ဘယ်နေရာပဲ ရွတ်ရွတ်
မေတ္တသုတ်ဟာ
တော်လှန်ရေးရဲ့ ကိုယ်စားပြု လက်နက်ပဲ။

မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓေါ စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရမသပတ္တံ။

ကျီးတစ်အုပ် လန့်ဖြန့်သွားပုံလို
ငလျင်တစ်ခု ဖြတ်လှုပ်သွားသလို
ခြေလှမ်းလေး တစ်လှမ်းပဲလှမ်း
ဂါထာလေးတစ်ပုဒ်ပဲရွတ်
လူ့မိစ္ဆာတွေ လန့်ဖြန့်သွားစေရမယ်။

တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနော ယာဝတာဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ၀ိဟာရမိဓမာဟု။

ဧရာဝတီဟာ ငါတို့ပြည်ရဲ့ နိမိတ်ပုံ
ကမ္ဘာမကြေဟာ ငါတို့ရဲ့ အမျိုးသားသီချင်း
မေတ္တသုတ်ဟာ ငါတို့ရဲ့ တော်လှန်ရေးလက်နက်
ဘယ်လို ရက်စက်မှုနဲ့မှ တားဆီးလို့ မရဘူး
ကဲ…နာနာကျင်ကျင် ပရိတ်ရွတ်ကြအုံးစို့။

ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂ ဗ္ဘသေယျ ပုန ရေတီတိ။

ငါတို့ရဲ့ သွေးကြောအဆက်ဆက်
ငါတို့ရဲ့ သမိုင်းအဆက်ဆက်
မေတ္တာတရားဟာ
ဘယ်တော့မှ ဟောင်းနွမ်းမသွားဘူး။

မေတ္တသုတ်တော်ကို ခုဒ္ဒကနိကာယ်, ခုဒ္ဒကပါဌပါဠိတော်မှ ကူးယူသည်။
“ခေတ်သစ်တော်လှန်ရေးသင်္ကေတ”ကို မေတ္တာcampaignမှ ကူးယူသည်။

အက္ခရာတွေ ကျန်သေးတယ်နော်…

Wednesday, April 16, 2008

အသောကရဲ့ အက္ခရာများ-၉ (အပိုင်း၂)

“ဟာ…မင်္ဂလာ မရှိလိုက်တာ”

ဒီလို ဒီလို မတွေ့မကြုံ မခံစားရစေဖို့….



ဒေ၀ါနံပိယ ပိယဒသီမင်းသည် ဤသို့ မိန့်ကြား၏။ ဤလောက၌ လူတို့သည် မင်္ဂလာကြီးငယ် ပြုလုပ်နေကြ၏။ အနာရောဂါ ဖြစ်သောအခါ ထိမ်းမြားသောအခါ သားသမီးရသောအခါ ခရီးထွက်သောအခါနှင့် အခြားအခါတို့၌ မင်္ဂလာကြီးငယ် ပြုလုပ်လေ့ရှိကြ၏။ ထိုမှတပါး သားသမီးရသော မိန်းမများသည် အထူးထူးအထွေထွေ အကျိုးမရှိ သိမ်ဖျင်းသော မင်္ဂလာများကို ပြုလုပ်တတ်ကြ၏။ စင်စစ် ထိုမင်္ဂလာများကို ပြုလုပ်သော်လည်း အကျိုး ကျေးဇူးမရှိ။
တရားမင်္ဂလာသာ အကျိုးကြီး၏။ ယင်းတို့မှာ ကျေးကျွန်-သူခစားတို့အား ကောင်းစွာ ကြည့်ရှုခြင်း, ဆရာသမားတို့အား ကောင်းစွာ ဆည်းကပ်ခြင်း, သတ္တ၀ါတို့အား ကောင်းစွာ စောင့်ရှောက်ခြင်း, ရဟန်းပုဏ္ဏားတို့အား ကောင်းစွာပူဇော်ခြင်းတို့ ဖြစ်၏။ ဤနည်းတူစွာ အခြားအလားတူ ပြုလုပ်ခြင်းတို့သည်လည်း တရားမင်္ဂလာမည်၏။ “ဤတရားမင်္ဂလာသည် ကောင်းမြတ်၏။ အလိုရှိသော အကျိုးကို ပြီးမြောက်စေ၏”ဟု အဖ,သား, ညီအကို, အရှင်, သခင်, အဆွေ, ခင်ပွန်း, အိမ်နီးချင်းတို့သည် ဟောပြောကြရမည်။
ထို့ပြင် အလှူဒါနဟူသည် ကောင်းမြတ်၏။ ဤလောက၌ တရားအလှူ, တရားချီးမြှောက်ခြင်းကဲသို့သော လှူဒါန်းချီးမြှောက်ခြင်းမျိုးမရှိ”ဟု အဆွေ, ခင်ပွန်း, အသိ, အကျွမ်း, ဆွေမျိုး, ဥာတကာ, အပေါင်းအသင်းတို့သည် မပြတ်မလပ် ဟောပြောကြရမည်။ “ဤတရားမင်္ဂလာ, တရားအလှူ, တရားချီးမြှောက်ခြင်းတို့ကို ပြုသဖြင့် နတ်ရွာရောက်နိုင်၏။ ယင်းသို့ နတ်ရွာရောက်ကြောင်း အထူးချီးမြှောက်ခြင်းမျိုး တစုံတရာမရှိ” ဟု ဟောပြောကြရမည်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)


Thus saith His Sacred and Gracious Majesty the King: People perform various ceremonies. In troubles, marriages of sons and daughters, birth of children, departures from home on these and other (occasions) people perform many different ceremonies. But in such (cases) mothers and wives perform numerous and diverse, petty and worthless ceremonies.
Now ceremonies should certainly be performed. But these bear little fruit. That, however, is productive of great fruit which is connected with Dharma. Herein are these: Proper treatment of slaves and employees, reverence to teachers, restraint of violence towards living creatures and liberality to Brahman and Sramana ascetics. These and such others are called Dharma-mamgalas.
Therefore should it be said by a father, or a son, or a brother, or a master, or a friend, a companion, and even a neighbour: “This is commendable; this is the ceremony to be performed until the purpose thereof is fulfilled; this shall I perform." For those ceremonies that are other than these they are all of doubtful effect. It may achieve that purpose or may not. And it is only for this world. But this ceremonial of Dharma is not of time. Even if one does not achieve that object in this world, in the world beyond is produced endless merit. But if one achieves that purpose in this world, the gain of both results from it that object in this world, and endless merit is produced in the other world by this Dharma-mangala.
(Asoka-R.K. Mookerji)


Thus speaks the Beloved of the Gods, the king Piyadassi: People practice various ceremonies. In illness, at the marriage of sons and daughters, at the birth of children, when going on a journey—on these and on other similar occasions people perform many ceremonies. Women especially perform a variety of ceremonies, which are trivial and useless. If such ceremonies must be performed they have but small results. But the one ceremony which has great value is that of Dhamma. This ceremony includes, regard for slaves and servants, respect for teachers, restrained behavior towards living beings, and donations to sramanas and brahmans---these and similar practices are called the ceremony of Dhamma. So father, son, brother, master, friends, acquaintance, and neighbor should think, “This is virtuous, this is the ceremony I should practice, until my object is achieved.
Or else they should say to themselves: Other ceremonies are doubtful in their effectiveness. They may achieve their objects or they may not, and they are only effective in temporal matters. But the ceremony of Dhamma is effective for all the time, for even if its object is not attained in this life, endless merit is produced for the life to come. But if the object is attained in this life, there is a gain in both respects. For in this life the object is attained, and in the next life, endless merit is produced through that ceremony of Dhamma.
More over, they say: “Giving is good.” But there is no gift on favor comparable to the gift of Dhamma or the favor of Dhamma. So it is essential that a friend, companion, relative, or colleague should advice on all occasions, saying, “This should be done. Through this one can gain heaven”—and what can be more important than to gain heaven?
(Asoka and the decline of the Mauryas- Romila Thapar)



King Piyadarsi, the Beloved of the Gods, said: People observed many rites in sickness, at marriages, on the birth of children and before resuming journey. On these and other similar occasions people observe many rites. On these occasions, women observe many ordinary and useless rites of various nature. Rites should be performed. But rites of this nature are productive of very meager result. That rites, however, is of considerable value which is Dharma-mangala. This includes proper treatment of servants and employees, respect to teachers, non-violence towards living beings and liberality towards Brahmanas and Sramanas. These and other of this type are called Dharma-mingalas. Therefore, it should be said by a father, a son, a brother, a master, a friend or a companion, and even by a neighbors “this is good, this rite should be performed till the aim is achieved, this shall I perform.”
And it has been said, “Gift is good.” But there is no obligation compared to that of Dharma. Therefore, a friend, a well wisher, a relative or a companion out to convince (one another) on these occasions, saying: “it is a duty, it is good, it is possible to gain heaven with it.” And what is more important of attainment through this than the attainment of heaven?
For those ceremonies other than these are all of dubious effect. It may attain success or it may not attain. And it (Dharma-mangala) is not intended for if one does not attain the intended object in the material world, it produces endless merit in the other world. But if the intended object is achieved in this world, the results of both are gained, that object in this world and endless merit in the other world through this Dharma-mangala.
(Inscriptions of Asoka- N. P. Rastogi)


အက္ခရာတွေ ကျန်သေးတယ်နော်…

အသောကရဲ့ အက္ခရာများ-၉ (အပိုင်း၁)

အတာကူးတဲ့ တန်ခူးလ အခါသမယမှာ စိတ်ရောကိုယ်ပါ အေးမြကြည်သာစွာဖြင့် ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ရေသဘင် ဆင်ယဉ်နွှဲပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း….



မင်္ဂလာရှိကြစေဖို့…။ ရာစုဟောင်းများက မင်္ဂလာ နှစ်မျိုး….

ဥစာဝစမင်္ဂလာ…အပေါစားမင်္ဂလာ
ဓမ္မမင်္ဂလာ…တရားမင်္ဂလာ

မင်္ဂလာဆောင်နိုင်ကြပါစေဗျာ…။


ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ ဧ၀ံ အာဟ, အထိ ဇနော ဥစာ’ဝစံ မံဂလံ ကရောတိ, အာဗာဓေသု ၀ါ အာဝါဟ-၀ိဝါဟေသု ၀ါ ပဇောပဒါယေ ၀ါ ပ၀ါသမှိ ၀ါ, ဧတာယေ စ အံနာယေ စ ဧဒိသာယေ ဇနော ဥစာ’၀စံ မံဂလံ ကရောတိ၊ အတြ တု အ၀ကဇနိယော ဗဟူကံ စ ဗဟုဝိဓံ စ ခုဒကံ စ နိလထိယံ စ မံဂလံ ကလောတိ၊ သေ ကဋ၀ိယေ စေ၀ ခေါ မံဂလေ အပ-ဖလကေ စ ခေါ၊ အယံ တု ခေါ မဟာဖလေ မံဂလေ, ယေ ဓံမမံဂလေ၊ အတြ အယံ ဒါသ ဘဋကမှိ သမျာပဋိ ပတိ, ဂုရူနံ အပစိတိ, ပါဏေသု သံယမော, သမဏဗြဟ္မဏာနံ ဒါနံ, ဧသေ စ အံနေ စ ဧတာရိသေ ဓံမမံဂလေ နာမ။
သေ ၀တ၀ိယေ ပိတုနာပိ, ပုတေနပိ, ဘာတိနာပိ, သုဝါမိကေနပိ, မိတသံထုတေန, အာဝ ပဋိဝိသိယေနပိ၊ အယံ သာဓု, ဣဒံ ကဋ၀ိယေ မံဂလေ အာဝတသ အထသ နိဖတိယာ, ‘ဣမံ ကထ‘မိထိ၊ ယေ ဟိ ကေ၀လေ မံဂလေ သံသယိကေ သေ သိယာ ၀ တံ အဌ နိဝဋေယ, သိယာ ပုန နော ဣဟ လောကိကေ စ ၀…သေ၊ အယံ ပုန ဓံမမံဂလေ အကာလိကေ၊ ဟံ စေ ၀ိ တံ အထံ န နိဝဋေတိ ဟိဒ အထံ, ပရတ အနံတံ ပုနံ ပသ၀တိ၊ ဟံ စေ ပုန တံ အထံ နိဝဋေတိ, ဟိဒ တတော ဥဘယေ လဓေ ဟောတိ၊ ဣဟ စ စေ အဌေ ပရတ စ အနံတံ ပုံဥံ ပသ၀တိ တေန ဓံမမံဂလေနေ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး ဤသို့ မိန့်မြွက်တော်မူပြီ-- ဤလောက၌ အမြတ် အယုတ် မင်္ဂလာစွဲးယူသူ အစားစား ရှိကြ၏။ ထိုသူများသည် အနာရောဂါ ကပ်ငြိရာ, လက်ထပ်ထိမ်းမြားရာ, သားသမီးမွေးဖွားရာ, အရပ်တပါးသို့ ခရီးယာယီ သွားလာရာ, ဤသို့သော အရာအခါကာလများနှင့် ဤနှင့်အလားတူ အခြားသော အရာအခါကာလများ၌ အမြတ်အယုတ်အားဖြင့် အစားစားသော မင်္ဂလာတို့ကို ပြုလုပ်ကြ၏။ အထူးတလည် မှတ်ဖွယ်ကား ဤမင်္ဂလာအစားစားကို ပြုလုပ်ကြရာ၌ အောက်တန်းစား ကျရောက်သည့် (မိန်းမများ, သားသယ်မအေများ, မိုက်မဲးသော) သူများသည် အထူးထူးအပြားပြား များစွာသော သေးသိမ်၍့ အကျိုးမထူးလှသော မင်္ဂလာများကို ပြုလုပ်တတ်ကြလေသည်။
ထိုသို့သော မင်္ဂလာတို့ကား ပြုလုပ်ထိုက်သည်ပင် ဖြစ်စေ, အကျိုးသွား နည်းပါသော မင်္ဂလာတို့သာ ဖြစ်ကုန်၏။ စင်စစ်အားဖြင့် တရားတော်ဆိုင်ရာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတို့သည်သာ အကျိုးစီးပွား ကြီးမားထွန်းကားသော မင်္ဂလာတို့ ဖြစ်ကြကုန်သည်။ ဤမင်္ဂလာမှု ပြုလုပ်ရေး အရပ်ရပ်စကား၌ ဤတရားတော်ဆိုင်ရာ မင်္ဂလာကား ကျေးကျွန်အစေအပါးတို့အပေါ်၌ ကောင်းမွန်ဖြောင့်မှန်စွာ ကျင့်ဆောင်ခြင်း, ဆရာမိဘ ကြီးရင့်သူတို့အား ကျိုးနွံရိုးသေခြင်း, သတ္တ၀ါတို့ကို သတ်ဖြတ် ညှင်းပန်းရေးမှ စောင့်စည်းခြင်း, ရဟန်းပုဏ္ဏား သူတော်သူမြတ်တို့အား လှူဒါန်းပေးကမ်းခြင်း, ဤဆိုခဲ့ပြီးတို့သည်၎င်း, ဤမှတပါး ဤနှင့် အလားတူ အခြားပြုလုပ်ဖွယ် တရားနာခြင်း, တရားဆွေးနွေးခြင်း စသည်တို့သည်၎င်း မင်္ဂလာ မည်ကုန်၏။
ထိုသို့သော မင်္ဂလာတို့ကို အမိအဘ၌၎င်း, သားသမီး၌၎င်း, ညီအစ်ကို မောင်နှမ၌၎င်း, အသျှင်သခင်နှင့် ကျေးကျွန်တို့၌၎င်း, အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို၌၎င်း, အိမ်နီးပါးချင်းအထိ၎င်း, အချင်းချင်း ပြုကျင့်ကြသင့်လေသည်။ ဤညွှန်ပြခဲ့သည့် မင်္ဂလာများကား ပစ္စုပ် တမလွန်ကျိုး, ကိုယ့်သူ့ကျိုးအတွက် ကောင်းမွန်လေသဖြင့် ဤသို့သော တရားတော်ဆိုင်ရာ မင်္ဂလာများကို မည်သည့်မင်္ဂလာမှ မည်သည့်အကျိုးထွက်ပေါ်သည်ဟု ထိုထို မင်္ဂလာ၏့ ကိစ္စပြီးစီးသည်တိုင်အောင် ပြုကျင့်လိုက်နာသင့်ကြ၏။ အထူးတလည်မှတ်ဖွယ်ကား, လောကတွင် မင်္ဂလာဟု သမုတ်ကြသမျှ အကြွင်းမဲ့ရှိသမျှ မင်္ဂလာမျိုးတို့မှာ ယုံမှားဖွယ်နှင့်တကွ ဖြစ်ကြကုန်၏။ ၎င်းတို့သည် ထိုညွှန်ကြား ရည်ဆောင်ချက် အကျိုး မပြီးစီးပဲးသော် ဖြစ်ရာ၏။ စင်စစ်ကား ၎င်းတို့သည် (ပြီးစီးသည်ဖြစ်စေ, မပြီးစီးသည်ဖြစ်စေ) ဤပစ္စက္ခ လောကီကျိုးအတွက်မျှ ဖြစ်ကြကုန်၏။
ထို့ပြင် ဤတရားတော်ဆိုင်ရာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတို့ကား အခါကာလမလင့် အခွင့်သင့်တိုင်း ကောင်းကျိုးစီးပွားကို ဖြစ်စေကုန်လေသည်။ အကယ်၍ ထိုတရားတော်ဆိုင်ရာ မင်္ဂလာသည် ဤပစ္စက္ခဘ၀၌ ခံစားရနိုင်အောင် အကျိုးမပြီး ရှိပြန်စေကာ, တမလွန်လောက ထိုထိုဘ၀၌ အနန္တကောင်းကျိုးကို တိုးပွားကြီးကျယ်စေလေသည်။ ထိုသို့မဟုတ်ပဲး အကယ်စင်စစ် ပစ္စက္ခကျိုးကို ပြီးစီးစေပြန်မူကား, ထိုမင်္ဂလာမှ ပစ္စက္ခတမလွန် ၂တန်သော ကောင်းကျိုးကို ရသည်ဖြစ်၍့ ထိုတရားတော်လာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာအတွက် ဤဘ၀မှာလည်း ကောင်းမြတ်၍, နောင်ဘဝမှာလည်း အနန္တကောင်းကျိုး တိုးပွားလေသတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)

Thus saith His Sacred and Gracious Majesty the King: ' People perform various ceremonies. In sickness, at the weddings of sons, the weddings of daughters, the birth of children, departure on journeys on those and other similar occasions people perform many ceremonies. Nay, the womankind perform many, manifold, trivial, and worthless ceremonies. Ceremonies, however, have to be performed, although that kind bears little fruit. This sort, on the other hand, to wit, the ceremonial of piety, bears great fruit. In it are included proper treatment of slaves and "servants, honour to teachers, gentleness towards living creatures, and liberality towards ascetics and Brahmans. These things and others of the same kind are called the Ceremonial of Piety.
Therefore ought a father, son, brother, master, friend, or comrade, or even a neighbour to say: “This is excellent, this is the ceremonial to be performed until the attainment of the desired end."
This I will perform, for the ceremonial of this world is of doubtful efficacy; perchance it may accomplish the desired end, perchance it may not, and it remains a thing of this world. This Ceremonial of Piety, on the contrary, is not temporal; because, even if it fails to attain the desired end in this world, it certainly produces endless merit in the world beyond. If it happens to attain the desired end here, then both gains are assured, namely, in this world the desired end, and in the world beyond endless merit is produced by that Ceremonial of Piety.'
(Asoka, the Buddhist Emperor of India- V. A. Smith)


နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး မိန့်တော်မူသည်မှာ--
လူတို့သည် မင်္ဂလာကြီးငယ်တို့ကို ပြုလေ့ရှိကြကုန်၏။ ဖျားနားသောအခါ၊ သားသမီးများကို ထိမ်းမြားသောအခါ၊ သားသမီး ဖွားမြင်သောအခါ၊ ခရီးထွက်ခါနီးအခါ၊ ဤအခါတို့နှင့်၊ အခြား အလားတူ အခါတို့၌၊ လူတို့သည် များစွာသော မင်္ဂလာတို့ကို ပြုလေ့ရှိကြကုန်၏၊ ထိုမှတပါး သားသမီးရှိသော မိန်းမတို့သည်လည်း အထူးထူးအပြားပြား မြောက်မြားလှ၍ သေးနုပ်အကျိုးမဲ့သော မင်္ဂလာတို့ကို ပြုလေ့ရှိကြကုန်သေး၏။
ဤမင်္ဂလာများကို စင်စစ် ပြုအပ်ပါပေ၏။ သို့ရာတွင် ၎င်းတို့သည် အကျိုးမများလှချေ။ တရားမင်္ဂလာသည်သာလျှင် အကယ် အကျိုးများချေ၏။ တရားမင်္ဂလာဆိုသည်မှာ ကျေးကျွန်အစေခံတို့အား ကောင်းစွာ ပြုစုသိမ်းမြန်းခြင်း၊ ဆရာအရှင်တို့အား ရိုသေမြတ်နိုးခြင်း၊ သတ္တ၀ါတို့အား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရဟန်းပုဏ္ဏားတို့အား ပေးလှူခြင်းတို့ပေတည်း။ ဤဆိုခဲ့ပြီးသည်တို့နှင့် အခြားအလားတူ (ပြုမူဆောင်ရွက်ခြင်း)တို့သည် တရားမင်္ဂလာမည်ကုန်၏။ ထိုမင်္ဂလာအကြောင်းကို အဖသည်၎င်း၊ သားသည်၎င်း၊ ညီအစ်ကိုတို့သည်၎င်း၊ အသျှင်သည်၎င်း၊ မိတ်ဆွေအသိအကျွမ်းသည်၎င်း၊ အိမ်နီးချင်းသည်၎င်း၊ ဤသို့ ပြောဟောသင့်၏။
ဤတရားမင်္ဂလာသည် ကောင်း၏။ ဤတရားမင်္ဂလာကို လိုအပ်သော အကျိုးပြီးမြောက်စိမ့်သောငှာ ဆောင်ရွက်အပ်၏။
မည်သည့်အကျိုးကို အဘယ်သို့ ပြီးမြောက်စေပါသနည်းဆိုသော်၊ ယခု ဆောင်ရွက်လျက်ရှိသော (လောကီ) မင်္ဂလာတို့သည် လိုရာအကျိုးကို ပြီးမြောက်စေမည်၊ မပြီးမြောက်စေမည်ကို သံသယဖြစ်ဖွယ်ရှိ၏။ အကျိုးပြီးမြောက်စေကာမူ ဤလောက အဖို့သာလျှင် ဖြစ်၏။ ဤတရားမင်္ဂလာသည်ကား အခါမရွေး အကျိုးပေး၏။ ဤလောက၌ အကျိုးမပေးစေကာမူ တမနွန်လောကက၌ အတိုင်းမသိသော ကုသိုလ်အကျိုးကို ပေး၏။ ဤလောက၌လည်း အကျိုးပြီးမြောက်သော် ဤလောက၏ အကျိုး တမနွန်လောက၏ အတိုင်းမသိသော ကုသိုလ်အကျိုးဟုဆိုအပ်သော အကျိုးနှစ်ပါးစလုံးကိုပင် ဤတရားမင်္ဂလာဖြင့် ရရှိခံစားရချေ၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

အက္ခရာတွေ ကျန်သေးတယ်နော်…

Tuesday, April 15, 2008

အသောကရဲ့ အက္ခရာများ-၈

ပျော်ခဲ့ဖူးပါသည်။ မြူးခဲ့ဖူးပါသည်။ စိုခဲ့ဖူးပါသည်။ ရွှဲခဲ့ဖူးပါသည်။ ပိတောက်ရနံ့များနဲ့ ယစ်မူးခဲ့ဖူးပါသည်။ တချိန်တခါဆီက သင်္ကြန်များ…။



ငြိမ်းခဲ့ဖူးပါသည်။ အေးခဲ့ဖူးပါသည်။ ကြည်ခဲ့ဖူးပါသည်။ ရွှင်ခဲ့ဖူးပါသည်။ ညောင်ညိုပင်ရိပ်မှာ ချွေးသိပ်ခဲ့ဖူးပါသည်။ တရံတခါဆီက သင်္ကြန်များ…။



အပျော်လမ်း…
အငြိမ်းလမ်း…
လျှောက်…လှမ်း…မဆုံးနိုင်သော သင်္ကြန်ခရီး တစ်နှစ်ပြီးတစ်နှစ်…။

ဒီကျောက်စာမှာလဲ ခရီး နှစ်မျိုး..
ဝိဟာရယာတ..ပျော်ပွဲစားထွက်ခြင်း၊
ဓမ္မယာတ…တရားခရီးထွက်ခြင်း၊
မြန်မြန်သွားရင် မြန်မြန်ရောက်မှာပါပဲ…။


အတိကံတံ အံတလံ ရာဇာနော ၀ိဟာရ-ယာတံ နာမ နိခမိသု၊ ဣဟ မိဂ၀ိယာ အံနာနိ စ ဧဒိသာနိ အဘိရမာနိ အဟံသု၊ သေ ဒေ၀ါနံ ပိယော ပိယ-ဒသိရာဇာ ဒသ၀သာ’ဘိသိတော သံတော နိခမိ သံဗောဓိံ၊ တေ ‘နေသာ ဓံမ ယာတာ အတြ (အယံ) ဟောတိ၊ သမဏဗြာဟ္မဏာနံ ဒသနေ စ ဒါနေ စ ထေရာနံ ဒသနေ စ ဟိရံဏ-ပဋိဝိဓာနေ စ ဇန-ပဒသဇနသ ဒသနေစ ဓံမ’နုသဌိ စ ဓံမ ပရိပုဆာ စ တတော’ ပယာ ဧသာ ဘူယ ရတိ (အဘိရာမော) ဟောတိ၊ ဒေ၀ါနံ ပိယသ ပိယဒသိနော ရဥော ဘာဂေ အံဉေ ။

ရှည်လျားစွာသော ကာလပတ်လုံး ဘုရင်မင်းမြတ်တို့သည် ကျောင်းကန် ဘုရားသို့ ထွက်စံ ဖူးမျှော်ခြင်းမည်သည်ကို ပြုတော်မူလေ့ ရှိကြကုန်ပြီ၊ ဤသို့ ထွက်စံတော်မူရာ၌ သားသမင် လိုက်လံပစ်ခတ် ပျော်ပါးခြင်း, ထိုမှတပါး ဤနှင့် အလားတူ ပျော်ပါးမြူးထူးခြင်းတို့လည်း ပါဝင်ကြကုန်ပြီ၊ ထိုသို့သော မင်းတို့ ခရီးထွက်စံ ကြွမြန်းခြင်း အလေ့များအတိုင်း မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် အဘိသိက်သွန်း၍ ဆယ်နှစ်မြောက်အခါ ဘုရားလျာတို့၏ သစ္စာပန်း လေးဆင့် ဖြစ်ပွင့် သိမြင်ကြရာ မဟာဗောဓိပင်သို့ ခရီးလှည့်လည် ထွက်စံခြင်း ပြုလေပြီ၊ ထို့ကြောင့် ဤနေရာ၌ တရားအခွင့် သင့်မြတ်သော ထွက်စံကြွရောက်ခြင်း ဖြစ်လေသည်။
ထိုကဲ့သို့ ထွက်စံတော်မူရာ ဤအရပ်ဋ္ဌာန၌ ရဟန်းပုဏ္ဏားတို့ကို ကြည့်ရှုဖူးမျှော်ရခြင်း, ၎င်းတို့အား လှူဒါန်းရခြင်း, အသက်အရွယ် အိုမင်းသူ, သီလစသော ဂုဏ် မြောက်များသူတို့အား တွေ့မြင်ဖူးမျှော်ရခြင်း, ရွှေပြားစသည် (စေတီဗုဒ္ဓိုးတို့၌) မွန်းမံရခြင်း, ဇနပုဒ်သူ, ဇနပုဒ်သားတို့နှင့် တွေ့ဆုံဆွေးနွေးရခြင်း, တရားစကား ဟောညွှန်ဆုံးမရခြင်း, တရားစကား ပြောကြား ဆွေးနွေးရခြင်းများ ဖြစ်ပွားလေပြီ၊ ထိုအားလုံးသည်ကား ကျောင်းကန်ဘုရားသို့ ထွက်ကြွလှည့်လည်ခြင်းမှ စင်စစ် တိုးပွားသည့် မွေ့လျော ပျော်ပါးဖွယ်များ ဖြစ်လေသည်၊ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်၏့ ဤသို့သော ကုသိုလ်အဖို့တို့ကို ငါဘုရင်မှတပါး အခြားသော နတ်လူဗြဟ္မာတို့အား အမျှညီစွာ ပတ္တိဒါန ပြုပါသတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)


ရှေးလွန်လေပြီး ကာလတို့၌ နတ်တို့ချစ်မြတ်နိုးသူခေါ် (မင်း)တို့သည် အပျော်အပါး (တောကစား)ထွက်ခြင်းဟုခေါ်သော ခရီးထွက်ခြင်းကို ပြုလေ့ရှိကြ၏၊ ဤသို့ခရီးထွက်ရာ၌ အမဲလိုက်ခြင်းနှင့် အခြားနည်းတူ အပျော်အပါးတို့ ရှိကုန်၏။
နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် အဘိသိက်ခံသည်၏ ဆယ်နှစ်မြောက်၌ မဟာဗောဓိသို့ ခရီးထွက်တော်မူ၏။ ထိုသို့ထွက်ခြင်းကား တရားခရီးထွက်ခြင်းဖြစ်၏။ ဤသို့ထွက်ရာ၌ ရဟန်းပုဏ္ဏားတို့အား ဖူးမြော်ခြင်း ရွှေအသပြာတို့ကို ခွဲဝေပေးကမ်းခြင်း၊ ဇနပုဒ်တို့၌ နေကုန်သော ဇနပုဒ်သားတို့အား တွေ့မြင်ခြင်း၊ တရားတော်၌ ဆုမ္မသြ၀ါဒပေးခြင်း၊ တရားတော်နှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းခြင်းတို့ကို ပြုပိ၏။ ဤသည်တို့သည် အမဲလိုက်ခြင်းစသော အပျော်အပါးတို့ထက် မင်းကြီးအား ပို၍ နှစ်သက်စေ၏။ ဤကား နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ ထူးခြားသော ကံပေတည်း။
(အသောကကျောက်စာများ-ဦးဖိုးလတ်)


ရှေးအခါက ဒေဝနံ ပိယတို့သည် အပျော်အပါးထွက်ကြရာ၌ တောကစားခြင်းနှင့် အခြားပျော်မွေ့ဖွယ်တို့ကို ပြုလုပ်ကြ၏။ ဒေ၀ါနံပိယ ပိယဒသီမင်းသည် အဘိသိက်ခံ၍ ၁၀နှစ်မြောက်၌ မဟာဗောဓိသို့ သွား၏။ ယင်းသို့ သွားခြင်းကား တရားခရီးထွက်ခြင်းပင် ဖြစ်၏။ ရဟန်းပုဏ္ဏားတို့အား ဖူးမျှော်ခြင်း, ပေးကမ်းလှူဒါန်းခြင်း, လူကြီးများနှင့် တွေ့ဆုံခြင်း, ရွှေတို့ကို ဝေဖန်ခြင်း, ဇနပုဒ်တို့ကို ကြည့်ရှုခြင်း, လူအများနှင့် တွေ့ဆုံခြင်း, တရားအဆုံအမပေးခြင်း, တရားဆွေးနွေးခြင်းတို့ကို ပြုလုပ်၏။ ဤတရားခရီးသည် တောကစားခြင်းစသော အပျော်ခရီးထွက်ခြင်းထက် သာလွန်နှစ်သက်ဖွယ်ကောင်း၏။ ဤကား ဒေ၀ါနံပိယ ပိယဒသီမင်း၏ အဘို့တပါးတည်း။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

'In times past Their Sacred Majesties used to go out on so-called “tours of pleasure." In those tours hunting and other similar amusements used to be practiced.
His Sacred and Gracious Majesty the present King, after he had been consecrated ten years went out to Bodh Gaya or "towards supreme knowledge”).
Thence arose “tours of piety.” In them this is the practice-- visiting ascetics and Brahmans, with liberality to them; visiting elders, with largess of gold; visiting the people of the country, with instruction in the Law of Piety, and discussion of that Law.
Consequently, since that time a different portion constitutes the pleasuring of His Sacred and Gracious Majesty the King.'
(Asoka, the Buddhist Emperor of India- V. A. Smith)


In past periods, Their Sacred Majesties used to go out on so-called Viharayatras (excursions for enjoyment). In these were hunting and other similar diversions. But His Sacred and Gracious Majesty the present King, when he had been consecrated ten years, went out to the place of Sambodhi, whence these Dharmayatras as in which are the following: visits and gifts to Brahmans and Sramanas ; visits and gifts of gold to the elders; visits to the people of the country, instructing them in morality, and discussions with them on same as suitable thereto.
This becomes a great delight, an additional portion, of His Sacred and Gracious Majesty the King. (Asoka-R.K. Mookerji)


In the past, kings went on pleasure tours, which consisted of hunts and other similar amusements. The Beloved of the Gods, the king Piyadassi, when he had been consecrated ten years, went to the tree of Enlightenment. From that time arose the practice of tours connected with Dhamma, during which meeting are held with ascetics and brahmans, gifts are bestowed, meeting are arranged with aged folk, gold is distributed, meetings with the people of the countryside are held, instruction in Dhamma is given, and questions on Dhamma are answered. The Beloved of the Gods, the king Piyadassi, derives more pleasure from this, than from any other enjoyments.
(Asoka and the decline of the Mauryas- Romila Thapar)


In the times gone by, kings used to go out on pleasure tours. It included hunting and other similar diversions. But now, king Priyadarsi, the Beloved of the Gods, went to Sambodhi when he had been consecrated ten years. Hence this Dhamma-Yatra. This includes visits and charity to Brahmanas and Srmanas; visits and gold gifts to the aged; visits to the people of the empire instructing them in Dharma and holding discussions on it. This great delight produced from it is the extraordinary luck of king Priyadarsi, the Beloved of the Gods.
(Inscriptions of Asoka- N. P. Rastogi)


အက္ခရာတွေ ကျန်သေးတယ်နော်…