Friday, June 20, 2008

အသောကရဲ့ အက္ခရာများ-၁၈

ကျောက်စာတွေ ဖတ်ရတာ မောရောပေါ့။ ဒီတစ်ခါ တိုတိုရှင်းရှင်းလေးပါ။ ဒါပေမယ့် အသက်ရှည်ကြောင်း နည်းလမ်းကောင်းတွေပါတယ်။

သေ ဟေ၀ံ ဒေ၀ါနံပိယေ
အာဟ။ မာတာပိတိသု သုသူသိတ၀ိယေ။ ဟေ၀မေ၀ ဂရုတွ ပြဏေသု ဒြဟျိတ၀ျံ။ သစံ
ဝတ၀ိယံ။ သေ ဣမေ ဓံမဂုဏာ ပ၀တိတ၀ိယာ။ ဟေ၀မေ၀ အံတေ၀ါသိနာ
အာစရိယေ အပစာယိတ၀ိယေ ဉာတိကေသု စ ကုယ(ထာ) ရဟံ ပ၀တိတ၀ိယေ။
ဧသာ ပေါရာဏာ ပကိတီ ဒိဃာဝုသေ စ ဧသ ဟေ၀ံ ဧသ ကဋ၀ိယေ။
စပဍေန လိခိတံ လိပိကရဏေ။


ထို့ကြောင့် မင်းတကာတို့ လေးစားချစ်ကြည်အပ်သော အသောကမင်းတြားကြီး ဤသို့ ပြန်ကြားတော်မူလေပြီ၊ အမိ အဘတို့ စကားကို နားထောင်လိုက်နာရာ၏။ ဤအတူပင် ဆရာသမား, (အသက်အရွယ် ကြီးသူတို့ စကားကို လိုက်နာရာ၏။ အဆွေခင်ပွန်း, ချစ်ကျွမ်းဝင်သူ, ဆွေမျိုးဉာတိတို့၌၎င်း, ကျေးကျွန်အစေခံ အမှုလုပ်အထိ၎င်း ကောင်းစွာ ကျင့်ရာ၏။ သတ္တ၀ါတို့ကို ညှင်းဆဲးသတ်ဖြတ်ခြင်းကို မပြုအပ်၊) စကားကို ဖြောင့်မှန်စွာ ပြောဆိုအပ်၏၊ ထိုသို့အားဖြင့် ဤတရား၏ ဂုဏ်ကျေးဇူးကို ဤသို့ လိုက်နာ ကျင့်ဆောင်ရာ၏၊ ဤသို့လျှင် ဆရာသမား အပေါ်၌ တပည့်ကောင်းသည် ကျိုးနွံစွာ ကျင့်ဆောင်အပ်၏။ ဆွေညာသင်္ဂဟတို့ အပေါ်၌လည်း (ကောင်းစွာ ကျင့်ရာ၏၊) ဤသည်ကား ရှေးသူဟောင်းစဉ်လာ ကျင့်ကြံလိုက်နာသော တရားလမ်းတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)


နတ်တို့ချစ်မြတ်နိုးသော မင်းကြီး မိန့်တော်မူသည်မှာ--
မိဖတို့အား ရိုသေကျိုးနွံရာ၏၊ ထိုနည်းတူစွာ သတ္တ၀ါတို့အား လေးစာသော စိတ်ကို ရင့်သန်စေရာ၏၊ အမှန်ကို ပြောဆိုရာ၏။ ဤတရားတော်၏ ဂုဏ်တို့ကို ပြန့်နှံ့စေရာ၏။
ထိုနည်းတူစွာ တပည့်တို့သည် ဆရာတို့အား ရိုသေမြတ်နိုးရာ၏။ အဆွေအမျိုးတို့အားလည်း လျောက်ပတ်စွာ ပြုစုရာ၏။
ဤသည်တို့သည်ကား အသက်ကို ရှည်စေသော ရှေးဟောင်းကျင့်စဉ် တရားရင်းတို့ပေတည်။ ဤသို့ တရားတော်ရှိသည်အတိုင်း ကျင့်သုံးရာ၏။ (စာရေး စပဍ ရေးထိုး၏)
(အသောကကျောက်စာများ-ဦးဖိုးလတ်)


ဒေ၀ါနံပိယသည် ဤသို့ မိန့်ဆို၏။ အမိအဖတို့၌ ကိုးကွယ်ဆည်းကပ်ရာ၏။ ဤအတူ သတ္တ၀ါတို့၌ လေးစားမှု အမြဲ ပြုရာ၏။ အမှန်သစ္စာကို ပြောဆိုရာ၏။ ဤတရားဓမ္မဂုဏ်ကျေးဇူးကို ပြန့်နှံ့အောင် ပြုရာ၏။ ဤအတူ အန္တေ၀ါသိကတပည့်သည် ဆရာသမားကို ရိုသေစွာ ဆည်းကပ်ရာ၏။ ဆွေမျိုးဉာတကာနှင့် အမျိုးသားတို့၌ သင့်တင့်လျောက်ပတ်စွာ ပြုကျင့်ရာ၏။ ဤသည်တို့ကား ရှေးပေါရာဏဓမ္မလမ်းကြောင်း အသက်ရှည်ကြောင်းတို့ဖြစ်၍ လိုက်နာကျင့်ဆောင်ကြရမည်။ ပဋမည်သော စာရေးသူရေး၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)


Thus saith His Sacred Majesty (Devanaihpiya): ' Father and mother must be hearkened to; similarly, respect for living creatures must be firmly established; truth must be spoken. These are the virtues of the Law which must be practiced. Similarly, the teacher must be reverenced by the pupil, and fitting courtesy must be shown to relations.' This is the ancient nature of things this leads to length of days, and according to this men must act.
Written by Pada the scribe.
(Asoka, the Buddhist Emperor of India- V. A. Smith)


Thus saith again His Sacred Majesty: Father and mother must be properly served; likewise, a respect for all life should be an established principle, truth must be spoken. These religious requisites or virtues must be promoted.
Likewise the preceptor must be reverenced by his pupil and proper treatment should be shown towards relations. This is the traditional rule of conduct, and this makes for long life. Thus should one act. Written by the scribe Chapada.
(Asoka-R.K. Mookerji)


Even thus saith the Beloved of the Gods: “Father and mother must be properly respected; similarly, respect for all living beings should be a definite principle; Truth must be spoken.” These (fundamentals or) virtues of religion should be propagated. Likewise, the preceptor should be revered by the disciples; and relatives should be given due regard. This is the conventional law of conduct and this is long enduring. Hence it should be followed. Inscribed by Pada the scribe.
(Inscriptions of Asoka- N. P. Rastogi)

Even thus saith the Beloved of the gods: “Father and mother shall be hearkened to: Likewise, respect for living creatures shall be made firm. Truth should be spoken.” These are the qualities of Dhamma which ought to be practiced. Likewise, the preceptor shall be reverenced by the pupil; and one should behave onself fittingly towards the blood-relatives. This is primeval nature; and this is long-enduring. Hence it should be acted upon. Written by Pada the scribe.
(Asoka- D.R. Bhandarkar)

No comments: