“နှုတ်တစ်ရာ စာတစ်လုံး” ဆိုတဲ့စကားက တခါတလေ “စာတစ်လုံး နှုတ်တစ်ရာ” ဖြစ်သွားနိုင်တယ်။
ဘီစီ ၃ရာစုက အသောကကျောက်စာ တစ်လုံးတစ်ပါဒကို ပညာရှင်တွေ ဝေဖန်လေ့လာသုံးသပ်ကြတဲ့အခါ မတူညီတဲ့ အယူအဆလေးတွေကို ဘာသာပြန်တွေ ဖတ်ကြည့်ရင် တွေ့နိုင်ပါတယ်။ တစ်ချို့ကျောက်စာတွေကို မူတစ်ခုပဲ ရှာတွေ့တယ်။ တစ်ချို့ကိုတော့ နေရာအနှံ့မှာ မူအမျိုးမျိုး တွေ့ရတယ်။ ရှာမတွေ့တာတွေလဲ အများအပြား ရှိနိုင်တာပဲ။ ပဲ့ရွဲ့မှုန်ဝါးပျက်စီးတာတွေလဲရှိတော့ မူရင်းကျောက်စာရေးထိုးသူရဲ့ သဘောထားနဲ့ နှီးနှောတိုက်ဆိုင်ဖို့ နှစ်ပေါင်းအတော်ကြာ အကြီးအကျယ် ကြိုးစားထားရမယ့်သဘောကို အခုမှ မတောက်တခေါက်နဲ့ လေ့လာမိတဲ့ သူတစ်ယောက်ကတောင် သဘောပေါက်မိပါတယ်။ အင်း…ဒီတော့ ရှေးက ပညာရှင်တွေ စိုက်ပျိုးခဲ့လို့ ဖြစ်ထွန်းလာတဲ့ အသီးအပွင့်တွေကို စားသုံးရအုံးမှာပါ။ နောင်တစ်ချိန်မှာတော့ ကိုယ်တိုင် စိုက်ပျိုးခွင့် ကြုံတဲ့အခါ အခွင့်အရေးကို လက်မလွှတ်နဲ့ပေါ့။
သုဝံဝဂိရီတေ အယပုတသ မဟာမာတာနံ စ ၀စနေန ဣသိလသိ မဟာမာတာ အာရောဂိယံ ၀တ၀ိယာ ဟေ၀ံ စ ၀တ၀ိယာ ဒေ၀ါဏံပိယေ အာဏာပယတိ။
အဓိကာနိ အဎါတိယာနိ ၀သာနိ ယ ဟကံ ဥပသကေ နော တု ခေါ ဗာဎံ ပကံတေ ဟုသံ ဧကံ သ၀ဆရံ။ သာတိရေကေ တု ခေါ သံဝဆရံ
ယံ မယာ သံဃေ ဥပယီတေ ဗာဎံ စ မေ ပကံတေ။ ဣမိနာ စု ကာလေန အမိသာ သမာနာ မုနိသာ ဇံဗုဒီပသိ
မိသာ ဒေဝေဟိ။ ပကမသ ဟိ ဣယံ ဖလေ။ နော ဟီယံ သကျေ မဟာ တ္ပေနေ၀ ပါပေါတဝေ။ ကာမံတု ခေါ ခုဒကေနပိ
ပကမမိဏေဏ ၀ိပုလေ သွဂေ သကျေ အာရာဓေတဝေ။ ဧတာယဌာယ ဣယံ သာဝဏေ သာဝါပိတေ
ယထာ ခုဒကာ စ မဟာတ္ပာ စ ဣမံ ပကမေယု တိ အံတာ စ မေ ဇာနေယု စိရဌိတီကေ စ ဣယံ
ပကမေ ဟောတု။ ဣယံ စ အဌေ ၀ဎိသိတိ ၀ိပုလံ ပိ စ ၀ဎိသိတိ အ၀ရဓိယာ ဒိယဎိယံ
ဝဎိသိတိ။ ဣယံ စ သာဝဏေ သာဝါပိတေ ၀ျုထေန ၂၀၀ ၅၀ ၆
သုဝဏ္ဏ-ဂိရိမြို့၌ တည်နေ၍့ အရှင် မင်းတြား၏ သားတော် စကား, အမတ်ကြီးတို့၏ စကားဖြင့် ဣ(သိ) လ၀သိ အမတ်ကြီးသည် မပျက်မကွက် လိုက်နာရမည်၊ မင်းတကာတို့ ချစ်ကြည် လေးစားအပ်သော အသောကမင်းတြားကြီး ဤသို့ မိန့်ကြားတော်မူပြီ၊ ငါ မင်းမြတ်သည် လက်မွန်မဆွ ၂နှစ်ခွဲးကျော် ကာလပတ်လုံး ရတနာ ၃ပါးကို ကိုးကွယ် ဆည်းကပ်သော ဥပါသကာဖြစ်သော်လည်း မြဲးစွဲးစွာ ဆည်းကပ်သော ဥပါသကာ တဦးကား မဟုတ်သေးချေ၊ တနှစ်ကို လွန်သောအခါ၌ကား ငါ, မင်းမြတ်သည် သံဃာတော်များထံ ဆည်းကပ်လေသော်, ၎င်းတို့ထံလည်း ငါမင်းမြတ်သည် မြဲးစွဲးကောင်းမွန်စွာ ကပ်ရောက်လေသော်, ဤအခါ၌ကား (ရှေးအခါ) ဤဇမ္ဗူဒိပ်ကျွန်း၌ လူမျိုးလူဇတ်ဖြစ်လျက် နတ်တို့နှင့် နှီးနှောနိုင်ခြင်းကား ဤလူ့အဖြစ်က အားထုတ်ခြင်း၏့ အကျိုးတည်း၊ ထိုသို့သော အကျိုးကို ကြီးကျယ် မြောက်မြားသော လုံ့လဖြင့်သာ ရရောက်ရန် စွမ်းနိုင်ကြသည် မဟုတ်ကုန်, သေးငယ်နုံနဲ့သော အားထုတ်ခြင်းဖြင့်လည်း ပြန့်ပြော ကြီးကျယ်သော ချမ်းသာကို ရ၍့ နတ်ပြည်၌ နစ်ခြိုက်ရန် စွမ်းနိုင်ကုန်၏၊ ဤအတ္ထုပ္ပတ်တို့ကို ကြားသိတော်မူရ၏။
ငါမင်းမြတ် ကြားသိတော်မူရသကဲ့သို့ (ဤလူ့ပြည်၌) ငယ်ရွယ်သူ ဖြစ်စေ, အိုမင်းသူဖြစ်စေ ဤနတ်ရွာ ရောက်ကြောင်းတရားကို အားထုတ်ကြစေ၊ ထို့အတိုင်းလည်း ငါ့စကားကို သိနားလည်ကြစေ၊ ဤနည်းကိုသာ ပြုလုပ်၍့, ရှည်မြင့်စွာ အားစိုက်ကြစေ၊ ယင်းသို့ အားထုတ်ခြင်းသည် ထိုအကျိုးကို တိုးစေလတ္တံ့၊ နှစ်ဆထပိုး တိုးတက်ပြန့်ပွားသော အကျိုးကိုလည်း တိုးတက် ပွားစီးစေလတ္တံ့၊ မချွတ်လျှင် ၂ဆ ထပိုး တိုးပွားလတ္တံ့၊ ဤသို့သော အကြောင်းအရာကို တောင်တို့အထက်၌ ရေးသား တည်ထားအပ်၏၊ (၀ါသတဟဓ) အရပ် ကျောက်တိုင်ထက်၌ ရေးသားစေအပ်၏၊ ဤသို့သော တရား သိမှတ်ကြောင်း စာတော်ဖြင့်လည်း (တွေ့မြင် သိနားလည်သမျှ သူတို့သည် ပြုကျင့် လိုက်နာစေသတည်း၊ ဤမိန့်မြွက်ချက် တရားစာတော်ကို ထုတ်ပြန်ပြီးလျှင်, ပြောကြားစေခြင်း, ပြောကြားရန် အားထုတ်စေသူ ထားရှိစေခြင်း-- ဤနှစ်မျိုးကို ပြည့်စုံစွာ အမြဲး အခိုင် အားထုတ် နှိုးဆော်စေရန် မြဲးစွဲးစွာ ထားရှိစေ၏၊ ဤအဓိပ္ပါယ်ကို တောင်ထက်တို့၌ လည်းကောင်း ထိုအတူ ကျောက်တိုင်တို့၌လည်းကောင်း ရေးသားစိုက်ထားစေအပ်၏။……
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)
သုဝဏ္ဏပြည်ရှိ အသျှင် သားတော်နှင့် အမတ်ကြီးတို့၏ စကားဖြင့် ဣသိလပြည်ရှိ အမတ်ကြီးတို့အား ကျန်းမာကြောင်း နှုတ်ဆက်ပြီးသော် ဤသို့ မိန့်ကြားရာ၏။
နတ်တို့ချစ်မြတ်နိုးသော မင်းကြီး အမိန့် ထုတ်ပြန်တော်မူလိုက်သည်မှာ--
ငါသည် နှစ်နှစ်ခွဲကျော်မျှ ဥပသကာ ဖြစ်ခဲ့သော်လည်း တစ်နှစ်တာမျှ ကောင်းစွာ အားမထုတ်ခဲ့ချေ။ သို့ရာတွင် တစ်နှစ်ကျော်လောက်က သံဃာတော်အား ဆည်းကပ်ပြီးသော် ကောင်းစွာ အားထုတ်ခဲ့လေပြီ။ ဤမျှတိုင် ကာလအတွင်း ဇမ္ဗူဒီပါကျွန်း၌ လူတို့သည် နတ်တို့နှင့် နှီးနှောခြင်း မရှိခဲ့ဖူးသော်လည်း ယခု နတ်တို့နှင့် နှီးနှောလျက်ရှိချေပြီ။ ဤကား ငါ၏ လုံ့လအကျိုးပေတည်း။ ဤအကျိုးကို ကြီးမြင့်သူတို့သည်သာ ခံစားနိုင်သည် မဟုတ်၊ သေးငယ်သူတို့ပင်လည်း ကြိုးစားအားထုတ်ခြင်းဖြင့် ကြီးကျယ်သော နတ်ပြည်စည်းစိမ်ကို ခံစားနိုင်ချေ၏။
ဤအလို့ငှာ ဤစာတမ်းကို ထုတ်ပြန်တော်မူသည်။ သေးငယ်သူတို့သည်၎င်း၊ ကြီးမြင့်သူတို့သည်၎င်း ဤညွှန်ကြားချက်အတိုင်း ကြိုးစားအားထုတ်ကြကုန်လော့။ ငါ၏နိုင်ငံအစွန်အပသားတို့သည်လည်း ဤအကြောင်းကို သိကြပါစေကုန်သတည်း။ ဤသို့ အားထုတ်ခြင်းသည်လည်း ရှည်မြင့်စွာ တည်ပါစေသတည်း။ ဤလုပ်ငန်းစဉ်သည်လည်း ပွားတိုးလတံ့။ ဖွံ့ဖွ့ံဖြိုးဖြိုးပင် ပွားတိုးလတံ့။ ယုတ်ဆွအဆုံး နှစ်ဆခွဲမျှပင် ပွားတိုးလတံ့။
ဤပြန်တမ်းကို တိုင်းခမ်းလှည့်လည်စဉ် ၂၅၆ကြိမ်တိုင် ထုတ်ပြန်ခဲ့လေပြီ။
(အသောကကျောက်စာများ-ဦးဖိုးလတ်)
သုဝဏ္ဏဂိရိမှ မင်းသားနှင့် အမတ်ကြီးတို့၏ စကားဖြင့် ဣသိလပြည်ရှိ အမတ်ကြီးတို့အား ကျန်းမာခြင်း သတင်းကို မေးပြီး ဤစကားကို ပြောကြားကြလော့။
ဒေ၀ါနံ ပိယ မှာကြားလိုက်၏။ ငါသည် ၂နှစ်ခွဲ အလွန်က တပည့်သာဝက ဖြစ်ခဲ့သော်လည်း ကောင်းစွာ ကြိးစား အားထုတ်ခြင်း မရှိခဲ့။ ၁နှစ်ခွဲအလွန်မှ သံဃာကို ကိုးကွယ်ဆည်းကပ်ပြီး ငါသည် ကောင်းစွာ ကြိုးစားအားထုတ်၏။ ဤအတွင်း ဇမ္ဗူဒီပါကျွန်းမှာ နတ်တို့နှင့် အဆက်အသွယ် မရှိခဲ့၊ ယခုအခါ ဆက်သွယ်နှီးနှောနေ၏။ ယင်းသည် ငါ၏ ကြိုးစားအားထုတ်ခြင်း အကျိုးကျေးဇူးပင်ဖြစ်၏။ ဤအကျိုးကို လူကြီးတို့သာ ရသည်မဟုတ်၊ လူငယ်သည်လည်း ကြိုးစားအားထုတ်လျှင် ပြန့်ပြောသော နတ်စည်းစိမ်ကို ခံစားနိုင်၏။
ဤအကျိုးတရားကို ကြားသိစေရန် ဤစကားကို ပြောကြားခြင်းဖြစ်၏။ သို့ကြောင့် လူငယ်ဖြစ်စေ, လူကြီးဖြစ်စေ ကြိုးစားအားထုတ်ကြလော့၊ ပြည်နီးချင်း မင်းတို့လည်း ကြိုးစားအားထုတ်ကြလော့၊ ကြာရှည်စွာ အားထုတ်ကြလော့၊ သို့ဖြင့် ဤအကျိုးတရား ကြီးပွားပြန့်ပြော တိုးတက်လိမ့်မည်။ အယုတ်ဆုံး တဆခွဲမျှ တိုးပွားလိမ့်မည်။ ၂၅၆ကြိမ်မြောက် တိုင်းခမ်းလှည့်လည်ရာ၌ ဤစကားကို ကြားသိစေ၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)
'His Sacred Majesty (Devdnanpiya) gives these instructions: “For more than two-and-a-half years I was a lay disciple, without, however, exerting myself strenuously. But a year in fact, more than a year ago I entered the Order, and since then have exerted myself strenuously.
During that time the men in India who had been unassociated with the gods became associated with them. For this is the fruit of exertion. Nor is this to be attained by greatness only, because even by the small man who chooses to exert himself, immense heavenly bliss may be won. For that purpose has this proclamation been proclaimed: ' Let [small] and great exert themselves to this end.'
My neighbors, too, should learn this lesson, and may this lesson long endure! And this purpose will increase-- yea, it will increase vastly, at least half as much again will it increase." And this proclamation was proclaimed by the body of missioners (vyuthena), [to wit], 256 [persons].'
(Asoka, the Buddhist Emperor of India- V. A. Smith)
Under the instructions of the Prince (aryaputra) and Ministers (mahamatras) from Suvarnagiri, the Ministers of Isila are to be wished good health and then addressed as follows: Thus ordains His Sacred Majesty : For more than two years and a half that I had been a lay-disciple (upasaka), I had not exerted myself well. But a year indeed, for more than a year that I visited the Samgha, I exerted myself greatly. Thus during this time the people in Jambudvipa who had remained unassociated with the gods became associated with the gods. Of exertion, indeed, is this the result! But this cannot be attained by the great alone. For the small, too, can attain to a wide heaven of bliss by sustained exertion.
For this purpose has this message been proclaimed that (the small) along with the great may exert themselves in this manner, and that even my frontagers, may know (it), and that this exertion may be of long duration. Nay, it shall increase, shall immensely increase, it shall increase by at least one and a half times. And this message has been caused to be proclaimed 256 times by the king on tour.
(Asoka-R.K. Mookerji)
By order of the prince-viceroy and the mahamatras from Suvanagari, the mahamatras at Isila are to be asked of good health and addressed thus: “The Beloved of the Gods sath: For more than two years and a half that I am lay devotee. I have not exerted much myself for a year; but of course, for more than one year that I have passed in the Samgha, I have exerted myself much.” During this interval, however, people who were not mixed, were caused to be mixed with the Gods throughout Jambudviapa. For, this is the consequence of exertion. This is not possible only for the higher officers to achieve, but of course it is possible for a lower (officer), if he exerts himself, to cause (men) to attain much divine pleasure. This announce has been made for this purpose, in order that the lower and the higher (officers) will exert themselves for this (end), that my neighbors too, may understand this, and that this exertion may live for a long time. And this object will grow, and will grow immensely, will grow (at least) one and half fold. And this has been caused to be heard when there have passed 256 days (of my tour.)
(Inscriptions of Asoka- N. P. Rastogi)
By command of the Prince Viceregent and the Mahamatra from Suvarnagiri the Mahamatra at Isila should be asked: (their) health, and (then) addressed as follows: “The Beloved of the Gods sath: ‘It is more than two years and a half that I am a lay worshipper. I did not exert myself strenuously for one year: but, indeed, more than one year that I have lived with the Samgha, I have exerted myself strenuously. During this period, however, men who were unmixed, were caused to be mixed, with gods throughout Jambudvipa. [R.—During this period gods, who were unmixed, were caused to be mixed (with men), throughout Jambudvipa.] For this is the fruit of exertion. This is possible not only for the superior (official) to achieve, but indeed it is possible for even a subordinate one, if he exerts himself, to cause (people) to attain much heavenly bliss. For this purpose this proclamation has been made; in order that the subordinate ones and the superior ones shall exert themselves to this (end), that my neighbors should know this and that this exertion may long endure. And this object shall grow, indeed shall grow profusely, shall grow (at least) one-and-half fold. And this discourse has been caused to be heard when there had elapsed 256 (years)’.”
(Asoka- D.R. Bhandarkar)
Tuesday, June 17, 2008
အသောကရဲ့ အက္ခရာများ-၁ရ
Labels:
ကူးယူဖော်ပြချက်,
သမိုင်း,
အသောကကျောက်စာ
Subscribe to:
Post Comments (Atom)
1 comment:
လိုက်လို့ မကုန် နိုင်အောင် ပါပဲ .. ရင်းနှီးခဲ့တဲ့ နှစ်တွေ ကလည်း နည်းမှ မနည်းတာပဲ :)
Post a Comment